နိုင်ငံခြားသားအလုပ်သမား မရှိရင် မဖြစ်တော့တဲ့ တောင်ကိုရီးယားနိုင်ငံနဲ့ အနာဂတ်အလားအလာ

Поділитися
Вставка
  • Опубліковано 25 гру 2024

КОМЕНТАРІ • 81

  • @ckkrsharingkoreamyanmar
    @ckkrsharingkoreamyanmar  Рік тому +5

    ဆွေးနွေးသုံးသပ်ချက်များ
    0:00 - ဆွေး‌နွေးသုံးသပ်ချက် မိတ်ဆက်
    1:03 - သင်္ဘောကျင်းလုပ်ငန်း အော်ဒါ တရုတ်ကို ကျော်လွန်၍ တောင်ကိုရီးယားနိုင်ငံ
    ကမ္ဘာ့ နံပါတ် (၁) နေရာယူ
    3:05 - အော်ဒါများကို အချိန်မီထုတ်လုပ်ရန် လုပ်သား အများအပြားလိုအပ်မှု ရှင်းလင်းချက်
    7:50 - လုပ်သားလိုအပ်ချက်အပေါ် တောင်ကိုရီးယားအစိုးရရဲ့ အစီအစဉ် တိုးချဲ့ခဲ့မှု မှတ်တမ်းများ
    12:41 - စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်များ ဆန္ဒပြမှု အကြောင်းရင်းနဲ့ တရားမဝင်လုပ်သား (O သမား)များနဲ့ ပတ်သက်ပြီး တောင်းဆိုချက် ၊ စိုက်ပျိုးမွေးမြူရေး အလုပ်သမားခန့်အပ်မှု အနေအထား
    17:05 - ကုန်ထုတ်နဲ့ ဆောက်လုပ်ရေးနယ်ပယ် လုပ်သားအနေအထားနဲ့ ပြည်တွင်း ဆောက်လုပ်ရေး လုပ်သား 1 သိန်း 7 သောင်းလိုအပ်ချက် ( ပြည်ပ နိုင်ငံခြားသား အလုပ်သမားများနဲ့ အစားထိုးမလား? ) ၊ ကုန်ထုတ်နယ်ပယ် လုပ်သားခန့်အပ်မှုအနေအထား
    23:42 - 2024 လုပ်သားကြေညာချက်နှင့် လုပ်ငန်းရှင်များ၏ အနေအထား
    26:34 - လုပ်သားရှားပါးမှုဟာ ဘာ‌ကြောင့်ဖြစ်ပေါ်လာသလဲ? ( မွေးဖွားမှုနှုန်း တစ်ခုတည်းကြောင့်လား? ၊မွေးဖွားနှုန်းကျဆင်းရဲ့ အကျိုးဆက်က ဘယ်လိုရှိမလဲ? )
    30:00 - ဘာကြောင့် လုပ်သားလိုအပ်ချက်က ဖြစ်လာရတာလဲ?
    31:58 - ပြည်တွင်းလုပ်သားလိုအပ်ချက်ကြောင့် လုပ်ငန်းတွေ မထိခိုက်ရအောင် ကိုရီးယားအစိုးရရဲ့ နိုင်ငံခြားသားအလုပ်အသားတွေအပေါ် ပေးတဲ့ ထူးအခွင့်အရေး ‌အစီအစဉ် ဒေသတွင်းအထူးဗီဇာနဲ့ အခွင့်အရေးမှတ်တမ်း
    33:56 - ဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်မှု
    35:24 - တောင်ကိုရီးယားကို လူမျိုးပေါင်းစုံရောနှောတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မြင်ရတော့မှာလား? ဂျပန်နိုင်ငံနှင့် နှိုင်းယှဉ်မှု
    38:36 - ဂျာမနီနိုင်ငံနှင့် နှိုင်းယှဉ်မှု
    40:33 - ဗြိတိန်နိုင်ငံရဲ့ ဘယ်သူနဲ့မှ မတူတဲ့ အလုပ်သမားရှားပါးမှု ပြဿနာ ဖြေရှင်းပုံ
    46:15 - တောင်ကိုရီးယားရဲ့ အလုပ်လက်မဲ့ အရေအတွက်နဲ့ အကြောင်းရင်း
    47:24 - နိဂုံး
    ဗဟုသုတရစေပြီး အကျိုးဖြစ်စေဖို့ မျှော်လင့်ပါတယ်ဗျာ။

