"နေဇော်နိုင် ရဲ့ ကျနော်ဆွဲဖွင့်မိသောတံခါးများ" - Episode 55

Поділитися
Вставка
  • Опубліковано 31 сер 2023
  • နွေဦးခေါ်သံ (နေဇော်နိုင်)
    ---------------
    ဟောဒီ ကမ္ဘာပေါ်မှာ နာနာကျင်ကျင်ဘဝ ရှိသူတိုင်း
    သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်။
    ချွေးတစက် ရင်းနှီးရင် အပွင့်အသီး ညီညီမျှမျှ ပြန်ရနေဖို့
    လူတဦးတယောက်ရဲ့ အသက်ရှူသံ
    သူ့ကြမ္မာနဲ့ယုံကြည်ချက်တွေအပေါ်
    ဘယ်သူမှ မကျူးကျော်နိုင်ဖို့။
    အသိ အသက် ရှိတာခြင်း တူရင်
    ဘယ်လူမျိုးကမှ အခွင့်အရေး ပိုမယူကြဖို့
    စစ်ဖိနပ်ထဲ ထိုးသွင်းထားတဲ့ အဟောင်းအမြင်း မှန်သမျှကို ဆွဲထုတ်ပစ်ဖို့။
    ဟောဒီ ကမ္ဘာပေါ်မှာ နာနာကျင်ကျင်ဘဝ ရှိသူတိုင်း
    သမိုင်းကို ပြောင်းလဲပစ်ခဲ့ကြတယ်။
    နှစ်ကာလတွေကို သက်သေတည်ပြီးခေါ်တယ် --
    အခုခေါ်တယ်
    စစ်အာဏာရှင်တို့
    ခင်ဗျားတို့ဒိုင်ယာရီ စာအုပ်ထဲက
    အဆီတရွှဲရွှဲ စာရင်းဇယားတွေဟာ
    တိုင်းပြည် သယံဇာတတွေပဲ ဖြစ်တယ်။
    ခင်ဗျားတို့နှုတ်ခမ်းက အပြုံးစဟာ
    လူထု သက်ပြင်းချသံတွေ ဖြစ်တယ်။
    ခင်ဗျားတို့မျက်လုံးထဲက အလင်းစဟာ
    ကလေးတွေ ချွေချွေ ချခဲ့ရတဲ့သွေးစ သွေးနတွေပဲ ဖြစ်တယ်။
    မီးလောင်ငုတ်တိုနဲ့ပြာပုံထဲက
    ကျည်ဆံခွံတွေကို မေးကြည့်ကြစမ်းပါ
    လူ့အခွင့်အရေးဆိုတာ စစ်ဖိနပ်နဲ့နင်း နင်း ပေးဖို့လားလို့-----။
    ရေမြေတောတောင် သယံဇာတတွေကို
    သက်သေတည်ပြီးခေါ်တယ်
    အခုခေါ်တယ် ---
    စစ်အာဏာရှင်တို့
    လူချင်း အတူတူ ခင်ဗျားတို့အသက်ပိုမရှူကြနဲ့။
    အဲဒီ ပိုရှူလိုက်တဲ့ လေထဲမှာ
    တံတားအနီ ကတ္တရာအနီ လွယ်အိတ်အနီတွေနဲ့
    တနိုင်ငံလုံး သွေးနဲ့မျက်ရည် ကျဆုံးခဲ့ရသော
    ရှစ်လေးလုံး နေ့ရက်များ ပါတယ်။
    ကျောက်သင်ပုံးအကွဲနဲ့‘ဝ’လုံး ရွဲ့စောင်းစောင်းတွေ ပါတယ်။
    နို့ရည်မဲ့ ကွဲအက် နှုတ်ခမ်းတွေ ပါတယ်။
    မြေုမုပ်မိုင်း အရိုင်းအစိုင်းကြောင့်
    ခြေတပိုင်းပြတ်သွားတဲ့ ကလေးမလေး ပါတယ်။
    ခွေးလို ထဟောင်တဲ့ သေနတ်ကြောင့်
    မျက်စေ့ တဖက်လပ်သွားတဲ့ ကောင်လေး ပါတယ်။
