ကြွပ်ကြွပ်ရွရွ Belait ပဲကပ်ကြော် ကြော်နည်း

Поділитися
Вставка
  • Опубліковано 16 вер 2024
  • ကြွပ်ကြွပ်ရွရွ Belait ပဲကပ်ကြော် ကြော်နည်း။
    ဒီနည်းက အချိန်ကုန်ပြီးလက်ဝင်ပါတယ်။
    တယောက်တည်းလုပ်လျင် ပဲကြော် ၁၅ ခုရဖို့ ကြော်ချိန် တနာရီလောက်ကြာပါတယ်။
    ဒီထက်ပိုကောင်းပြီး ပိုလွယ်တဲ့နည်းများလည်းရှိနိုင်ပါတယ်။
    အိမ်ကမဒီ စမ်းကြည့်ဖူးတဲ့နည်းတွေထဲက အဆင်အပြေဆုံးနည်းကိုမျှဝေတာပါ။
    လိုအပ်သောပစ္စည်းများ
    (ကိုယ်ကြော်ချင်တဲ့အရေအတွက် အလိုက် အချိုးကျတွက်ယူပါ။ )
    ၁။ ကုလားပဲ (ထမင်းအိုး ဆန်ခြင်ခွက် ၁ ခွက်= ၁၈၀စီစီ)(အလေးချိန် ၁၄၅ ဂရမ်)
    ၂။ ရေ ( ၂၇၀ -၃၀၀ စီစီ)
    ၃။ ဆီသန့် တလီတာခွဲ၊ မုန့်နှစ် ဖျော်တဲ့ထဲ ထမင်းစားဇွန်း တဇွန်းထည့်ပါတယ်။
    ၄။ အကြော်မှုန့် (ဆန်ခြင်ခွက် တခွက်နဲ့တစိပ် ၁၈၀ +၄၀=၂၂၀ စီစီ) (၁၂၀ ဂရမ်)
    ၅။ ဆား မန်ကျီးစေ့ တစေ့စာခန့်
    ၆။ စားဆော်ဒါ မန်ကျီးစေ့ တစေ့စာခန့်
    ၇။ မီးဖို ၂ ဖို
    ၈။ ၁၂ စင်တီမီတာဒယ်အိုးသေးတခုနှင့် အကြော်ဒယ်အိုးအကြီးတခု။
    (ဒယ်အိုးအသေးက အရွယ်ညီ၊ အထူအပါးညီတဲ့ပဲကြော်ရဖို့သုံးပါတယ်။)
    ပြင်ဆင်ခြင်း
    - ကုလားပဲကို ကိုယ်လိုသလောက်ခြင်ပါ။ ( ထမင်းအိုး ဆန်ခြင်ခွက် ၁ ခွက်= ၁၈၀စီစီ ဆိုလျင်
    ပဲကြော် ၁၅ ခုရပါတယ်) (အလေးချိန် ၁၄၆ ဂရမ်)
    - ပြီးလျင် ပဲကိုရေစင်အောင်ဆေးပြီး ပွလာအောင် ၆ နာရီကြာရေစိမ်ပါတယ်။
    - ပဲတွေပွလာလျင် ရေကိုသွန်ပစ်ပြီး ရေထပ်ဆေးကာ ရေပြန်စစ်ထားပါတယ်။
    - ပဲကိုပြုတ်ဖို့ရေနွေးတည်ထားစဉ်မှာ မုန့်နှစ်ကိုဖျော်ပါတယ်။
    - မုန့်နှစ်ဖျော်ရန် ပဲ ဆန်ခြင်ခွက် တခွက်စာအတွက် အကြော်မှုန့် တခွက်နဲ့တစိပ် ၁၈၀ +၄၀=၂၂၀ စီစီ) (၁၂၀ ဂရမ်) သုံးပါတယ်။
    - အကြော်မှုန့် ထဲကို ရေ ၂၇၀ စီစီ၊
    - စားဆီ ထမင်းစားဇွန်းတဇွန်း
    - ဆားနှင့် စားဆိုဒါ မန်ကျီးစေ့ တစေ့စာစီ ကို ထည့်ပြီး အားလုံး အကုန်ပျော်သည်အထိ နာနာမွှေပါတယ်။
    - ရေနွေးဆူပြီဆိုလျှင် ရေစိမ်ထားလို့ ပွနေတဲ့ပဲကို အကုန်ကျက်သည်အထိ ပြုတ်ပါတယ်။
    - ပဲတွေ အကျက်ညီစေရန် မွှေပေးပါတယ်။ တမိနစ်သာသာလောက်ဆို အကုန်ကျက်ပါတယ်။