  • @mashell-slh7869
    @mashell-slh7869 Рік тому +2

    သတင်းအချက်အလက်​တွေ အမြဲတင်​ပေးတဲ့အတွက် အထူး​ကျေးဇူးတင်ပါတယ် brother ​ရေ ၊ ကျွန်​တော်တို့အတွက် အများကြီး အကျိုးရှိပါတယ် ။ ❤

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      ကြားရတာ ဝမ်းသာပါတယ်ဗျာ။ ‌အကျိုးရှိတယ်ဆိုရင်ပဲ ပင်ပန်းရကျိုး နပ်ပါတယ်။

    • @mashell-slh7869
      @mashell-slh7869 Рік тому

      @@ckkrsharingkoreamyanmar အမြဲတမ်းတင်​ပေးဖို့ ​မျှော်လင့်ပါတယ်ဗျာ ၊ အား​ပေး​နေပါ့မယ် ။

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      @@mashell-slh7869 ဟုတ်ကဲ့ဗျာ

  • @saiaomkhan7078
    @saiaomkhan7078 Рік тому

    ကျေးဇူးတင်ပါတယ်

  • @sanoo361
    @sanoo361 9 місяців тому

    ဆရာCCVIဆိုတာ ဘာလဲ မသိလို့ ပြောပြပေးပါလား

  • @KhaingThazin-wl7oe
    @KhaingThazin-wl7oe Рік тому

    0:48 1:04

  • @demo4376
    @demo4376 Рік тому

    သဘောကျတယ်
    Thanks for sharing

  • @SaythuHein-uz5ms
    @SaythuHein-uz5ms Рік тому

    ❤❤❤

  • @dahlaypoe9939
    @dahlaypoe9939 Рік тому

    အရမ်းgoodတယ်❤

  • @yaminshwezin2172
    @yaminshwezin2172 Рік тому

    ကျေးဇူးပါ အစ်ကိုရေ

  • @myominmaung440
    @myominmaung440 Рік тому

    ကျေးဇူးပါဆရာ❤❤

  • @Ayeko7905
    @Ayeko7905 Рік тому

    ကျေးဇူးပါဆရာ

  • @Maungpo-u8l
    @Maungpo-u8l Рік тому +1

    အစ်ကိုရေရာသီလုပ်သားသတင်းလေးမျှဝေပါပါခင်ဗျ ဒီသတင်းအတွက်လည်းကျေးဇူးပါခင်ဗျနေကောင်းကျန်းမာပါစေ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      ရာသီလုပ်သားက အတည်ပြုချက် မထွက်သေးပါဘူးညီ၊ ဆက်ပြီး စောင့်ကြည့်ဖို့လိုပါတယ်

  • @nyeinphyomcyouth9201
    @nyeinphyomcyouth9201 11 місяців тому

    ဆရာ e8 visa လုပ်သားခေါ်ရင် ဘယ်ကနေ ကြော်‌ငြှာပေးမာလဲဗျ ဘယ် မှာ သွားကြည့်လို့ရလဲဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  11 місяців тому

      သက်ဆိုင်ရာ အစိုးရဌာနတွေက ကြေညာပေးမှာပါဗျ။ သတင်းစာတွေမှာလည်း ထည့်မယ်ထင်တယ်။ အစိုးရဌာန website တွေမှာ လည်း စောင့်ကြည့်လို့ရတယ်

    • @nyeinphyomcyouth9201
      @nyeinphyomcyouth9201 11 місяців тому

      @@ckkrsharingkoreamyanmar ဟုတ်ကဲ့ ဆရာ SWTCC က website ရှိတယ် ဆရာ ဒါပေမယ့် ထည့်ထားတဲ့ ph noတေက အလုပ်မလုပ်ဘူး ဆရာ website ကကော အမှန်ဖြစ်နိုင်လားဆရာ

