November 5, 2023

Поділитися
Вставка
  • Опубліковано 16 жов 2024
  • May 22 , 2016
    “ ချစ်သော ရိုစီအတွက် နှလုံးသားတစ်စုံရယ် နားကြပ်တပ်ထားတဲ့ ဖုန်းလေးတစ်လုံးရယ် .. ဒါပဲ ”
    မိမိကိုယ်ကို စေ့စေ့ငှငှ ပြန်ဆန်းစစ်ကြည့်တော့ ကိုယ့်ကိုကိုယ် ပြန်လည်ရှာဖွေ တွေ့ရှိတယ် ။ ဟုတ်ပါတယ် ကျွန်တော်က ကဗျာဆရာ ၊ စာရေးဆရာတစ်ယောက် မဟုတ်သလို အခြားအနုပညာ ဖန်တီးမှုတွေကို လုပ်နိုင်စွမ်းရှိသူ တစ်ယောက်လည်း မဟုတ်ပြန်ဘူး ။ ဒါပေမယ့် သေချာပါတယ် .. ကျွန်တော်
    ကဗျာတွေကို ချစ်တယ် ၊ ရသ စာပေတွေကို မြတ်နိုးတယ် ၊ သံစဉ်တေးသွားနဲ့ အခြားအနုပညာ မှန်သမျှကို နှစ်သက်စွဲလန်းလွန်းသူ ။
    ကမ္ဘာကြီးကို နေ့စဉ်နှင့်အမျှ တံခါးခေါက်နေတဲ့ နည်းပညာခေတ်ကြီးထဲက လူငယ်တစ်ယောက်အနေနဲ့ အချိန်နဲ့ ငွေကို ချိန်စက်ပြီး .. စက်ရုပ်ဆန်ဆန် လှုပ်ရှားနေကြရတဲ့ ပြည်ပနိုင်ငံတစ်ခုမှာ အလုပ်လုပ်ရင်း ဖေ့စ်ဘုတ်လည်းသုံးတယ် ။ ကျွန်တော့် ပုံရိပ်ကောက်ကြောင်းက ဒါပဲ ။ ဒီထက်ပို ပြောပြစရာရယ်လို့ မယ်မယ်ရရ သိပ်မရှိပါဘူး ။ လေလောဆယ် ပြောပြချင်တာ တစ်ခုတော့ရှိတယ် ။ စိတ်ဝင်စားတယ် ဆိုရင်ပေါ့လေ , အဲဒါက ...
    ပြီးခဲ့တဲ့ လအပိုင်းအခြားလောက်က ကဗျာလေးတစ်ပုဒ်ဖတ်ရတယ်, “ ရိုစီ ” တဲ့ ။
    “ ကျွန်မလား
    ဘယ်တော့မှအလုပ်ကိုဝတ်ကျေတန်းကျေ မလုပ်ဖူး
    မတန်ဘူးထင်ရင်
    ရှင့်ပိုက်ဆံရဲ့နှစ်ဆပြန်ယူသွားလို့  ရတယ်
    တစ်ခုပဲ
    နည်းနည်းလေးမှ အနိုင်မကျင့်နဲ့ 
    ခဲတံနဲ့ လည်း လေပြွန်ဖောက်ပစ်လိုက်လို့  ရတယ်
    စီးကရက်အစီခံ မီးတို့ ပြီး ပြားလိုက်ရင်
    လည်ပင်းကအသားကိုလှီးလို့  ရတယ်
    တစ်ယောက်တည်းရပ်တည်နေတာ
    ရှင့်ဘက်ကသာ ယဉ်ကျေးလိုက်
    အသည်းခိုက်သွားစေရမယ် ... ”
    ဆရာ ကိုဇော်( ကလေးမြို့  ) ရေးသားတဲ့ “ ရိုစီ ” .. ဒီ ရိုစီ ကဗျာလေးက ခံစားသူတော်တော်များများရဲ့ ရင်ဘတ်တွေကို တဒိုင်းဒိုင်းနဲ့ ဆွဲဖွင့် လှုပ်ခတ်သွားတယ် ။ အဲဒီထဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေလည်းပါတယ် ။ ရိုစီကို အကြိမ်ကြိမ် ပြန်ဖတ်ခဲ့ကြတယ် .. အထပ်ထပ် ခံစားကြပြန်တယ် ။ သေချာတယ် ကျွန်တော်တို့ ဆန္ဒတွေ သွေးမတိတ်ခဲ့ဘူး ။ ကဗျာထဲက ရိုစီနဲ့ အဓိကဇာတ်ကောင်တို့ရဲ့ စကားသံတွေကြားထဲမှာ ကျွန်တော်တို့ ကိုယ်တိုင်ပါ ပြင်းပြင်းရှရှ ထိစပ်ခွင့် ရချင်လာတယ် ။ ဒါပေမယ့် ကျွန်တော်တို့မှာ အခက်အခဲလေးတွေရှိနေတယ် ။ အဲဒီအခက်အခဲတွေကို ဆရာပိုင်သစ်နွယ်ကပဲ ကြားကနေ ဖြည့်ဆည်းပေးပြီး ရိုစီကို အသံထွက်ကဗျာအနေနဲ့ ရွတ်ပေးဖို့ ကျွန်တော်တို့ဆီ ယူဆောင်လာခဲ့တယ် ။ တကယ့်ကို အတိုင်းအဆ မရှိပါပဲ ။
    ဒီကဗျာထဲမှာ လိင်အလုပ်သမလေး ရိုစီနဲ့ ခေတ်ဆိုး စနစ်ဆိုး , ပိန်းပိတ်အောင်မှောင်နေတဲ့ ဝါဒဆိုးကြီးထဲမှာ ပိတ်လှောင် အကျဉ်းကျနေတဲ့ လူရွယ်လေးတို့ရဲ့ အသံတွေ အသံတွေ .. ကဗျာတစ်ပုဒ်လုံးက အမှန်တရားတွေနဲ့ဘဲ ပဲ့တင်ညံနေတယ် ။ အခြား လိမ်အလုပ်သမလေးတွေကို ခံစား ရေးဖွဲ့ထားတဲ့ ကဗျာအချို့နဲ့ မတူတာက .. ဘာကြောင့် ဘယ်လို ဖြစ်တည်လာခဲ့ရတယ်ဆိုတဲ့ ကိစ္စတွေရဲ့ နောက်ကွယ်က , လိင်အလုပ်သမ တစ်ယောက်ရဲ့ ခပ်ပေါ့ပေါ့ ခပ်ရမ်းရမ်း နိမိတ်ပုံတွေကို .. ခပ်ကြမ်းကြမ်းကြမ်း စကားလုံးတွေနဲ့ ဝုန်းဒိုင်းကြဲမထားတာက ဆရာ့ရဲ့ ဖန်တီးနိုင်မှု စွမ်းအားပါပဲ ။
    သွေးတစ်စက်မကျပဲ ရိုစီတို့က ကဗျာထဲကနေ ခေတ် ၊ စနစ်ပျက်ကြီး တစ်ခုလုံးကို မီးမောင်းထိုးပြသွားတယ် ။ ကျည်တစ်တောင့် မခပဲနဲ့ ဝါဒဆိုးကြီးတစ်ခုလုံးကို စကားလုံးတွေနဲ့ ရိုက်ချိုးဖျက်ဆီးပြလိုက်တယ် .. ထားပါတော့
    ဆက်ပြောရင် ကျွန်တော်လည်း မြင်းထိန်း ငတာဖြစ်တော့မယ် ။ အားလုံးကို ခြုံငုံပြီးပြောရရင်တော့ ကျွန်တော့်တို့ သူငယ်ချင်းသုံးယောက်ပေါင်းပြီး “ ရိုစီ ” ကို အသံထွက်ကဗျာအနေနဲ့ ချဉ်းကပ်ခံစားပြီး ၊ ဆရာ အစ်ကို အစ်မတို့ရင်ထဲကို အရောက်ပို့ပေးချင်ပါတယ် ။ ပညာရှင်တွေ မဟုတ်တဲ့အတွက် အကောင်းဆုံး မဟုတ်ခဲ့ရင်တောင် အဆိုးဆုံးမဖြစ်နိုင်အောင် ဖန်တီးကြိုးစားထားပါတယ် ။ အဲဒီအတွက် ဘာမှမလိုအပ်ပါဘူး ခံစားနိုင်တဲ့ နှလုံးသားတစ်စုံရယ် နားကြပ်တပ်ထားတဲ့ ဖုန်းလေးတစ်လုံးရယ် ရှိရုံနဲ့ .. ရိုစီကဗျာကို ခံစားချက် ပုံစံတမျိုးနဲ့ မိတ်ဆွေတို့ ရင်ထဲအရောက် ပို့ပေးနိုင်မယ်လို့ ထင်ပါတယ် ။ အားလုံးပဲ မင်္ဂလာညချမ်းပါဗျာ ... ။
    မောင်ချမ်း ( ခရမ်းပြာ )
    2016-5-22
    အသံထွက်ကဗျာ ... ရိုစီ .
    ကဗျာ - ကိုဇော် (ကလေးမြို့)
    ရွတ်ဆို - တိုးအံ့ဝေ / စင်သီယာကို
    ဖန်တီးခံစား - မောင်ချမ်း ( ခရမ်းပြာ )

КОМЕНТАРІ •