ရခိုင့်အရေးနဲ့ မြန်မာ့နိုင်ငံရေးအပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဘာပြောလဲ
Вставка
- Опубліковано 6 гру 2024
- ရခိုင့်အရေးနဲ့ မြန်မာ့နိုင်ငံရေးအပေါ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဘာပြောလဲ
CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၁
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ စစ်တပ်က မဲအငြင်းပွားမှု မဖြေရှင်းပေးသည်ဟုဆိုကာ NLD အစိုးရကို ဖြုတ်ချမှု မတိုင်ခင်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ သို့သော် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းတွင် တိုက်ပွဲများ ရပ်တန့်သွားခဲ့သလို ရခိုင်ပြည်နယ်သည်လည်း တည်ငြိမ် အေးချမ်းသွားခဲ့သည်။
ယခင်က ရခိုင်ပြည်နယ်သည် နိုင်ငံရေး-စစ်ရေး မတည်ငြိမ်ဖြစ်ကာ လူထုသည် ကျီးလန့်စာစား ဘဝများဖြင့် နေစဉ်ဖြတ်သန်းနေရသည့်တိုင်း ပြည်မနိုင်ငံရေးသည် တည်ငြိမ်အေးချမ်းခဲ့သည်။သို့သော် ဖေဖော်ဝါရီ ၁ ရက် နေ့နောက်ပိုင်းမှာတော့ ပြောင်းပြန် ဖြစ်သွားခဲ့သလို AA ကို ဆန့်ကျင်၍ ဝေဖန်တိုက်ခိုက်ခဲ့သည့် ပြည်မရှိ လူထု သည် ယခုအခါ AA ကို ၎င်းတို့အား ကူညီ၍ စစ်တပ်ကို တိုက်ခိုက်ပေးရန် တောင်းဆိုလျက်ရှိနေသည်။
NLD အစိုးရ ဖြုတ်ချခံရပြီး အာဏာပြန်လည် ရရှိရေးအတွက် ကြိုးစားနေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကလည်း AA ကို ၎င်းတို့ဖြင့် ပူးပေါင်းရန် ဆွေးနွေးခဲ့သော်လည်း AA ဘက်က ပူးပေါင်းမှုမရှိပေ၊စစ်တပ် ကို အပြုတ်တိုက်၍ မြန်မာနိုင်ငံရှိ စနစ်အားလုံးကို ဖျက်စီးကာ အသစ်က စတင်ပြီး နိုင်ငံသစ်ကို ထူထောင်ရန် ကြိုးပမ်းမည်ဟု ဆိုထားသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ တပ်မှူးချုပ်လည်းဖြစ် ရက္ခိုအမျိုးသားအဖွဲ့ချုပ် (ULA)ဥက္ကဋ္ဌလည်းဖြစ်သူ ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို CNI သတင်းဌာနက အယ်ဒီတာ ချစ်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါသည်။
#ဗိုလ်ချုပ်
#ထွန်းမြတ်နိုင်
#AA
#NUG
#တပ်မတော်
#ရခိုင်နိုင်ငံရေး
#ပြည်မနိုင်ငံရေး
#မြန်မာနိုင်ငံ
#အပြုတ်တိုက်ရေး
#အင်တာဗျူး
#အတွေးအမြင်
#နိုင်ငံတကာ
#တိုက်ပွဲ
#CNImyanmar
#cninews
#ChannelNewsIndependent