  • @kyawzinyso
    @kyawzinyso Рік тому

    ❤🎉

  • @Akuma-ut8kj
    @Akuma-ut8kj Рік тому

    အကိုရေ eps topik မတက်ခင် ဘာတွေအရင်လုပ်ရမလဲဗျ ပြောပြပါအုံး
    သင်တန်းကရော ဘယ်ကနေ စတက်ရမလဲဆိုတာ ပြောပြပေးပါဉီး

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      သင်တန်းမတက်ခင် အရင်ဆုံး လုပ်ရမှာက ဆေးစစ်ဖို့ပါ။
      EPS စနစ်မှာ သတ်မှတ်ချက်တွေကတော့
      1. အသက် 18 ကနေ 39 နှစ်အတွင်း ဖြစ်ရမယ်။
      2. ကာလာဘလိုင်း မဖြစ်ရဘူး
      3. သတ်မှတ်ထားတဲ့ ရောဂါတွေဖြစ်တဲ့ (ဘီပိုး၊ စီပိုး၊ ကာလသားရောဂါ၊ HIV ၊ အဆုတ်အမာရွတ် ၊ အသည်းအင်ဇိုင်း များခြင်း ) ဒါ‌တွေ ကင်းစင်ရပါမယ်
      4. ထောင်ကျဖူးသူ မဖြစ်ရဘူး
      5. ကိုရီးယားမှာ တရားမဝင် နေထိုင်ခဲ့သူ မဖြစ်ရဘူး
      အဲ့လို သတ်မှတ်ချက်တွေရှိပါတယ်။
      အဲ့တော့ သင်တန်း မစုံစမ်းခင်မှာ ဆေးအရင် စစ်ကြည့်ပါ။‌
      ဆေးအောင်မှ သင်တန်း တက်ပါ.
      ဆေးမအောင်ဘူးဆိုရင် သွားမရတဲ့အတွက် သင်တန်းကြေး အလဟသ ဆုံးရှုံးမှာစိုးလို့ပါ.
      ဆေးခန်းက ရန်ကုန်က အစိုးရ အသိအမှတ်ပြု ဆေးခန်းဖြစ်တဲ့
      ကြယ်ကိုးပွင့် ဆေးခန်းမှာ စစ်ဆေးကြည့်စေချင်ပါတယ်။
      ကြယ်ကိုးပွင့် ဆေးခန်း လိပ်စာ
      အမှတ် ၃၃၇ ၊ ဗိုလ်အောင်ကျော်အထက်လမ်း ရန်ကုန်မြို့။
      ဖုန်း - ၀၁-၂၄၅၀၁၄ / ၀၁-၂၅၃၅၂၈/ ၀၁-၈၃၇၉၄၈၃
      ဆေးခန်းဖွင့်ချိန် နံနက် ၈ နာရီခွဲ မှ ညနေ ၄ နာရီအထိ
      (တနင်္ဂနွေ ပိတ်ပါသည်)
      ဆေးစစ်ခ- 32000ကျပ်ခန့်
      အဆင်ပြေပါစေ

    • @Akuma-ut8kj
      @Akuma-ut8kj Рік тому

      ကျေးဇူးပါအကိုရေ သေချာပြောပြပေးတဲ့အတွက်
      ဒါမဲ့ကျွန်တော်က မန်းလေးကဆိုတော့ မန်းလေး ဘယ်နေရာတွေမှာ ဆေးစစ်လို့ရလဲဗျ

  • @yn-simple-life-style...channel

    Bro ယေ့ epsစာမေးပွဲ က ဘယ်တော့လောက်ဖစ်မယ်ထင်လဲ ဖြေပေးပါနော်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      အတိအကျတော့ ဘယ်သူမှ မသိသေးပါဘူးဗျာ။ ခန့်မှန်းချက်တွေအရဆို 2024 ခုနှစ် (4 လပိုင်းကနေ 8 လပိုင်း ) အတွင်းဖြစ်လာနိုင်တယ်လို့ပြောကြတယ်

  • @ShweLone-t2b
    @ShweLone-t2b Рік тому

    သားလေးကိုအမြန်သွားရစေချင်တယ်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      ဆေးအောင်ဖို့ ဆုတောင်းပေးပါတယ်ဗျာ