    - ပဲများများထည့်လိုက်လျင် အပူချိန် ကျသွားနိုင်လို့ ပဲများလျင် ရေနွေးများများသုံးပါတယ်။
    - ပဲတခွက်စာအတွက် ရေ ၂၇၀ စီစီကနေ ၃၀၀ စီစီ သုံးပါတယ်။
    - ဒါပေမည့် အချိန်ကြာလျင် မုန့်နှစ်ထဲရှိပဲတွေက ရေတွေစုပ်ပြီး မုန့်နှစ်ပျစ်သွားလို့ ရေထပ်တည့်ရပါတယ်။
    - မုန့်နှစ်ပျစ်လျင် မုန့်သားပိုထူပြီး နည်းနည်းမာပါတယ်။
    - မုန့်နှစ်ကျဲလျင်တော့ မုန့်သားပါးပြီး နည်းပိုရွပေမယ့် ကျိုးလွယ် ကြေလွယ်ပါတယ်။
    - ပဲဆံအတွင်းထိ ကျက်မကျက် ချိုးကြည့်၊ စားကြည့်ပါတယ်။
    - ပဲစေ့အထဲထိကျက်လျင် ရေနွေးကိုသွန်၊ ရေစစ်ပြီး အအေးခံပါတယ်။
    - ပဲဆံတွေအေးပြီဆိုမှ စောစောကဖျော်ထားတဲ့မုန့်နှစ်ထဲထည့်ပြီး မွှေပါတယ်။
    - ဆီအိုးနှစ်အိုး ပြိုင်တည်ပြီး ဆီပူအောင်စောင့်ပါတယ်။ ၁၆၀-၁၈၀ ဒီဂရီ စင်တီဂရိတ်။
    - ဆီအပူချိန်ကို မတိုင်းနိုင်လျင် ဆီထဲကို မုန့်နှစ် တစက် နှစ်စက်ချပြီးစမ်းပါ။
    - မုန့်နှစ်ကချက်ချင်း ဆီပေါ်ပြန်တက်လာလျင် ဆီက လုံလောက်တဲ့ အပူချိန်ရပါပြီ။
    - အကြော်အရွယ်နဲ့ အထူအပါးညီညီရအောင် ၁၂ စင်တီမီတာအချင်းရှိ ဒယ်အိုးအသေးထဲမှာ စကြော်ပါတယ်။
    - ဆီပူပြီဆိုလျင် ၁၂ စင်တီမီတာအိုးထဲသို့ မုန့်နှစ်နဲ့ပဲကို ဇွန်းကြီး တဇွန်းစာ ထည့်ပါတယ်။
    - ပဲစေ့ကလေးတွေ နေရာနှံ့အောင်သေချာဖြန့်ထည့်ပါတယ်။
    - အိုးကလေးထဲကအကြော်ကျက်ပြီး နည်းနည်းတင်းလာပြီဆို ဆယ်ပြီး ဆီအိုးကြီးထဲထည့်ပါတယ်။
    - အိုးသေးထဲမှာ အပေါ်ဘက်ရောက်ပြီး ဆီပူမထိတဲ့ပဲစေ့တွေကျက်အောင် အိုးကြီးထဲသို့မှောက်လျက်ထည့်ပါတယ်။
    - အိုးကလေးထဲကို နောက် တခုစာထည့်ပြီးကြော်နေချိန်မှာ အိုးကြီးထဲက အကြော်ကို ဆီပူထဲနှစ်ပေး၊ ဆီပက်ပေးပါတယ်။
    - အထက်အောက် လည်း လိုသလို အထက်အောက် လှန်ပါတယ်။
    - အကြော်ကအမြှုပ်မထွက်တော့ဘဲ အရောင်ကလည်း ရွှေအိုရောင် သန်းလာပြီဆို ဆယ်လို့ရပါပြီ။
    - ဒါဆိုလျင်တော့ နွေဦးရံပုံငွေပွဲ အတွက် ပဲကပ်ကြော် ကြွပ်ကြွပ်ရွရွကလေးတွေ ရပါပြီ။
    - ဆီစစ်ပြီး အကြော်တွေအေးလျင် လေလုံတဲ့ ဇစ်အိတ်ထဲ ထည့်ကာ ရေခဲသေတ္တာထဲ ထည့်ထားလျင် သုံးလေးပတ်လောက်အထိထားပြီးစားလို့ရပါတယ်။

КОМЕНТАРІ • 1

  • @Thazin2011
    @Thazin2011 Рік тому

    သိပ်စားကောင်းတာ