    ယမ်းနဲ့သဲ့သဲ့ ရှိုက်သံကြား
    ပန်းဦးကြွေသွားတဲ့ ကောင်မလေး ပါတယ်။
    မြေကြီးနဲ့တောတောင်ကို ချစ်တဲ့
    မျှစ်စို့တွေ ချိုးဖဲ့ ခံရသလိုမျိုး
    ကျိုးပျက်သွားတဲ့ မိသားစုတွေ ပါတယ်။
    ငွေစက္ကူထဲ ကိုယ့်ဘဝ ကိုယ်ပြန်ရှာရင်း
    အဖျားအနာ ထူပြောနေတဲ့ လူထုတွေ ပါတယ်။
    အဲဒီ ခင်ဗျားတို့ပိုရှူလိုက်တဲ့လေထဲမှာ
    စစ်အကျဉ်းထောင်တွေထဲက သေကွဲ ရှင်ကွဲ ရဟန်းရှင်လူ
    ကျောင်းသူကျောင်းသားတွေ ပါတယ်။
    နောက်ဆုံး ခင်ဗျားတို့ပိုရှူလိုက်တဲ့ လေထဲမှာ
    သာသနာ့ အလံတော် သွေးစွန်းလို့
    စက်တင်ဘာ တလလုံး ပွန်းပဲ့ပေးလိုက်ရတယ်။
    ဟောဒီခေတ်ဟာ
    လူထုကို အချစ်နဲ့တိုင်းတာတဲ့ခေတ်။
    အသွေး အသား အသက် အသိ ရှိတဲ့ လူက
    အသိ အသက် အသား အသွေး ရှိတဲ့ လူတွေအပေါ်
    အမြော်အမြင်နဲ့စောင့်ရှောက်တဲ့ခေတ်။
    မျိုးဆက်သစ်နဲ့မြေကမ္ဘာ ကျန်းမာရေးအတွက်
    လူ့အမြင် လူ့အတွေး လူ့ရပ်တည်ရေးနဲ့ကြမ္မာဟာ
    လွတ်လပ်စွာ ပျံသန်းနိုင်ရမယ့် ခေတ်။
    တူညီ မျှတတဲ့ ဘဝ ဘဝချင်း အသက်ရှူသံတွေကြား
    အမျိုးသား သွေးစည်းညီညွတ်မှုတို့
    မြင့်မြင့်မြတ်မြတ် ဖူးပွင့်နိုင်ရမယ့် ခေတ်လေ ။
    ဟိုး တောင်တန်းမှာ ငြိမ်းချမ်း မွှေးရီ ချယ်ရီပွင့်တွေကလည်း
    ကျနော်တို့ဘဝပဲ မဟုတ်လား။
    ဘုရားကျောင်းက ခေါင်းလောင်းသံတွေ
    တောင်ဇလပ်မြေမှာ လှုပ်ခတ်
    ကျနော်တို့အားလုံး ချစ်မြတ်နေကြရတယ်။
    သလိုပဲ သဇင်ခက်တွေရဲ့ ဓလေ့ရိုးရာ
    ကျနော်တို့အသက်ရှူသံထဲမှာ ပါတယ်။
    မနောမြေက နိုးထလာတဲ့ ဧရာဝတီဟာ
    ဘဝများစွာရဲ့ ပင်မရေစီး
    အပွင့်အသီးတွေ ဖြစ်ထွန်းစေခဲ့တယ်လေ။
    ရာဇဝင်ရေး ရုပ်ပုံ သုဝဏ္ဏဘူမိ ရင်ခုန်သံ စည်းချက်တို့
    ဟောဒီ အသွေးအသားထဲ ခရီးဆက်နေကြ
    ဖားစည်သံတွေကလည်း ဇွဲကပင်မြေမှာ နိုးထ
    ဟောဟိုက ကန္နိရီ ကိန္နရာ မောင်နှံဟာ
    ကျနော်တို့ကို ရင်ခုန်မြန်စေခဲ့ပေါ့။
    တမြေတရေတည်းသားတို့--
    အချစ်နဲ့တိုးဝင်တဲ့စိတ်ဟာ
    အလှဆုံး အရိပ်တွေ ကြဲဖြန့်ထားတဲ့အတိုင်း
    သမိုင်းသစ်ကို ဖြစ်ထွန်းစေခဲ့တာပဲ မဟုတ်လား။
    ကျနော်တို့အတူ သွားကြမယ်။
