တရားဦး ဓမ္မစကြာ (အပိုင်း ၁)

Поділитися
Вставка
  • Опубліковано 4 лип 2024
  • နောက်ခံအကြောင်း
    ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် မြတ်ဗုဒ္ဓ၏ ပထမဆုံးလုပ်ဆောင်မှုသည် လောကီဈာန်နည်းနာကို သင်ကြားပေးခဲ့ကြသည် အာဠာရ နှင့် ဥဒက ရသေ့ကြီးနှစ်ဦးနှင့် ပတ်သက်၍နေသည်။ ထိုရသေ့နှစ်ပါးကို ဉာဏ်တော်ဖြင့် ကြည့်ရှုသောအခါ ပထမရသေ့ကြီး ခန္ဓာကိုယ် ချုပ်ငြိမ်းသည်မှာ ခုနစ်ရက်ရှိ၍ ဒုတိယရသေ့ကြီး ကွယ်လွန်အနိစ္စရောက်သည်မှာ နာရီပိုင်းရှိကြောင်း သိမြင်ခဲ့၏။ ထိုရသေ့ကြီးများမရှိတော့သည့်အတွက် ဆက်လက်၍ ပဉ္စဝဂ္ဂီငါးဦး (panca vaggiya) ထံသို့သွားရောက် တရားပြရန်ဖြစ်သည်။[၅] ထို့ကြောင့် ပဉ္စဝဂ္ဂီတို့ရှိသော ဗာရာဏသီ၊ ဣသိပတန မိဂဒါဝုန်တော်သို့ မဟာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်နေ့ ညနေချမ်းတွင် ရောက်ရှိသည်။ ပဉ္စဝဂ္ဂီတို့က ဘုရားရှင်ကြွလာသည်ကို အဝေးမှမြင်သောအခါ
    "ငါ့ရှင်တို့ ... ဤရဟန်းဂေါတမသည် လာနေပြီ။ ထိုရဟန်းကြီးဂေါတမသည် ကမ္မဋ္ဌာန်းအလုပ်မှ လျောကျသူဖြစ်၏။ ပစ္စည်းလေးပါးပေါများရန် ကျင့်ကြံသူဖြစ်၏။ ပစ္စည်းလေးပါးပေါများရန်ဘက်သို့လည်း ဆောင့်သွားသူဖြစ်၏။ ထိုရဟန်းကြီး ဂေါတမကို ရှိမခိုးကြစတမ်း၊ ခရီးဦးကြို မပြုကြစတမ်း၊ သပိတ်သင်္ကန်းလှမ်း၍ မယူကြစတမ်း၊ သို့သော် ရဟန်းကြီးဂေါတမ ထိုင်လိုလျှင်ထိုင်ရအောင် နေရာကိုမူကား ခင်းထားကြမည်။
    ဟူ၍ အချင်းချင်း ဤသို့ပြောကြသည်။ ဘုရားရှင်က ၎င်းတို့၏ စိတ်အကြံကိုသိတော်မူ၍ ဩဓိဿက မေတ္တာကိုပွားရာ အနီးသို့ရောက်လျှင် ထိုမေတ္တာအာနုဘော်ရိုက်ခတ်မှုကြောင့် အချင်းချင်းထားခဲ့ကြသော ကတိမတည်နိုင်ဘဲ ခရီးဦးကြိုပြုခြင်း၊ သပိတ်သင်္ကန်းလှမ်း၍ ယူခြင်းများပြုကြသည်။ ခင်းထားသောနေရာသို့ရောက်သောအခါ ဘုရားရှင်က ထိုင်၍ ခြေတော်ကို ဆေးကြောသည်။ ပဉ္စဝဂ္ဂီတို့က ကာယကံဖြင့် အရိုအသေပြုကြသော်လည်း[၆] ဝစီကံအနေဖြင့် ယခုလာသော ဂေါတမကို ဗုဒ္ဓ(ဘုရား)မဖြစ်သေးဟု မှတ်ယူ၍ ငါ့ရှင် ဂေါတမ ဟူသောအသုံးနှုန်းဖြင့်စတင်၍ ဤသို့ဆိုသည်။
    ငါ့ရှင် ဂေါတမ ... ဥရုဝေလာတောမှာ တရားအားထုတ်နေစဉ် ကျုပ်တို့က ငါ့ရှင်ရဲ့ သပိတ်၊ သင်္ကန်းယူကာ ဟိုဟိုသည်သည် လှည်လည်ခဲ့ကြတယ်။ မျက်နှာသစ်ရေ၊ ဒန်ပူတွေလည်း ပေးခဲ့ကြတယ်၊ ... တံမြက်စည်းလှည်းပေးခဲ့ကြတယ်။ ....ကျုပ်တို့ခွဲခွာသွားလို့ စိတ်မှာ ဟိုတွေးဒီတွေးမတွေးဘူးလား။ (ပဉ္စဝဂ္ဂီ)
