ပိုနီးလာတဲ့ အာလုံးရဲ့ တနေ့ | People's Spring

Поділитися
Вставка
  • Опубліковано 29 жов 2024
  • [ ESSAY ]
    ပိုနီးလာတဲ့ အာလုံးရဲ့ တနေ့
    ဂျာမုန်း
    ရင်ထဲတလှပ်လှပ်နဲ့ စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှု၊ ကြည်နူးမှုတွေနဲ့အတူ မျှော်လင့်ချက်အလင်းရောင် ဖျက်ကနဲလက်သွားတယ်။ အဲဒီနေ့က ဂျူလိုင် ၁၃ ရက်နေ့။
    ဖေ့စ်ဘွတ်ခ်သုံးနေရင်း “ဝေမိုးကျော်”ဆိုတဲ့အကောင့်ပိုင်ရှင်တင်ထားတဲ့ ဓာတ်ပုံနဲ့စာက သူ့ခံစားချက်တွေကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ လက်သည်ပေါ့။ ဝေမိုးကျော်ဆိုတာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာက ရဲဘော်တစ်ဦး။
    “ Home ... ၃ နှစ်ကျော်ကာလအတွင်း ရောက်ရှိခဲ့ပြီလေ။ ပျော်လွန်းလို့ထိန်းမရတော့ဘူး” ဆိုတဲ့စာနဲ့အတူ စစ်ကောင်စီက ချိတ်ပိတ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက သူ့အိမ်ကို ကိုယ်တိုင်သော့ဖွင့်ဝင်ရောက်ပြီး အိမ်ပြန်နိုင်ပြီဆိုတဲ့အကြောင်းကို ဓာတ်ပုံနဲ့တကွ တင်ထားတာ။
    ဒါကိုမြင်တော့ ဘယ်ပြောကောင်းမလဲ ဝမ်းသာပီတိ ဂွမ်းစည်ထိရပေါ့။ ဖေ့စ်ဘွတ်ခ်တခွင်မှာ အားလုံးကလည်း ဒီအကြောင်းအရာတစ်ခုထဲကိုပဲ ပြောဆို မျှဝေကြပြီး ဝေမိုးကျော်အတွက် ဝမ်းသာရင်း ကိုယ်စီအတွက်လည်း ရင်ထဲက “တနေ့” ဆိုတဲ့ကာလကို အတွေးထဲမျှော်ကြည့်နေကြတာပေါ့။ သူ့အတွေးထဲမှာလည်း အတောင့်တရဆုံးဖြစ်တဲ့ အိမ်ပြန်နိုင်မယ့်နေ့ကို ပုံဖော်နေမိတယ်။
    အိမ် ဆိုပြီး သူစဉ်းစားလိုက်တဲ့အခါ အမေက အိမ်ကိုအသက်ဝင်စေတဲ့ အဓိကဇာတ်လိုက်ပေါ့။ သူ့အတွက်တော့ အိမ်ဟာ မေမေပဲ။ မနက် မနက်တွေတိုင်း အိပ်ယာလာနှိုးတတ်တဲ့ မေမေ၊ အဆင်သင့် ခူးခပ်ပြီးသား မေမေပြင်ပေးတဲ့ ထမင်းစားပွဲ၊ အေးချမ်းလှတဲ့ မေမေ့ရဲ့ ဘုရားရှိခိုးသံ၊ သပ်သပ်ရပ်ရပ် ပြင်ဆင်ခြယ်သပြီး နေထိုင်တတ်တဲ့ သိပ်လှတဲ့ မေမေ့ရဲ့ပုံရိပ်၊ အပြင်ကနေ အိမ်ပြန်လာတိုင်း မေမေရေလို့ အော်ခေါ်ပြီး အရင်ရှာတတ်တဲ့ သူ့အဖို့ ချိုသာအေးချမ်းစွာပြန်ထူးတတ်တဲ့ မေမေ့အသံ၊ ဒီအကြောင်းတွေက သူ့ခေါင်းထဲ အစီအရီကျလာတယ်။ မေမေတစ်ယောက်ထဲကျန်ခဲ့တဲ့အိမ်ဆီ သူပြန်ချင်လှပြီ။ သူ့လိုပဲ ခေတ်ဆိုး စနစ်ဆိုးကြောင့် အိမ်ကစွန့်ခွာခဲ့ရသူတွေလည်း အိမ်ပြန်ချင်နေကြမှာသေချာတယ်။
    စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ဆိုတဲ့ကာလမှာ တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၀ ကျော်ကိုသိမ်းထားနိုင်ခဲ့ပြီတဲ့။
    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ရှမ်းမန်းစစ်ဆင်ရေး၊ ရခိုင်ပြည်နယ်တွင်းက မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ဒေသအသီးသီးက စစ်ရေးအောင်ပွဲသတင်းတွေဟာ ဒီကာလအတွင်း သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အလင်း။ စစ်ရဲ့ အနိဌာရုံတွေ၊ ဝါးမြိုလိုက်တဲ့ ပြည်သူတွေရဲ့ဘဝများစွာအတွက် ဒီပြည်တွင်းစစ်ကြီးကို သူမုန်းပေမယ့်လည်း စစ်အာဏာရှင်လူတစ်စုက အဓမ္မလုယူထားတဲ့ ပြည်သူတွေပိုင်တဲ့မြေကို တစ်လက်မချင်း တစ်ခုချင်း ပြန်သိမ်းယူနိုင်နေတဲ့သတင်းတွေကိုတော့ သူတောင့်တတယ်။
    အာဏာသိမ်းမှုနောက်ပိုင်းကြုံရတဲ့ နိုင်ငံ့စီးပွားရေးကျဆင်းမှုနဲ့အတူကပ်လိုက်လာတဲ့ ဆင်းရဲမွဲတေမှု၊ စစ်ဘေးတိမ်းရှောင်ရမှု၊ လူမှုဘဝမလုံခြုံမှုတွေအပြင် တက်မြဲတက်နေတဲ့ ရွှေဈေး၊ ဒေါ်လာဈေး၊ ဆီဈေး၊ အခြေခံစားသောက်ကုန်စည်၊ ဆေးဝါးနဲ့ အခြားလူသုံးကုန်ဈေးနှုန်းတွေကြား အလူးအလဲဖြစ်နေကြတဲ့ပြည်သူတွေရဲ့ဘဝအတွက် ဒီစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကသာ တစ်ခုတည်းသောအဖြေလို့ သူယုံကြည်ထားတယ်။
    ဒီကာလမှာ ရင်ထဲစွဲနေတဲ့စကားက “ငါတို့မြို့ ငါတို့ပိုင်တယ်” တဲ့။
    𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
    / ludunwayoo
    𝗬𝗼𝘂𝗧𝘂𝗯𝗲 - / @peoplespring
    𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - / ludunwayoo
    𝗪𝗲𝗯𝘀𝗶𝘁𝗲 - www.ludunwayoo...
    𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 - / ludunwayoo
    𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - t.me/peoplespring
    𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗮𝗰𝘁-𝗖𝗵𝗲𝗰𝗸𝗶𝗻𝗴 - t.me/community...
    #ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews #jamone #ဂျာမုန်း #essay #podcast #ပိုနီးလာတဲ့အာလုံးရဲ့တနေ့