    ကျနော်တို့အတူ စားကြမယ်။ ကျနော်တို့အတူနေ
    တနိုင်ငံလုံးက လေကို မျှဝေရှူကြမယ်။
    ဟောဒီ
    ရေမြေတောတောင် သယံဇာတတွေပေါ်မှာ
    အာဏာရှင်မှန်သမျှ ဘယ်တော့မှ ခြေချခွင့် မရရေးအတွက်
    ကျနော်တို့လက်တွေ မြဲမြဲ ချိတ်ထားကြရမယ်။
    ကျနော်တို့ရင်ခုန်သံတွေ မှန်မှန်ကန်ကန် ကူးစက်နေရမယ်။
    ကျနော်တို့အင်အားတွေ များများစားစား ညီညွတ်ထားရမယ်။
    ကျနော်တို့စိတ်ဓာတ်တွေ မြင့်မြင့်မြတ်မြတ် ပျံသန်းနေရမယ်။
    ဘဝ ရှိရင် အသိအမြင်မွေးထုတ်
    ကြမ္မာဆိုးကို ပုတ်ချပစ်နိုင်တာ
    လူသားပဲ ရှိတယ် ။
    လူတယောက်ဟာ
    ဘဝနဲ့အသက် ရှင်သန်ဖို့
    လွတ်လပ်မှန်ကန်တဲ့ အသိအမြင် ရှိတယ်။
    ကိုယ့်အတွေးအမြင် အတောင်အလက်ဟာ
    ကိုယ့်အသက်ရှူသံ
    ဘယ်သူ့သွားပြီး အစီရင်ခံရဦးမလဲ။
    ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရသလို
    လူ့အတွေးအမြင်ပေါ်မှာ ဘယ်လို အမိုးအကာမှ မလိုပါဘူး။
    လူဟာ အဲဒီ အတွေးအမြင်နဲ့ပဲ
    ကိုယ့် မိသားစု ကိုယ့် နိုင်ငံ ကိုယ့် ကမ္ဘာမြေ ဒုက္ခ သုက္ခတွေကို
    လှလှပပ ခုတ်ထွင် ရှင်းလင်းနိုင်ခွင့် ရှိတယ်။
    တမြေတရေတည်းသားတို့----
    သစ်စေ့တွေဟာ မြေကြီးထဲ ငိုကြွေးနေကြတာ မဟုတ်ဘူး။
    အကိုင်းအခက်တွေနဲ့ရွက်လွှင့်ဖို့
    ကောင်းကင်ကို ဆွဲဖွင့်နေကြတာ ။
    အမြစ်တွေက နက်နက်တူး အကိုင်းအခက်တွေက မြင့်မြင့်ပျံ
    ဒါ သူ့အနာဂတ်ရေး တောင်ပံခတ်သံ။
    သမိုင်းတခေတ်ဟာ အပွင့်အဖူးတွေနဲ့ဖြစ်ထွန်းလာဖို့
    နိုင်ငံတိုင်း နောက်ခံကားချပ်တွေနဲ့
    အနာဂတ်ကို တွန်းဖွင့်ခဲ့ကြရတယ်။
    ကျနော်တို့အသိအမြင်တွေကို
    အသွေးအသားတွေထဲ နက်နက်တူးဆွ
    ယုံကြည်ချက်တွေနဲ့မြင့်မြင့် ပျံကြ။
    ဟိုးက ကောင်းကင်ပေါ်မှာ
    နွေဦးဟာ ကျနော်တို့ကို စောင့်နေပေါ့
    လာခဲ့ကြတော့ လာခဲ့ကြတော့ ဟေ့ တဲ့။
    အရုဏ်ဦးမှာ နှင်းဆီတထောင်ခူးဆွတ်
    နိုင်ငံတော်သစ်ကို ဦးညွှတ်ဖို့အတွက်
    နွေဦးခေါ်သံဟာ ထိုးထွက်လာခဲ့ပြီ။
    -----------------------------------------
    #DVBTV #နေဇော်နိုင် #ကျနော်ဆွဲဖွင့်မိသောတံခါးများ #myanmar
    DVB TV - 02.09.2023

