သာခွေယိုင် (ထမင်းပေါင်းအိုးနဲ့ချက်နည်း)
Вставка
- Опубліковано 7 січ 2025
- သာခွေယိုင်
(ထမင်းပေါင်းအိုးနဲ့ချက်နည်း)
ဒီတခါကတော့ ထမင်းပေါင်းအိုးနဲ့လွယ်လွယ်လေးချက်စားလို့ရတဲ့ "သာခွေယိုင်"လေးကိုချက်ပြမှာပဲဖြစ်ပါတယ်။ အုန်းနို့လေးကိုဆမ်းပြီး မွှေးမွှေးလေးနဲ့ အလွန်စားကောင်းတဲ့ "သာခွေယိုင်"ကို အခုလိုမျိုး ထမင်းပေါင်းအိုးနဲ့ လွယ်လွယ်ကူကူချက်လို့ရတော့ ကြိုက်တတ်ရင် နေ့တိုင်းတောင်ချက်စားလို့ရသေးတယ်နော်။ အခုတောင်ချက်စားလို့ရတာမို့ ချက်စားကြည့်ဖို့အတွက် Video လေးကို ကြည့်ကြည့်လိုက်နော်။
ပါဝင်သောပစည်းများ
၁။ ငချိတ်ဆန် - ဆန်ချိန်ခွက်ဖြင့် ၁ ခွက်ခွဲ
၂။ ကောက်ညှင်းဆန် - ဆန်ချိန်ခွက်ဖြင့် တဝက်
၃။ သကြားအညို (သို့) ဓနိသကြား - ထမင်းစားဇွန်း ၁၀ ဇွန်း
၄။ ဆား - လက်ဖက်ရည်ဇွန်း တဝက်
၅။ အုန်းနို့ - ၄၀၀ ml
၆။ သကြား- ထမင်းစားဇွန်း ၄ ဇွန်း
၇။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
(လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 teaspoon = 5 ml)
(ထမင်းစားဇွန်း ၁ ဇွန်း = 1 tablespoon = 15 ml)
စားဖူးတယ် စင်ကာပူမှာ သာခွေယိုင်ကဒါကိုပြောတာကိုး ကျေးဇူးပါ
Thank you for sharing with public
ကျေးဇူးပါအစ်မ
အရမ်းကြိုက်
သကြားအညို မရှိလို့ သကြား အဖြူပဲ သုံးလို့ရလားရှင့်
ကောက်ညှင်းဆန် ငချိတ်ဆန် ရေမစိမ်ရဘူးလား
စမိုင်လုပ်နည်းတသ်ပေးပါအုံး
Thanks
အရမ်းတော်ပါတယ်ရှင်