  • @ShweLone-t2b
    @ShweLone-t2b Рік тому

    သားလေးကကုန်ထုတ်‌နဲ့ပါ

  • @sanmintun9102
    @sanmintun9102 Рік тому

    စိုက်ပျိုးရေးက. ညဘက်တွေရော လုပ်ရလား ဆရာ ဖြေပေးပါဦး အင်တာနက်ရော သုံးလို့ရလား

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      များသောအားဖြင့် စိုက်ပျိုးရေးမှာ ညဆိုင်းတော့ မလုပ်ရပါဘူး။ ကုန်ထုတ်နဲ့ ဆောက်လုပ်ရေးမှာတော့ ညဆိုင်း ရှိပါတယ်။ အင်တာနက်လည်း သုံးလို့ ရပါတယ်ဗျာ

    • @sanmintun9102
      @sanmintun9102 Рік тому

      ကျေးဇူးပါ ဆရာ😊

  • @KoZin-ch9xx
    @KoZin-ch9xx Рік тому

    ဆရာ UBT နဲ့ CBT မေးခွန်းတွေက ဘာကွာလဲဗျ။
    ကျွန်တော်က အခုမှ သင်တန်းတက်တာမို့ ဘယ်ကစပြီးမေးခွန်းဟောင်းတွေလေ့လာရမလဲဗျ။🙏

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      EPS စာမေးပွဲ ဖြေတဲ့အခါ နည်းလမ်း (၃) မျိုးနဲ့ အလျဉ်းသင့်သလို ‌ဖြေဆိုလေ့ရှိပါတယ်။ မေးခွန်းတွေကတော့ သိပ် မကွဲပြားပါဘူး၊ အများစုက အတူတူပါပဲ။ ‌ဖြေတဲ့အခါမှာ သုံးတဲ့ နည်းလမ်း (၃)မျိုးကတော့
      1. PBT ( Paper Based test လို့ ခေါ်ပြီး စာရွက်ပေါ်မှာ ဖြေရတဲ့နည်းလမ်း
      2. CBT ( Computer Based Test လို့ခေါ်ပြီး ကွန်ပျူတာနဲ့ ဖြေဆိုရတဲ့နည်းလမ်း)
      3. UBT ( Ubiquitous Based Test လို့ခေါ်ပြီး A4 စာရွက်ထဲ သေးတယ် Tablet PC တို့ Ipad မှာ ဖြေရတဲ့ နည်းလမ်းပါ
      ကျွန်တော်သိတဲ့ သင်တန်းတွေကတော့ စာမေးပွဲနီးရင် မေးခွန်းဟောင်း လေ့ကျင့်ပေးတာ တွေ့ရပါတယ်။ မေးခွန်းဟောင်းကို အွန်လိုင်းပေါ်မှာ ရှာလို့ ရပါတယ်။ အပြင်မှာလည်း ရောင်းကြမယ်ထင်တယ်။ သင်တန်းကို မေးကြည့်တာ ကောင်းပါတယ်။

    • @KoZin-ch9xx
      @KoZin-ch9xx Рік тому

      ဟုတ်ကဲ့ ဆရာ ကျေးဇူးတင်ပါတယ်ဗျ။

  • @hanwintun9369
    @hanwintun9369 Рік тому

    မြန်မာနိုင်ငံမှာကျ ခုလိုအခြေအနေမှာ စာမေးပွဲ လုပ်ဖြစ်နိုင်လားဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      ကျနော်လည်း အခြား စဉ်းစားမိတာ ရှိပေမဲ့
      စာမေးပွဲကတော့ လုပ်ဖြစ်နိုင်ပါတယ်ဗျ

  • @koaungelectronic3665
    @koaungelectronic3665 Рік тому

    အသက်7နှစ်ကကြိတ်တီဘီဖြစ်လို့ခြောက်လဆေးသောက်ခဲ့ရဖူးတယ် ရရဲ့လားဆရာ အခုအသက်16ပါဗျ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      ဆေးစစ်ကြည့်ရင် သိပါလိမ့်မယ်။ အဆုတ်မှာ အမာရွတ်မကျန်ရင် ရပါတယ် ညီလေး။ နီးစပ်ရာ ဆေးခန်းမှာ ဆေးစစ်ကြည့်ပါ. အသက် 18 ပြည့်ရင် စာမေးပွဲ ဝင်ဖြေလို့ ရနိုင်ပါတယ်