КОМЕНТАРІ • 70

  • @kyiswan8492
    @kyiswan8492 10 місяців тому +15

    ကျေးဇူးအများကြီးတင်ရပါတယ်
    ကိုနေဇော်နိုင်နဲ့အဖွဲ့သားများအားလုံးကျန်းမာချမ်းသာကြပါစေ

  • @mini7369
    @mini7369 10 місяців тому +13

    ရင်နဲ့အပြည့်ခံစားရပါတယ်
    ဦးနေဇော်နိုင်❤❤❤❤❤

  • @Ooyewin-bq8oi
    @Ooyewin-bq8oi 10 місяців тому +7

    သမိုင်းကိုအတိလင်းေဖါ်ပြေပးေနေသာဆရာေနေဇာ်နိုင်အားအထူးေလးစားပါေကြာင်းကျန်းမာပါေစ

  • @kaungzaw8549
    @kaungzaw8549 10 місяців тому +7

    ကောင်းလိုက်တဲ့တင်ဆက်မှု
    လေးစားပါတယ်
    ကိုနေဇော်နိုင်ရေ

  • @kokolukhwn2117
    @kokolukhwn2117 10 місяців тому +5

    တစ်ချက်တစ်ချက် အော်လိုက်တိုင်း ရင်ထဲကိုဆူး ဆူးသွားတယ် ကိုနေဇော်နိူင်

  • @user-ko9ef1po3h
    @user-ko9ef1po3h 10 місяців тому +6

    အရမ်းကို သားနားတယ် ပြောပုံဆိုပုံမာန်ပါပြီးဩဇာတိကမ ရှိတဲ့အသံ ပိုင်ရှင် ကိုနေဇော်နိုင်ပါ။လေးစားပါတယ်။

  • @RedRose-hw3nw
    @RedRose-hw3nw 10 місяців тому +18

    နားထောင်ရင်း အတိတ်ကပုံရိပ်ဟောင်းတွေကွင်းကွင်းကွက်ကွက်ပြန်မြင်ရတယ်နာကျည်းကြေကွဲရတယ်ဒီတိုက်ပွဲအောင်ကိုအောင်ရမယ်

    • @aungthan5864
      @aungthan5864 10 місяців тому

      ❤❤❤❤❤😢😢😮😮😮😮😢

  • @thuyakyaw3739
    @thuyakyaw3739 10 місяців тому +3

    ဒီတစ်ခါ ရင်နင့်အောင် ခံစားရပါတယ်ဗျာ
    🥺🥺🥺😓

  • @maungmaungmyint6128
    @maungmaungmyint6128 10 місяців тому +6

    ပြည်သူ့ကြုံးဝါးသံ

  • @aungnaymyo9612
    @aungnaymyo9612 10 місяців тому +5

    ကဗျာရွတ်တာ ကောင်းလိုက်တာဗျာ တကယ်မိုက်တယ်

  • @dawkhinohnmyint3104
    @dawkhinohnmyint3104 10 місяців тому +4

    အစဥ်အားပေးနေပါတယ်ကိုနေဇော်နိုင်

  • @dawkhinwinmyintthein4179
    @dawkhinwinmyintthein4179 10 місяців тому +2

    ​ေလးစားပါတယ်
    အမြန်ဆုံး​ေအးချမ်းပါ​ေစ

  • @komaung1543
    @komaung1543 10 місяців тому +8

    ဆရာနေဇော်နိုင်အထူးလေးစားပါတယ်ဗျာ

  • @shanlay_chauktar5234
    @shanlay_chauktar5234 10 місяців тому +3

    စောက်ရှက်မရှိ မျက်နှာပြောင်တိုက်
    ရှေ့မျက်နှာနောက်ထား ပြောင်ပြောင်တင်းတင်း လူနေထိုင်ရာပတ်ဝန်းကျင်မှာ ခွေးဝဲစားတသိုက်ကျင်လဲနေတော့

