စကားမပြောနဲ့တဲ့

Поділитися
Вставка
  • Опубліковано 6 гру 2024
  • ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ) ၁၉၈၄ မှာ ရေးသားခဲ့သော “စကားမပြောနဲ့တဲ့”
    ဤဝတ္ထုတွင် ဇနီးသည် ဖြူဖြူခင်ကို အရောင်းသွက် စူပါစာရေးဆရာမ (အမျိုးသမီးစာရေးဆရာ) ယမင်းဖြူသွယ် အဖြစ်သို့ စီးပွားရေး လာဘ်မြင်သူ သူ့ခင်ပွန်း ကိုလွမ်းအောင်၏ ပယောဂဖြင့် ရောက်သွားသည်။
    ကိုယ်မရေးဘဲ ရေးသူအမည်ခံနေရသူအဖို့ စူးစမ်းသူများ၊ စာတမ်းပြုစုလိုသူများနှင့် တွေ့လျှင် ကပေါက်တိကပေါက်ချာ အိုးနင်းခွက်နင်းတွေ ဖြစ်မည်စိုး၍ စကားများများပြောလျှင် မောတတ်သူ၊ လူသုံးလေးယောက် ဝိုင်းအုံလျှင်နှလုံးရောဂါ ရတတ်သူအဖြစ် ဖန်တီးပေးထားသည်။
    📕“စကားတွေ သိပ်မပြောနဲ့ မောမယ်” ဆိုသော စကားလုံးက ဤဝတ္ထု၏အသက် ဖြစ်သွားသည်။📕အလွန်ရဲတင်းစွာနှင့် အလွန်သပ်ရပ်စွာ ရေးသွားသောဇာတ်လမ်း ဖြစ်ပါသည်။
    📕မြန်မာစာပေနယ်၏ ခေတ်ဆိုးတစ်ခေတ်ကို ထင်ဟပ်ပြထားပါသည်။ (ကျော်စောမင်း)
    ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့ ''စကားမပြောနဲ့တဲ့ " ဆိုတဲ့ စာပေလောကရဲ့ စိတ်ဝင်စားစရာ ဝတ္ထုတစ်ပုဒ် ကို အခန်းဆက်အနေနဲ့ စာဖတ်သူ 'June' က ဖတ်ပြပေးမှာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်လေးကို အပါတ်စဉ် ဗုဒ္ဓဟူး ၊ ကြာသပတေး ည(၈) နာရီမှာ ဖတ်ပြပေးမှာမို့ ဒို့အညာယူကျုချန်နယ်မှာ အားပေးနားဆင်ပေးကြပါဦးနော်. . .
    စကားမပြောနဲ့တဲ့
    စာရေးသူ - စမ်းစမ်းနွဲ့ (သာယာဝတီ)
    စာဖတ်သူ - June
    အပိုင်း (၁) • စကားမပြောနဲ့တဲ့ #စမ်းစ...
    အပိုင်း (၂) • စကားမပြောနဲ့တဲ့ #စမ်းစ...
    အပိုင်း (၃) • စကားမပြောနဲ့တဲ့ #စမ်းစ...
    #စကားမပြောနဲ့တဲ့ #စမ်းစမ်းနွဲ့ (သာယာဝတီ) #june
    #ဝတ္ထုတို #မြန်မာဝတ္ထု #ဒို့အညာ
    #DohAhNyar #တို့အညာ #Audiobooks

КОМЕНТАРІ • 67