ပြည်ပမှ ကျောက်မီးသွေး တင်သွင်းခွင့်ပြု

Поділитися
Вставка
  • Опубліковано 9 лют 2025
  • ပြည်ပမှ ကျောက်မီးသွေး တင်သွင်းခွင့်ပြု
    ရန်ကုန်၊ ဖေဖော်ဝါရီ ၉
    ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍအတွက် မရှိမဖြစ် လိုအပ်တဲ့ ကျောက်မီးသွေးကို ပြည်ပကနေ တင်သွင်းခွင့်ပြုမယ်လို့ နစကမှ ထုတ်ပြန်ကြေညာလာပါတယ်။
    “၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ပြည်ပမှ တင်သွင်းခွင့်ပြုပေးမည်ဖြစ်ကြောင်း”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
    ပြည်တွင်းက စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ဖို့နဲ့ ဘိလပ်မြေစက်ရုံတွေ စဉ်ဆက်မပြတ် ကုန်ထုတ်လုပ်နိုင်ရေးအတွက် အဓိကရည်ရွယ်တာလို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
    ဒါ့ကြောင့် ကျောက်မီးသွေးတင်သွင်းဖို့ လိုအပ်တဲ့ ဘိလပ်မြေစက်ရုံတွေအနေနဲ့ သွင်းကုန်လိုင်စင်တွေ လျှောက်ထားနိုင်ကြောင်းလည်း အသိပေးထားပါတယ်။
    လက်ရှိ ပြည်တွင်းမှာတော့ ဘိလပ်မြေစက်ရုံ ပုဂ္ဂလိကပိုင် ၁၆ ရုံ၊ နိုင်ငံပိုင် ၃ ရုံ စုစုပေါင်း ၁၉ ရုံ ရှိနေပြီး အပြည့်အဝ လည်ပတ်ဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။
    မြန်မာနိုင်ငံအနေနဲ့ တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကနေ ဘိလပ်မြေကို အဓိကတင်သွင်းနေရပါတယ်။
    ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၉၂ သန်းကျော် တန်ဖိုးရှိတဲ့ ဘိလပ်မြေတန်ချိန် တစ်သန်းကျော် တင်သွင်းခဲ့ပြီး အဲဒီနောက် ပြည်တွင်းထုတ်လုပ်မှု မြင့်တက်လာတာကြောင့် ပြည်ပကနေ တင်သွင်းမှု လျော့ကျလာခဲ့ပါတယ်။
    ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြည်တွင်းဈေးကွက်အတွင်း ဘိလပ်မြေတွေ ပြတ်လပ်ခဲ့ပြီး ဈေးနှုန်းတွေလည်း တက်ရိပ်ပြခဲ့ပါတယ်။
    သတင်း - BETV Business
    #Myanmar_Business_News #BETV_Business_News #Coal_Import #Construction_Sites #Cement #Border_Normal #SAC

КОМЕНТАРІ •