မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ရုံးများကို ဖျက်ဆီး

Поділитися
Вставка
  • Опубліковано 16 вер 2024
  • မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို PDF ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ရုံးများကို မီးရှို့ဖျက်ဆီး
    ပါခွီး
    မဇ္ဈိမ။ ။မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်ခဲ့ပြီး မြို့အတွင်းမှရုံးများကို ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း တမာမြေပြောက်ကျားတပ်ဖွဲ့(မြိုင်)ထံကသိရသည်။
    မြိုင်မြို့အရှေ့ဘက် မြိုင်-ပခုက္ကူလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီဂိတ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စက် တင်ဘာလ ၇ ရက် နံနက် ၇ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    တနာရီကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနေထိုင်သော နှစ်ထပ်တိုက်ဘန်ကာကို သိမ်း ပိုက်နိုင်ခဲ့ပြီး အခြားဘန်ကာကိုဖြိုရန် လက်နက်ကြီးအင်အားနည်းကာ ကျည်မလုံလောက်သဖြင့် ပြန် လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။
    “စစ်ကောင်စီတပ်သား သေဆုံးတယ်ဆိုတာ အတည်ပြုလို့ရပါတယ်။ မြို့ပေါ်နေတွေထဲမှာ ကျွန်တော်တို့ ကို သတင်းပေးနေတဲ့ ဖရဲသီးရှိပါတယ်၊ အသေးစိတ်ကိုတော့ ပြောလို့အဆင်မပြေပါဘူး” ဟု တမာမြေ ပြောက်ကျားတပ်ဖွဲ့(မြိုင်)တာဝန်ခံကိုသိန်းနက်က မဇ္ဈိမကိုပြောသည်။
    ဒေသခံတပ်ဖွဲ့အများအပြားဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ကျည်မလုံလောက်၍ ဘန်ကာတခုကို သာ ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
    စစ်ကောင်စီဂိတ်အားတိုက်ခိုက်ပြီးနောက်တွင် မြို့တွင်းရှိ စည်ပင်၊ ဥပဒေနှင့် ကြံ့ခိုင်ရေးရုံးများကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကိုသိန်းနက်က ဆက်ပြောသည်။
    အဆိုပါတိုက်ခိုက်မှုကို တမာမြေပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့၊ M.V.P Revolution Force ၊ မြိုင် ပ.က.ဖ ၊ မုံရွာခရိုင်တပ်ရင်း(၂၇) တပ်ခွဲ(၃) သိန်းငှက်တပ်ဖွဲ့၊ အညာမြေတပ် ပေါင်းစု၊ ဆင်ရိုင်းရာဇာ၊ God if Myaing ၊ တပ်ရင်း(၁၆) တပ်ခွဲ(၃)၊ Anya Myay Guerilla Force Myaing၊ Corba People Defense Force ၊ ကိုမုဆိုးအဖွဲ့၊ PKU Underground Force ၊ ဓါးမင်းကြီးတပ်ဖွဲ့၊ ဂဠုန်တပ်ရင်း(၁) တပ်ခွဲ(၂)နှင့် မြိုင်မြို့နယ်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
    မြိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများ အင်အား ၈၀ ခန့်ဖြင့် တပ်စွဲထားပြီး ဒေသခံ အများစုမှာ စစ်ဘေးတိမ်းရှောင်သွားကြပြီး စစ်ကောင်စီမိသားစုဝင်နှင့် နီးစပ်သူများသာ နေထိုင်လျက်ရှိ ကြောင်း တမာမြေပြောက်ကျားတပ်ဖွဲ့တာဝန်ခံက ပြောသည်။
    မြိုင်မြို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်များ၌ နေအိမ်များအားမီးရှို့ကာ ပြည်သူများကိုဖမ်း ဆီးသတ်ဖြတ်ခြင်းများပြုလုပ်လေ့ရှိပြီး လတ်တလောတွင်စစ်ကြောင်းမရှိသလို မြို့ပေါ်နေတပ်များ အပြင် မထွက်ရဲဘဲ တပ်တွင်း၌သာ နေထိုင်လျက်ရှိကြောင်း သိရသည်။
    စာတည်း။ ။စောဖေ
    ရုပ်သံအညွှန်း -စက်တင်ဘာလ ၇ရက်နေ့ မြိုင်မြို့ပေါ်တိုက်ခိုက်မှုမြင်ကွင်း/ရုပ်သံ - M.V.P Revolution Force၊
    #မကွေးတိုင်း
    #မြိုင်မြို့
    #တမာမြေပြောက်ကျားတပ်ဖွဲ့(မြိုင်)
    -----------------------------------------
    Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ t.me/mizzimatv
    လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ bit.ly/2VhJ12U or tinyurl.com/do...
    Subscribe our channel:
    / @mizzimanewstv
    Follow us:
    Facebook | Myanmar Language / mizzimadaily
    Facebook | English language / mizzimamyanmarnews
    Facebook | Mizzima+TV / mizzimaplustv
    Twitter / mizzimanews
    Telegram t.me/mizzimatv
    Sportify open.spotify.c...
    Mizzima TV App onelink.to/jnuwak
    Mizzima Weekly Analysis & Insight Digital Magazine Subscription : mizzimadailyne...
    Website : www.mizzima.com
    .....................
    About us:
    Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

КОМЕНТАРІ • 20

  • @user-zx7py7fc3m
    @user-zx7py7fc3m 7 днів тому +4

    ဘေးကင်းပါစေ

  • @DioooDiioo
    @DioooDiioo 7 днів тому +6

    သူရဲကေါင်များအားလုံးဘေးရန်ကင်းရှင်းတိုက်ပွဲတိုင်းအောင်ပန်းဆွတ်ခူးနနိုင်ကြပါစေ။တရားသောစစ်မုချအောင်ရမည်။