    • @koaungelectronic3665
      @koaungelectronic3665 Рік тому

      ကျေးဇူးတင်ပါတယ်ခင်ဗျား နောက်သိချင်တာရှိရင်မေးခွင့်ပြုပါခင်ဗျား

  • @SawMoeMoe-rp6ij
    @SawMoeMoe-rp6ij Рік тому

    ဆရာ ရာသီဥတုန့ဲ လုပ်ငန်းဝင်ချိန်လေးတွေ မျှဝေပေးပါဦးရှင့်

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      ရာသီဥတု (4) မျိုးရှိပါတယ်။
      ၁. နွေဦးရာသီ (ဧပြီလမှ ဇွန်လ)
      ၂. နွေရာသီ (ဇူလှိုင်လမှ သြဂုတ်)
      ၃. ဆောင်းဦးရာသီ (စက်တာဘာလမှ နိုဝင်ဘာ)
      ၄. ဆောင်းရာသီ (ဒီဇင်ဘာလမှ မတ်လ)ဖြစ်ပါတယ်။
      လုပ်ငန်းခွင်ဝင်ချိန်တော့ ကျနော်က E9 လုပ်သားမဟုတ်တဲ့အတွက် အသေးစိတ် မျှဝေပေးဖို့ ခက်ပါတယ်ဗျ

    • @SawMoeMoe-rp6ij
      @SawMoeMoe-rp6ij Рік тому

      @@ckkrsharingkoreamyanmar ကျေးဇူးတင်ပါတယ် ဆရာရှင့်။ သိလိုတာများထပ်မံ​မေးမြန်းလျင် ​ကျေးဇူးပြုပြီးဖြေပေးပါဦးရှင့်။ ဆရာ အစစအရာရာအဆင်ပြေပါစေရှင့်

  • @NaingThuAung-j8f
    @NaingThuAung-j8f Рік тому

    စာမေးပွဲမအောင်သွားရလားအကို😊

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      EPS စာ‌‌မေးပွဲအောင်မှ သွားလို့ရတာပါ ညီ။

  • @ThaungDan-n5n
    @ThaungDan-n5n Рік тому

    စိုက်ပျိုးရေးက မြန်မာကိုခေါ်လားညီ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      EPS (E9) စိုက်ပျိုးမွေးမြူရေး လုပ်သားကတော့ နှစ်စဉ် ခေါ်နေပါတယ်။ ရာသီလုပ်သား ( E8) ကတော့ အတည်မပြုရသေးပါ။ ဖြစ်လာနိုင်ချေတော့ များပါတယ်။ စောင့်ကြည့်နေဆဲ ကာလပါ

  • @khaingmarlwin1696
    @khaingmarlwin1696 Рік тому

    အကို e8 က ဒီတစ်လပိုင်း ထဲဖြေရမယ် သေချာတယ်လို့ သင်တန်းကပြောနေလို့ ဟုတ်လားအကို

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      အတည်ပြုချက်တော့ မထွက်သေးဘူးဗျ။ ဖြစ်လာနိုင်ချေတော့ များပါတယ်။ တစ်ချို့ သင်တန်းတွေ တက်ပြီး ကြိုတင်ပြင်ဆင်နေကြတာ တွေ့ရတယ်။ အတိအကျတော့ ကျနော် မပြောနိုင်သေးပါဗျ

  • @yinnwetwin
    @yinnwetwin Рік тому

    သဘော်ကျင်း လုပ်ငန်းက ဘာတွေလုပ်ရလဲ အကို

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      သ‌င်္ဘောကျင်းမှာ အဓိက က ဝရိန်ဆော်တာ၊ ဂဟေဆက်တာကို အဓိက လုပ်ရပါတယ်။ သာမန် ဂဟေဆော်တာမျိုး မဟုတ်ဘဲ ပုံစံအမျိုးမျိုးနဲ့ နိုင်ငံတကာ စံနှုန်းအတိုင်း လုပ်ရတယ်လို့ သိထားပါတယ်။ နောက်တစ်ခုက ဆေးမှုတ်တာပါ။ သင်္ဘောကိုယ်ထည်ကို ဆေးမှုတ်တဲ့ အပိုင်းနဲ့ ဂဟေဆက်တဲ့ အပိုင်းတွေကို လုပ်ရပါတယ်ဗျ.