  • @sanmyint8715
    @sanmyint8715 10 місяців тому +1

    အာဏာရှင် များအမြန်ကျရှုံးပါစေ.ကျေးဇူးပါ ဦးနေဇော်နိုင်

  • @dawnmyatmyint4885
    @dawnmyatmyint4885 10 місяців тому +1

    အရေးတော်ပုံမုချ အောင်ကိုအောင်ရမည်👍💪🚩ကျေးဇူးပါဇာတိမာန်နွေဦးခေါ်သံ

  • @antkyawe5435
    @antkyawe5435 10 місяців тому +1

    ​ကောင်းလိုက်တဲ့​ ​ကြေကွဲမာန်ပြင်း ပြင်းထန်တဲ့​ပေါက်ကွဲခြင်းနဲဲ့ ​တော်လှန်​ရေးနိုး​ဆော်သံ😊😊😊

  • @user-rt7dq5uv8y
    @user-rt7dq5uv8y 10 місяців тому +5

    ❤Right

  • @user-pn9sd5xz5s
    @user-pn9sd5xz5s 10 місяців тому +1

    အဆီတစ်ရွှဲရွှဲ ခိုးထားတဲ့ပြည်သူပိုင်တွေ နွေဦးတော်လှန်းရေး ပြီးရင် ရအောက်ပြန်ယူရမည်

  • @ChoCho-be1ep
    @ChoCho-be1ep 10 місяців тому +2

    လိမ်နေမှန်းသိရက်နဲ့
    အလိမ်ခံနေတဲ့သူတွေကိုလဲအ့ံဩပ

  • @myamyasein9758
    @myamyasein9758 10 місяців тому +1

    ရင်နင့်ပါတယ်နေဇော်နိုင်ရယ် တစ်ခါတစ်ခါ ငါတို့ ကျိန်စာမိနေသလားလို့တောင်ထင်မိတယ်

  • @myamyasein9758
    @myamyasein9758 10 місяців тому +1

    သူတို့ကြားပါ့မလား ကြားရင်နောင် နားလည်ပါ့မလား လူဆိုရင် ထမင်းစားရင် နားလည်နိုင်ကြပါစေဟယ်

  • @user-fu1wj3it2j
    @user-fu1wj3it2j 10 місяців тому

    နှစ်လေးဆယ်လောက်ငယ်သလိုခံစားရပါတယ်ဗျာ Yes Thank You Verygood❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-lo7fo1od4q
    @user-lo7fo1od4q 10 місяців тому

    မြန်မာနိုင်ကြီးကျီးပွားတိုးတက်ကောင်းစားဖို့အတွက်ကြိုးစားလုပ့်ကိုင်သူအားလုံးကျေးဇူးအထူးတင်ရှိပါသည်
    အကြဉ်ချုပ်ကလွတ်ချင်ပီအရေးတောပုံအောင်ရမည်

  • @winmyintthein3551
    @winmyintthein3551 10 місяців тому

    မြန်မာပြည်ကို,ပြည်ပကကျူးကျာ်မှုရှိတယ်အဲဒီကျူးကျော်တဲ့နိုင်ငံက(တရုပ်)အဲဒီတရုပ်ရဲ့ကျူးကျော်မှုကိုကာကွယ်ရမဲ့တပ်မတော်ကြီးကမကာကွယ်ဘဲအဲဒီတရုပ်ကြီးကိုအလိုလိုက်အကြိုက်ဆောင်ပြီးကြိုဆိုသူကမြန်မာပြည်ကြီးကိုအသက်ပေးပြီးကာကွယ်ပါမယ်လို့ကြွေးကြော်ထားတဲ့စစ်တပ်ပါဗျာ😂😂😂

  • @user-cl1nk1sn7f
    @user-cl1nk1sn7f 8 місяців тому

    လေးစားပါတယ်ဥိးနေဇော်နိုင်

  • @chitkomyarmar5618
    @chitkomyarmar5618 10 місяців тому

    😢ကဗျာ အသည်းကိုခိုက်တယ်ဗျာဆရာရေ

  • @MyatThuMandalaytownshipEmdy
    @MyatThuMandalaytownshipEmdy 10 місяців тому

    နားထောင်ရင်းကိုယ်ကိုတိုင်ခံစားခဲ့ရလို့ရင်ထဲမကေါင်းပါဘူးဗျာ

  • @nyutsoe440
    @nyutsoe440 10 місяців тому

    ကောင်းလိုက်တာဆရာနေဇော်နိုင်ရယ်...