  • @NewNweWin-ds4ge
    @NewNweWin-ds4ge 7 днів тому +5

    အချို့ ကလေးလေးတွေက ကျည်ကာမပါ အုပ်ထုပ်မပါနဲ့ စိတ်တေပူလိုက်တာ

  • @soesoe-fx1mg
    @soesoe-fx1mg 7 днів тому +3

    ပုဆိုးကွင်းသိုင်းပြီးတော့ကို ဆော်နေတာ ဂရုစိုက်ပါ ငါတို့ သူရဲကောင်းတွေ😍 ဘေးကင်းပြီး တိုက်ပွဲတိုင်း အောင်မြင်ကြပါစေ😍

  • @user-qs7yw9qe4m
    @user-qs7yw9qe4m 7 днів тому +4

    အပြာနဲ့ကလေးသတိရှိပါ ကျည်ကာမပါဘဲအတင့်မရဲပါနဲ့ကလေးရေ့ အားလုံးဘေးရန်ကင်းကြပါစေ

  • @MINMin-mw5kj
    @MINMin-mw5kj 7 днів тому +2

    မဂ်လာပါဗျ

  • @user-et6hs2xu8v
    @user-et6hs2xu8v 7 днів тому +3

    ❤❤❤❤ တော်လှန်နေ့လည်ခင်းပါ💪 ❤❤❤❤

  • @NewNweWin-ds4ge
    @NewNweWin-ds4ge 7 днів тому +3

    ကလေးတို့ရေ အထူးဂရုစိုက်ကြပါနော် ဘေးကင်း ကျမ်းမာ အောင်မြင်ပါစေ

  • @steelrose5122
    @steelrose5122 7 днів тому +1

    မြိုင် သူရဲကောင်းPDF ဘေးကင်းပြီး အောင်ပွဲများတက်တိုက်ရပါစေ၊ ကလေးတွေကငယ်ကြပြီး ရဲစွမ်းသတ္တိ ကထက်လွန်းနေတော့ အစစ အရာရာ သတိနဲ့တိုက်ပါ အတင့် မရဲစေချင်ပါဘူး၊ငယ်သေးတော့ တအားတက်ကြွနေတဲ့ကလေးတွေရဲ့ နိုင်ငံကောင်းဖို့ အတွက်ပြည်သူတွေကိုနည်းပေါင်းစုံဒုက္ခ ပေးနေတဲ့ စစ်ခွေးတွေ ကိုချေမှုန်းနေတဲ့သူရဲကောင်းလေးများအား အထူးဂုဏ် ယူလေးစားပါတယ်၊🫰🫰🫰🫰🫰🫰🫰🫰🫰🫶🫶🫶🫶🫶🫶🫶❤️❤️❤️❤️❤️❤️❤️❤️❤️

  • @hlainghlaing4413
    @hlainghlaing4413 7 днів тому +2

    သတိကြီးကြီးထားပါ ကလေးတို့ မြိုင် pdf

  • @လရိပ်-ဝ၃ဂ
    @လရိပ်-ဝ၃ဂ 7 днів тому

    ကိုယ်ကျိုးမဖက်အများအတွက်အနစ်နာခံစွန့်လွှတစွန့်စားမြင့်မြတ်တဲ့တစ်နိုင်ငံလုံးမှာရှိတဲ့ pdf က​လေး​တွေ​ဘေးရန်ကင်းပြီးတိုက်ပွဲတိုင်း​အောင်မြင်ပါ​စေ၊ရန်သူ့ကျည်မထိပါ​စေနှင့်၊မိသားစုနှင့်အမြန်ဆုံး​ပျော်ရွှင်စွာပြန်​နေရပါ​​စေလို့ဆု​တောင်းလိုကွပါတယ်

  • @saypin670
    @saypin670 7 днів тому

    ဒါမျိုးဆို သဘောကျ ဗုံးလည်းကြဲရော စစ်တပ်ပြည်သူကို သတ်တာလို့မအော်နဲ့ သူ့အလှည့်ကိုယ့်အလှည့် အလှည့်ကျရင်မနွဲ့ စတမ်း

  • @uts9131
    @uts9131 6 днів тому

    ဂွတ်

  • @freemanmooremyanmar
    @freemanmooremyanmar 7 днів тому

    စကစလည်း အောက်ခြေကို ပက်ပက်စက်စက် ထိုးကျွေး...
    အောက်ခြေတပ်သားတွေကလည်း ရွေးစရာမရှိ..

  • @JiJk-f3e
    @JiJk-f3e 7 днів тому +2

    အားလုံးဘေးကင်းကြပါစေမြိုင်pdfကလေးတို့ရေ

  • @MyoMinAung-ck3gn
    @MyoMinAung-ck3gn 7 днів тому

    သေနတ်က အဲ့လိုပစ်နေရင်မှန်မှာတဲ့လား

  • @kokothu-g6o
    @kokothu-g6o 7 днів тому

    ပဒတ်တွေဖင်ယားချက်9+

  • @user-un9gv4we7f
    @user-un9gv4we7f 7 днів тому

    Please take care guys
    We love you all❤❤❤❤

  • @minlwin6312
    @minlwin6312 7 днів тому

    မမကိုချစ်တယ်ဘာမှမသိဘူးကွယ်

  • @maMa-v2r
    @maMa-v2r 7 днів тому

    တိုင်းပြည်ဖျက်စီးတဲ့သူပုန်များကိုယ့်ကိုမန်တက်မနေကြနဲ့မကြာခင်ပြာဖစ်မယ်သူပုန်များသေတွင်းထဲသွားချိန်အဖေအမေတောင်ခေါ်ခွင့်မရလိုက်တဲ့သူပုန်များ