  • @xtetxperia8711
    @xtetxperia8711 Рік тому

    ကျေးဇူးပါဘဲဆရာ စာကျက်ဖို့ ပိုအားရှိလာပါတယ် 💪💪
    E9 ထဲကနေကျ ဂဟေဆတ်တဲ့ အလုပ်က ခေါလားဆရာ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      ကြားရတာ ဝမ်းသာပါတယ်ဗျာ.. အောင်မြင်ပါစေ။ E-9 ထဲမှာတော့ ကုန်ထုတ်နယ်ပယ်က
      သံနှင့် သံမဏိလုပ်ငန်း စက်ရုံအချို့တွေမှာ ဂဟေဆက်တာ လုပ်ရတတ်ပါတယ်။ သင်ပေးပါတယ်။ ကို ကျတဲ့ စက်ရုံပေါ် မူတည်တာပေါ့ဗျာ။အများစုက သာမန် ကုန်ထုတ်ပါ.

    • @aryatokirishima4178
      @aryatokirishima4178 Рік тому

      အကိုနော်ကဝရိန်အလုပ်ပဲကျွမ်းကျင်တော့ဆောက်လုပ်ရေးကကြာမလားလို့ပါ

  • @KaungKinn-y1c
    @KaungKinn-y1c Рік тому

    လူဟောင်းတွေပြန်မလာလို့စာမေးပွဲဖြေထားတဲ့လူတွေစောင့်နေရတာ မတရားဘူး

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      တရားမဝင်နေတဲ့သူများလို့၊ ပြန်မလာလို့ဆိုတာတော့ မဟုတ်ပါဘူးဗျ. ဆက်တိုက်တော့ ခေါ်နေတာပါ။ အလုပ်ခေါ်စာ ကျဖို့ ဆုတောင်းပေးပါတယ်

  • @laypyay-je1ex
    @laypyay-je1ex Рік тому

    ကိုရီးယားကမိန်းကလေး မခေါ်ဘူးလားရှင့်ဘယ်တော့မှ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      နောင်တစ်ချိန်ကျ ခေါ်လာနိုင်ပါတယ်။ ညှိနှိုင်း‌ဆွေးနွေးတွေ့ဆုံမှုတွေတော့ လိုပါတယ်၊

  • @ShweLone-t2b
    @ShweLone-t2b Рік тому

    သားလေးကtbဆေး6လသောက်ပြီးပြီ။ပြန်ခေါ်နိုင်လား

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      ဆေးသောက်ပြီး ဆေးပြန်စစ်ရမှာပါ။ အဆုတ်မှာ အမာရွတ်ကျန်သေးတယ် ဆိုရင် မရပါဘူး။ ဆေးပြန်စစ်ဖို့ လိုပါတယ်။ ဆေးပြန်စစ်လို့မှ ထပ်ပြီး တွေ့တယ်ဆိုရင် မရနိုင်ပါ။ ဆေးအောင်တယ်ဆိုရင်တော့ ခေါ်နိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးပြန်စစ်ပါ