    ဘိက္ခုတို့ ... ငါ့ကို ဂေါတမလို့ နာမည်မခေါ်ကြနဲ့တော့။ အခုဆို ငါသည် ဗုဒ္ဓဖြစ်ခဲ့ပြီ။ အမတ (နိဗ္ဗာန်) တရားကို ငါသိခဲ့ပြီ။ နားထောင်ကြ ငါတရားဟောပြမည်။ ထိုတရားအတိုင်းကျင့်ပါက မြတ်သောတရားကို သင်တို့လည်း သိမြင်ကြလိမ့်မည်။ (ဗုဒ္ဓ)
    ထိုအခါ ပဉ္စဝဂ္ဂီတို့က ယခင် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ကျင့်ကြံတုန်းက ဘုရားမဖြစ်ဘဲ ယခုလို ကမ္မဋ္ဌာန်းမှထွက်ပြီး ဟိုလယ် သည်လယ် လုပ်၍ အစားအစာမှီဝဲမှသာ ဘုရားအဖြစ်ရောက်ခဲ့သည်ဆိုသည်ကို မယုံနိုင်ခဲ့ပေ။ ထိုအခါ ဗုဒ္ဓက ငါသည် ကမ္မဋ္ဌာန်းမှထွက်ပြီး ဟိုလယ် သည်လယ် လုပ်နေသည်မဟုတ်၊ ဗုဒ္ဓအဖြစ်သို့ ရောက်နေပြီးဖြစ်၍ တရားနားထောင်ရန် ဆိုသည်။ ဤသို့ဖြင့် သုံးကြိမ် အပြန်အလှန်ပြောဆိုနေခဲ့ကြသည်။[၇]
    ထို့နောက် ဘုရားရှင်က ပဉ္စဝဂ္ဂီတို့အား ယခင်က သူသည် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခဲ့သည်ဟု ကြေညာပြောဆိုခဲ့ပါသလားဟု မေးသော် ပဉ္စဝဂ္ဂီတို့က ထိုသို့ပြောဆိုခြင်းမရှိကြောင်း ဖြေကြားခဲ့လေသည်။ ထိုအခါ ပဉ္စဝဂ္ဂီတို့က ပြန်လည်စဉ်းစားကြ၍ ဘုရားမဖြစ်သေးဘဲ ဘုရားဖြစ်သည်ဟု ယခင်က မပြောကြားခဲ့ဘဲ ယခုမှသာ ပြောဆိုသည့်အတွက် ဧကန်ဗုဒ္ဓဖြစ်ပြီဟု နားလည်သဘောပေါက်လာခဲ့ကြသည်။
    ထို့နောက် ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီတို့အား တစ်ညလုံး ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့ရာ အာရုံတက်သို့ရောက်၍ တရားပြီးစီလျှင် အရှင် ကောဏ္ဍည သည် တရားကို သိမြင်နားလည်၍ သောတာပန်တည်ခဲ့သည်။[၅] လူသားအနေဖြင့် အရှင်ကောဏ္ဍညတစ်ပါးသာ သောတာပန်တည်သော်လည်း နတ်ဗြဟ္မာပေါင်း တစ်ဆယ့်ရှစ်ကုဋေတို့သည်လည်း သောတာပန်တည်ခဲ့သည်ဟု ထေရဝါဒပိဋကတ်စာပေများတွင် ဖော်ပြပါရှိသည်။[၆]
    "အညာသိ ဝတ ဘော ကောဏ္ဍညော ... အညာသိ ဝတ ဘော ကောဏ္ဍညော ...
    (အိုး ... ကောဏ္ဍညသည် သစ္စာပေါးတရားကို ထိုးထွင်းသိမြင်လေပြီတကား ... ကောဏ္ဍညသည် သစ္စာပေါးတရားကို ထိုးထွင်းသိမြင်လေပြီတကား" - ဗုဒ္ဓ၏ ဥဒါန်းကျူးရင့်ခြင်း
