ဆောင်းဟေမန် (Saung Hay Marn) အဆို - ဘုဏ်းသီဟပိုင် - စောင်း နီလာညို ။
Вставка
- Опубліковано 2 гру 2024
- တေးဆို - ဘုဏ်းသီဟပိုင် Bhone Thiha Paing
စောင်း - နီလာညို Harpist Nilar Nyo
❄️ဆောင်းဟေမာန် (သံဆန်း ယိုးဒယား)
စောင်း - စောင်းနီလာညို(ဒေါ်)🙏
တေးဆို - ဘုဏ်းသီဟပိုင်
~~ဆောင်းဟေမာန် လေပြန်သွင်း နှင်းကျံကျံ… စုံမြိုင်တွင်း ပျော်ခင်းတွေကညံ…။
~~ဟေမာစခန်း မြောင်ပတ်သန်း ရေယာဉ်စမ်း တောင်ဖြတ်လမ်း စမ်းရေယာဉ် စီးကျပါလို့ ကြီးတဲ့စုံမြိုင်ခွင်… စီးကျပါလို့ ကြီးတဲ့စုံမြိုင်ခွင် လေပြေဆော်ကာသွေး.. မွှေးပျံစွာ…။
~~ပျားပိတုံးတွေက စားသုံးကြပြန်သကို ဝတ်ရည်ချိုချို လွန်ပင် ပမ်းလို့ လှမ်းနိုင်ပါသကို လပြာသိုလ် ခွါညိုပန်းတွေကစို….။
~~တောင်သေလာ ဟေမာဗွေချာစခန်း အိုဂနိုင် ကြိုင်ကြိုင်စုံခြေလမ်း…ပင်နန်းငယ်သာ …ရောင်ရှိန်ငယ် ရှင်နေမင်း ဂေါယာဆင်းပြီမို့ လင်းပြီကွယ် ..မျောက်၊ငှက်အပေါင်းတွေက သောင်းသောင်း ညံကြွယ် အိပ်တန်းတက်ပြီမို့ ကျေးငှက်တွေပျော်ကြတယ်…။
~~အိုလေး ရော်ကာရမ်းပါလို့ မလှမ်းနိုင်ပြီ.. အိုလေး ရော်ကာရမ်းပါလို့ မလှမ်းနိုင်ပြီ ဆွေဒဟာတိုင်း မှိုင်းလို့ရီ မရောက်ခဲ့ပါပြီ တိုင်းဌာနီ ဝေးလို့ ကွာခဲ့ပြီ…။
~~ကမ္ဘားအဆင်း စမ်းရေအိုင် နားရင်းအပမ်းဖြေနိုင်…..
ကမ္ဘားအဆင်း စမ်းရေအိုင် နားရင်း…. အပမ်းဖြေ….နိုင်….။