  • @HtetWinZaw-g8o
    @HtetWinZaw-g8o Рік тому

    သဘော်ကျင်းမှာလုပ်ဖြို့မြန်မာကသူတွေဘယ်လိုသွားကြလည်းbro

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      သင်္ဘောကျင်းအတွက်က သီးသန့် လိုင်းခွဲ ရှိပါတယ်။
      EPS စနစ်မှာတော့
      ၁. ကုန်ထုတ်လုပ်ငန်း
      ၂. ဆောက်လုပ်ရေးလုပ်ငန်း
      ၃. စိုက်ပျိုး မွေးမြူရေးလုပ်ငန်း အဲ့လို နယ်ပယ် (၃) ခု နဲ့ ခေါ်ပြီး E-9 ဗီဇာ ပေးပါတယ် ။။
      သင်္ဘောကျင်းကတော့ အေဂျင်စီနဲ့ ခေါ်တာ ဖြစ်ပါတယ်။ တရားဝင် အသိအမှတ် ပြုထားတဲ့ အေဂျင်စီ 4 ခု လောက်က လွှတ်တယ်လို့ သိရပါတယ်။ ပေးတဲ့ ဗီဇာက E-7-3 ဗီဇာကို ပေးပါတယ်၊
      မြန်မာမှာက ဝရိန် ဗီဇာလို့ အလွယ်ခေါ်ကြပါတယ်၊
      သူက အဓိက ဝရိန်ဆော်တာ၊ ဂဟေ ဆက်တာ ကျွမ်းကျင်တဲ့သူတွေကို ဖြစ်လို့
      အရင်ဦးဆုံး ဝရိန် သင်တန်း သီးသန့်တက်ရတယ်လို့သိရပါတယ်။
      သာမာန် ဝရိန်မဟုတ်ဘဲ နိုင်ငံတကာ စံနှုန်းနဲ့ညီတဲ့ ဝရိန်နည်းပညာတွေ သင်ကြားရတာဖြစ်လို့
      သင်တန်းကြေး သီးသန့် 10 သိန်းအထက် ရှိပါတယ်။ ‌
      အေဂျင်စီကလည်း သိန်း 100 အထက် ရှိနိုင်ပါတယ်။
      ဒါက အားနည်းချက်ပါ
      အားသာချက်က
      E-7-3 ဗီဇာဟာ မိသားစု ‌ခေါ်လို့ ရပါတယ်။ လစာက တခြားနယ်ပယ်တွေထက် 4 သိန်းကျော်လောက် ပိုသာပါတယ်။
      သူက မြန်မာမှာ အသိအမှတ်ပြုထားတဲ့ အေဂျင်စီတွေဆီကို လာရောက်ပြီး ဝရိန်လက်တွေ့ စစ်ဆေးတာ၊ အင်တာဗျူးဖြေတာတွေ တိုက်ရိုက်လာလုပ်ပါတယ်။ အောင်သွားပြီ ဆိုရင် သွားရတာ မြန်ပါတယ်။ ကျနော် သိတာတော့ ဒီလောက်ပဲ ရှိတယ်ဗျ. အေဂျင်စီတွေကိုတော့ ကျနော်လည်း မသိထားဘူးဗျ

    • @AungAung-og1qp
      @AungAung-og1qp 5 місяців тому

      ​@@ckkrsharingkoreamyanmarအင်ဂျင်စီးသိချင်တာ ဆရာ😊 သင်တန်လေကော ဝရိန်

  • @yaezayar314
    @yaezayar314 Рік тому

    ကျနော်လည်း စာမေးပွဲဖြေပီးသွားမို့ပါဗျ ကုန်ထုတ်ရယ် ဆောက်လုပ်ရေးရယ် ၂ ခုထဲမှာ ဘယ်အလုပ်က ပိုအဆင်ပြေမယ်ထင်လဲဗျ, အချိန်ပို ဆင်းရမယ် ,ဝင်ငွေပိုရမယ်ဆိုရင် အဆင်ပြေပါတယ်။စာမေးပွဲကို ဘယ်တစ်ခုကို ရွေးဖြေသင့်လဲ အကြံပေးပါအုံး အကို။

