ပြိုခါနီးဆဲဆဲ(မင်းခိုက်စိုးစံ)

Поділитися
Вставка
  • Опубліковано 29 вер 2024
  • ပြိုခါနီးဆဲဆဲ
    ______________________________
    မင်းခိုက်စိုးစန်
    (၁)
    လမ်းက အရမ်းဟောင်းသွားခဲ့ပြီ
    ငါတို့က ဖိနပ် ကောင်း မကောင်း ငြင်းနေတုန်း ...
    အမုန်းတွေထဲမှာ
    အရာရာဟာ ပြိုခါနီးဆဲဆဲ ...။
    (၂)
    လမ်းဘေးကစားပွဲရဲ့ ထုံးစံ
    အငြင်းသန်သူက အနိုင်ရတယ် ..
    ဒီလိုနဲ့ပဲ .. ငါတို့ ငြင်းခဲ့ကြ
    ဒီလိုနဲ့ပဲ .. ငါတို့ ဘယ်ကိုမှ မရောက်ကြ
    လမ်းကတော့ ပြိုခါနီးဆဲဆဲ ...။
    (၃)
    ဆေးရုံမှာ ကိုယ့် တိုကင်နံပါတ်ကို နားစွင့်ရ သလိုမျိုး
    နင် နဲ့ ငါ ရဲ့ အနာဂတ်ကို တထိတ်ထိတ် စောင့်နေရ ...
    သစ်ရွက်ပေါ်က လျောကျတော့မယ့် ရေတစ်စက်လို
    ပျော်ရွှင်မှု ဟာလည်း ပြိုခါနီးဆဲဆဲ ...။
    (၄)
    နင် နဲ့ ငါ ရှင်သန်ရပုံက
    ပြဇာတ်ထဲက ဗီလိန် နဲ့ တူတယ် ..၊
    တအားကို ကြိုးစားလိုက်တော့
    ကြိုးစားတဲ့ ဗီလိန် ဖြစ်သွားတယ် ..၊
    ဘယ်ခါမှတော့ မင်းသား ဖြစ်ရမှာ မဟုတ်ပေဘူး ...
    မင်းသား လုပ်တတ်တဲ့သူတွေကျတော့
    ဘယ်ခေတ်မှာပဲ က.. က
    မင်းသားပဲ အမြဲလုပ်ရတယ် ...
    သစ်ခုတ်သမားတွေဟာ ပြိုခါနီးဆဲဆဲ ...။
    (၅)
    နင်က .. လမ်းဟောင်းတယ် ဆိုပြီး
    လမ်းကို ခေါင်းပေါင်း အသစ် ပေါင်းပေးတယ် ..၊
    ငါက .. လမ်း အစုတ်ကို
    ဆေးအသစ် နဲ့ သုတ်ဖို့ ကြိုးစားတယ် ..၊
    ပြီးတော့
    လမ်း မသစ်လို့ ဆိုပြီး
    တစ်ယောက်ကို တစ်ယောက် အပြစ်တွေဖို့ကြတယ် ..
    နားလည်မှုတွေဟာ ပြိုခါနီးဆဲဆဲ ...။
    (၆)
    ကောင်မလေး ရေ ..
    ငါ ဖွင့်တဲ့ တံခါး ကို နင် မ၀င်ချင်သလို
    နင် ပြောတဲ့ စကားကိုလည်း ငါ ငြိုငြင်ချင် ငြိုငြင်မယ် ..
    နင် သောက်တဲ့ ဆေးက ငါနဲ့ မတည့်သလို
    ငါ တွေးတဲ့ အတွေးကလည်း နင်နဲ့ တည့်ချင်မှ တည့်လိမ့်မယ် ..
    ဒါပေမယ့် တစ်အိမ်တည်း အတူနေရင်တော့
    ဒီအိမ်မှာ မိုးယိုရင်
    နင်ရော ငါရော စိုရမယ် ...
    နံရံအိုတွေဟာ ပြိုခါနီးဆဲဆဲ...။
    (၇)
    ကလေးအသား ခါး ဖို့
    ခွေးသား ကို ချိုတယ် ပြောနေရတာတွေ
    တော်သင့်ပြီ ...
    တိုင်းပြည်ကလည်း ကြိုးဝိုင်းထဲမှာ
    (၃) မိနစ် အနားတောင်းလို့ မရတော့တဲ့
    အချိန် ရောက်ပြီ ...
    ကဲ .. ကိုယ့် အလံ ကိုယ် တစ်၀က်ချ
    ငါတို့ နှစ်ယောက်စလုံး ကမ်းပြိုသင့်ရင် ပြိုရမယ် ...
    ဒီ အချိန်ဟာ လမ်းကို အသစ်ဖောက်ဖို့
    အရေးကြီးနေလို့ ပါကွယ် ...။
    မင်းခိုက်စိုးစန်
    #poems
    #audiolibrary
    #saiphyowai #ကဗျာရသ #Poems #Poetry #SimerjeetSingh #Motivation #MotivationalPoem #MotivationalPoetry #MyanmarPoems

КОМЕНТАРІ •