    ထို့သို့ သောတာပန်တည်ပြီးနောက် အရှင်ကောဏ္ဍညသည် ဘုရားရှင်ထံ သာမဏေအဖြစ်၊ ဘိက္ခုအဖြစ် ရရှိစေရန် ခွင့်တောင်းသော် ဘုရားရှင်က "ဧဟိ ဘိက္ခု၊ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မာစရိယံ၊ သမ္မော ဒုက္ခဿ အန္တကိရိယာယ" (ရဟန်း လာလော့၊ သင်ချစ်သားတောင်းခံအပ်သော ရှင်ရဟန်းအဖြစ် ခံယူလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာဟောကြားအပ်ပြီ၊ သင်သည် ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှာ အထက်မဂ်သုံးပါးတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် ရအောင်အားထုတ်လော့) ဟူ၍ ဘုရားရှင်က မိန့်ကြားခဲ့သည်။ ဘုရားရှင်၏ "ဧဟိ ဘိက္ခု" ဟူသော ပုဒ်ကို ရွတ်ဆိုလိုက်သည်နှင့် အရှင်ကောဏ္ဍညသည် ဆံရိတ်၊ သင်္ကန်းဝတ်ရုံပြီးဖြစ်လေသည်။
    ထို့နောက် ဝါဆိုလပြည့်ကျော်တစ်ရက်တွင် ဘုရားရှင်သည် မိဂဒဝုန်တွင်ပင် ဝါကပ်ကာ ဆွမ်းခံမထွက်ဘဲ ဝပ္ပမထေရ်ကို အဆုံးအမပေးသောကြောင့် ဝပ္ပမထေရ်သည် ထိုနေ့နံနက်ခင်းတွင် သောတာပန်တည်သည်။ ထိုနည်းတူ ဝါဆိုလပြည့်ကျော် ၂၊ ၃၊ ၄ ရက်များတွင် တစ်ပါးဆီကို အဆုံးအမတရားပေးရာ လပြည့်ကျော် နှစ်ရက်တွင် အရှင်ဘဒ္ဒိယ၊ သုံးရက်တွင် အရှင်မဟာနာမ၊ လေးရက်တွင် အရှင်အဿဇိ တို့အသီးသီး သောတာပန်တည်ခဲ့လေသည်။[မှတ်စု ၁] ဝါဆိုလပြည့်ကျော်ငါးရက်သို့ရောက်ရှိသောအခါ ဘိက္ခုရဟန်းငါးပါးစလုံးသောတာပန်တည်ပြီးသည်ဖြစ်၍ ထိုနေ့တွင် အနတ္တလက္ခဏသုတ်ကို ဟောကြားရာ ရဟန်းငါးပါးစလုံး ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။
    ပါဝင်မှု
    ဓမ္မစကြာသုတ်တွင် အစွန်းနှစ်ပါး၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ သစ္စာလေးပါးဆိုင်ရာဉာဏ် ဆယ်နှစ်ပါး၊ ဘုရားဖြစ်ကြောင်း ယခင်ကဝန်မခံခြင်း၊ ယခုဘုရားဖြစ်ကြောင်းဝန်ခံကြေညာခြင်း၊ ဉာဏ်မျက်စိပွင့်ခြင်း (ပစ္စဝေက္ခဏာဉာဏ်)၊ ပဉ္စဝဂ္ဂီများတရားတော်ကို နှစ်သက်ပုံ၊ အရှင်ကောဏ္ဍ သောတာပန်တည်ခြင်း၊ နတ် ဗြဟ္မာများကောင်းချီးပေးခြင်း စသည်တို့နှင့် ဗုဒ္ဓ၏ ဝမ်းမြောက်စကားများပါဝင်ကာ အဆုံးသတ်၌ အရှင်ကောဏ္ဍ ဘိက္ခု(ရဟန်း) ဖြစ်ပုံဖြင့် အဆုံးသတ်သည်။

КОМЕНТАРІ • 3

  • @dreamdream3926
    @dreamdream3926 3 дні тому +1

    ကျေးဇူးပါဘုရား

  • @yinyinthi8140
    @yinyinthi8140 2 дні тому +1

    သာဓုသာဓုသာဓုပါအရှင်ဘုရား။7,7,2024

  • @user-kh9fz9jb6t
    @user-kh9fz9jb6t 3 дні тому

    🙏🙏🙏🙏🙏