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      ကုန်ထုတ်လုပ်ငန်း အများစုက သက်သာပါတယ်။
      ပင်ပန်းတဲ့ ကုန်ထုတ်လုပ်ငန်းတွေလည်းရှိတယ်။
      အများစုကတော့ ကုန်ထုတ်ကို ရွေးကြတယ်၊
      လစာ ကတော့ အချိန်ပို ပေါ်မူတည်တာမို့
      တစ်ချို့ဆို ကုန်ထုတ်နဲ့သွားပေမဲ့ ဆောက်လုပ်ရေးလောက် လစာ ရနေကြတာတွေ ရှိတာ တွေ့ရပါတယ်။ တစ်ချို့ကျတော့ အချိန်ပို မရှိ၊ အခြေခံလစာလောက်ပဲ ရကြတယ်။
      ဆောက်လုပ်ရေးကတော့ သေချာပေါက် ပင်ပန်းပါတယ်။
      အချိန်ပိုက ဆောက်လုပ်ရေး လုပ်ငန်းခွင်တိုင်း ရှိတာတော့ မဟုတ်ပါ.
      အများစုမှာ အချိန်ပို ရှိကြပါတယ်။ လစာကတော့ အချိန်ပိုအပေါ် မူတည်တာမို့၊
      အချိန်ပို များများလုပ်လေ လစာ ပိုရလေဖြစ်ပါမယ်။ လုပ်ငန်းခွင် အန္တရာယ်တော့ များတဲ့ ထဲပါပါတယ်။
      နိုင်ငံခြားမှာ အလုပ်လုပ်မယ်ဆို ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံမှုကို ထည့်စဥ်းစားဖို့လိုပါမယ်။
      ကုန်ထုတ်လုပ်ငန်းအများစုက safe ဖြစ်ပါတယ်.
      ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကတော့ safety risk ရှိတယ်။
      ဘေးကင်းကင်းနဲ့ သက်သက်သာသာ လုပ်ချင်ရင် ကုန်ထုတ်ဘက်ကို ရွေးသင့်ပြီး
      အန္တရာယ်တော့ ရှိပေမဲ့ ငွေများများနဲ့ စွန့်စားချင်ရင် ဆောက်လုပ်ရေးဘက်ကို ရွေးပါ။
      (နယ်ပယ် 2 ခုလုံးမှာ သက်သာတဲ့အလုပ်၊ ပင်ပန်းတဲ့အလုပ် စသဖြင့် 2 ခုလုံးရှိတာ သတိချပ်သင့်ပါတယ်)
      ကျနော်ကတော့ ကုန်ထုတ်ကိုပဲ ရွေးစေချင်ပါတယ်။

    • @yaezayar314
      @yaezayar314 Рік тому

      ​@@ckkrsharingkoreamyanmarကျေးဇူးပါ အကို ခုလိုသေချာ ရှင်းပြပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ဗျ❤

  • @ShweLone-t2b
    @ShweLone-t2b Рік тому

    ဆေးစစ်ပြီးသွာပြီ။2လပိုင်းမှပြန်လာခဲလို့‌ပြောတယ်။ဘာဆက်လုပ်ရမလဲ။

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      ဆေးက အောင်တာလား၊ ကျတာလားဗျ? အောင်လား ကျလား ဆိုတာ သိမှ ဘာဆက်လုပ်ရမလဲ ဆိုတာ ပြောလို့ရမယ်ဗျ။ အကောင်းဆုံးကတော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးဖြစ်မယ်ထင်တယ်ဗျ

  • @Kothi-u7h
    @Kothi-u7h Рік тому

    ကိုရီးယားကိုအလုပ်သွားရင်ပညာအရည်ချင်းထောက်ခံစာရှိမှ့ရတာလားဖြေပေးပါအုံးကျတော်က မရှိတော့လို့ပါ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      ကျနော်ပြောတဲ့ EPS စနစ်မှာ ပညာအရည်အချင်း မလိုတာမို့ အဲ့တာတွေ စိတ်ပူဖို့ မလိုပါဘူးဗျာ

  • @MaKhamOo
    @MaKhamOo Рік тому

    မိန်းခလေးအလုပ်ခေါ်ဖို့အစီစဉ်မရှိဘူးလားကိုရီး

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      ခုလောလောဆယ်ထိ မရှိသေးပါ။ နောက်ပိုင်းကျ ဖြစ်ကောင်းဖြစ်လာနိုင်ပါယ်

  • @KhaingThazin-wl7oe
    @KhaingThazin-wl7oe Рік тому

    မိန်ကလေးလုပ်သားတွေအတွက်အခွင့်လမ်းရှိလာအကို

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому +1

      နောင်တစ်ချိန်တော့ ရှိလာနိုင်ပါတယ်။ စောင့်ကြည့်ဖို့တော့ လိုအုံးမယ်

  • @zawzaw-dy1zw
    @zawzaw-dy1zw Рік тому

    စိုက်ပျိုးရေးနဲ့E8ဗီဇာခေါ်နေတာရှိပါသလားသိချင်လို့ပါ

    • @ckkrsharingkoreamyanmar
      @ckkrsharingkoreamyanmar  Рік тому

      သတင်းတွေမှာတော့ ကြေညာနေပါပြီ ။ အတည်ပြုချက်တော့ မထွက်သေးပါ