  • @kothargyikothargyi3389
    @kothargyikothargyi3389 10 місяців тому

    Good evening DVB
    All members are health

  • @ametbe
    @ametbe 10 місяців тому

    ညောင်ပင်စေါက်တွေဘယ်ရောက်နေ နဲင်ဘယ်အကိုင်းမှာနေ🕊️💞

  • @khaipikhaipi007
    @khaipikhaipi007 10 місяців тому

    တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ဘာတို့ မထားသင့်ဘူးဗျ ဘာလို့လဲဆိုသူက တပ်ကိုပဲကာကွယ်တာ နိုင်ငံတော်ကိုကာကွယ်ဖို့ သူမစင်းစားဘူး

  • @user-mv7nz9kn4y
    @user-mv7nz9kn4y 10 місяців тому

    သူတို့တွေနားလည်နိုင်ပါစေ❤❤❤❤❤

  • @gftc6832
    @gftc6832 10 місяців тому

    သိတယ်လေ

  • @valiantiii7025
    @valiantiii7025 10 місяців тому

    GREAT POEM BRO. RESPECT IT.

  • @gftc6832
    @gftc6832 10 місяців тому

    Aww

  • @ingyinkyin7974
    @ingyinkyin7974 10 місяців тому +3

    မဂ်လာပါရှင့်.DVB👍♥🙋

  • @malay3343
    @malay3343 10 місяців тому +1

    🎉🎉

  • @sanminsanmin-ew3sx
    @sanminsanmin-ew3sx 10 місяців тому

    👍👍👍

  • @myomyo3333
    @myomyo3333 10 місяців тому

    အခြို့သေ ၊အခြို့က အဖိုးကြီးတွေဖြစ့်
    ၈၈ က တော်လှန်သူများ ၊နေသာသလို
    မနေကြပါဘူး ၊ခလေးတွေကိုထိမ်း
    ကြောင်း တည့်မတ် ပေးရင်း ငါ ဘာလို
    နေပါလိမ့် ဘာလုပ်ပေးနှိုင်လဲ နိုင်ရာ
    တာဝန် ထမ်းရမယ် ထမ်းကို ထမ်းမယ်

  • @user-es9px8hr9m
    @user-es9px8hr9m 9 місяців тому

    😊

  • @BoBo-oz7yl
    @BoBo-oz7yl 10 місяців тому

    ကောင်းလှကြည်လား

  • @nansoesoehtwe4058
    @nansoesoehtwe4058 10 місяців тому

    Thanks DVB😢😢😢

  • @phage6057
    @phage6057 10 місяців тому

    ကြည့်ရင်းနဲ့မျက်ရည်ကျမိတယ်ဗျာ။

  • @aungwin9373
    @aungwin9373 10 місяців тому +6

    ပြည်သူအားလုံးစိတ်ဆင်ရဲရသလိုဒင်တို့အလှည်မကြာခင်ရောက်တော့မှာပါ

  • @user-fu1wj3it2j
    @user-fu1wj3it2j 10 місяців тому

    နှစ်လေးဆယ်လောက်ငယ်သလိုခံစားရပါတယ်ဗျာ Yes Thank You Verygood❤❤❤❤❤❤❤❤❤❤❤❤❤

  • @ametbe
    @ametbe 10 місяців тому

    မင်္ဂလါပါရှင် ဦးနေဇေါ်နိုင်❤😅

  • @DinHo-yn5lx
    @DinHo-yn5lx 10 місяців тому +3

    သေခြာတယ်ပြည်သူနိုင်မှာ

  • @DinHo-yn5lx
    @DinHo-yn5lx 10 місяців тому +3

    သေခြာတယ်ပြည်သူနိုင်မှာ

  • @trustful95
    @trustful95 10 місяців тому +2

    နာကျင်မှူတွေကခွန်အားဖြစ်လာတယ်

  • @user-fu1wj3it2j
    @user-fu1wj3it2j 10 місяців тому

    နှစ်လေးဆယ်လောက်ငယ်သလိုခံစားရပါတယ်ဗျာ Yes Thank You Verygood❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-fu1wj3it2j
    @user-fu1wj3it2j 10 місяців тому

