ညိုးလိုက်ပါနဲ့ မိုးအမ္ဗုန်ရယ်/ဆို-သိန်းတန်(မြန်မာပြည်)/myanmar pyi thein tan songs
Вставка
- Опубліковано 7 лис 2024
- ညိုးလိုက်ပါနဲ့ မိုးအမ္ဗုန်ရယ်
ဆို-သိန်းတန်(မြန်မာပြည်)
[(မှုန်ပြာရီ မိုးရာသီ အနောက်ဘက်နဲ့တောင်လေရင်း တိုက်ဆော်သွင်း ရွှေမိုးမင်းက မာန်ဟုန်ချီ
စွေဖြိုးရင်းပ အမ္ဗုန်စီ ဂျိုးဂျိန်းသံ ညံညံစီ
မိုးခြိမ်းတဲ့ ဝသန်ကာလမီ)၂
(ဥတုသရမ်းလို့ ချမ်းရှာလိမ့်မည်
ချစ်သူစီမှန်းလို့ တမ်းကာတသည်)၂
(ဒေဝါသိကြားမင်းနဲ့ အသူရာမင်းစစ်ခင်းတဲ့အခါ
မိုးဒေဝါ ဖြိုးစွေရွာ အညှိုးတွေပါလာတော့သည်)၂
လျှပ်ရောင်တွင် ပြင်း လင်းကနဲဝင်းကနဲ အတင်းပဲ
ကြောက်ရွံ့ရှာလိမ့်မည် အရေးမယူမီ ဖေးကူမည်
မျှော်ကာ တွေးပူသည် ဖော်ကွာဝေးသူစီ]၂
[မိုးတိမ်ဝဠာ ဖြိုးမှိန်ကာ အာကာပြင်မှာ
ပြာပြာညိုရောင်ထဲ မဲပြာရီ
(စက်ရာဆောင်ဗွေခန်းစီ မက်စရာမောင်ဖေ ဖမ်းချီ
မိုးမင်းကခြိမ်းလိုက်ရင်မောင်ဖက်ကာ ထိန်းရသည်)၂
မကြောက်လိုက်ပါနဲ့ ကေသီဒေဝီ တမော့မော့
ကြူကာပလီ တစ်ကြော့နှစ်ကြော့ မြူကာအတည်
တစ်မြေစီ တစ်ရွာစီ ခြားခဲ့ရပြီ ခုနေခါအတည်
အနားမှာရှိပါရစေ(စီ) အရေးမယူမီ ဖေးကူမည်
မျှော်ကာ တွေးပူသည် ဖော်ကွာဝေးသူစီ]၂
🎸မူရင်းတင်သူများအား Credit ပေးပါသည်🎸𝕬𝕾𝖔𝖒𝖆