    နှစ်လေးဆယ်လောက်ငယ်သလိုခံစားရပါတယ်ဗျာ Yes Thank You Verygood❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-fu1wj3it2j
    @user-fu1wj3it2j 10 місяців тому

    နှစ်လေးဆယ်လောက်ငယ်သလိုခံစားရပါတယ်ဗျာ Yes Thank You Verygood❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-fu1wj3it2j
    @user-fu1wj3it2j 10 місяців тому

    နှစ်လေးဆယ်လောက်ငယ်သလိုခံစားရပါတယ်ဗျာ Yes Thank You Verygood❤❤❤❤❤❤❤❤❤❤❤❤❤

  • @user-fu1wj3it2j
    @user-fu1wj3it2j 10 місяців тому

    နှစ်လေးဆယ်လောက်ငယ်သလိုခံစားရပါတယ်ဗျာ Yes Thank You Verygood❤❤❤❤❤❤❤❤❤❤❤❤❤

  • @ivorysutherland6275
    @ivorysutherland6275 10 місяців тому

    မအလလုပ်နေတာကထိုင်းနိုင်ခြားရေးဝန်ကြီးကဒေါ်စုစီကိုသွားတွေ့ဆွေးနွေးတယ်ဆိုပြီးအာဆီယ်ဥကဠနှင့်နိုင်ငံတကာကိုပါညာခဲ့တဲ့ထိုင်းနိုင်ငံခြားရေးဝန်ကြီနဲ့မအလတို့လိမ်ညာခဲ့တဲ့ခြေလှမ်များသာဖြစ်ပါတယ်

  • @jxjxhzh-ky9dz
    @jxjxhzh-ky9dz 10 місяців тому

    ကျွန်တော်တို့လိုလူပိန်းတွေတောင်ပွင့်လင်းမြင်သာတဲ့ခါတ်ကြီးရဲ့အမှန်တရားတွေကိုတွေ့တော့ရင်နှစ်မဆန့်အောင်ခံစားရပါတယ်ဦးနေဇော်နိုင်ရယ်

  • @jxjxhzh-ky9dz
    @jxjxhzh-ky9dz 10 місяців тому

    ဒါမှန်သေားသစ်စာပါဗျာပြည်သူတွေရဲ့အသက်တွေဘယ်လောက်များစတေးရအုန်းမှာလဲးအပြစ်မဲ့တဲ့ကလေးငယ်လေးတွေလဲးဝဍ်ကြွေးကြီးလိုက်တာဗျာ

  • @user-xi8qw8ey5b
    @user-xi8qw8ey5b 10 місяців тому

    နားထောင်းရင်းမျက်ရည်ပါကြရပါတယ်ရှင်တစ်ကယ်ပါ😢😢😢

  • @soemyintswe1155
    @soemyintswe1155 9 місяців тому

    မှန်ကန်သော အမှန်တရား

  • @PaingThuHtun-tt1rg
    @PaingThuHtun-tt1rg 5 місяців тому

    စစဉ်းစာူကြစဉ်းသာကြတြိင်ပင်ကြတိုင်ပင်ကြပါ

  • @gftc6832
    @gftc6832 10 місяців тому

    ခဗိားကဠဖန်လောက်မသ်ဘးးလ

  • @user-jg3hw7io3b
    @user-jg3hw7io3b 10 місяців тому

    ❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @ChoCho-be1ep
    @ChoCho-be1ep 10 місяців тому

    အာစီယံလဲရှက်သင့်ပြီ

  • @oaktarawati8085
    @oaktarawati8085 10 місяців тому

    အရမ်းကြိုက်တယ်ဦးနေဇော်နိူင်ကျေးဇူးပါ👍👍👍👍👍👍👍👍👍👍💯💯💯💯💯💯💯💯

  • @kozaw-wi3iu
    @kozaw-wi3iu 9 місяців тому

    တော်လှန်ရေးကိုမလုပ်ချင်ပါဘူးနွေဦးတော်လှန်ရေးပြည်တွင်းစစ်နောက်ဆုံးဖြစ်ရမယ်တော်လှန်ရေးအပေါ်မှာလဲမသာယာပါဘူးဂျစ်ပစီ