КОМЕНТАРІ • 62

  • @papa-v7u
    @papa-v7u 3 місяці тому +2

    ပိုနီးလာတဲ့ငါတို့အားလုံးရဲ့တနေ့
    ရောင်နီတွေသမ်းလာသောရောင်နီလာမဲ့လမ်းအတွက်ဒို့ပြည်သူတွေအားလုံးအသင့်ပြင်ထားကြစို့❤❤❤❤❤❤❤❤❤❤❤❤

  • @DawDaw-oe5kk
    @DawDaw-oe5kk 3 місяці тому +1

    မြင့်မြတ်စိတ်ထားပိုင်ရှင်များရဲ့ဆန္ဒအမြန်ပြည့်ပါစေ
    ❤❤❤❤❤❤❤❤❤❤

  • @thainkatamyanmar4317
    @thainkatamyanmar4317 3 місяці тому +7

    ရင်တွင်းကဗျာထိချက်ရှဘိ ထပ်ဆင့်ခံစားမျှဝေရွတ်ဆို နာကျင်သံထွေး ဂျာလေးသံ ရောရှက် ထိချက်ကပြင်း ထိုအခိုက်ခဏတာလေး ငါ့ မျက်ဝန်းကအရည်ကြည်တစ်စက်ဖျတ်ကနဲ စီးကျ အိုကွာ တို့လည်းလူသားခံစားတတ်တဲ့ သဘာဝလူသား မို့ပါပဲလား(ဆယ်လမွန်တို့ဌာေနပြန် နေပြီပဲရောက်တော့မှာမလွဲ) အားမလျှော့လေနဲ့ သူရဲကောင်းတွေ ဟိုမှာကြည့်စမ်း အိမ်အပြန်လမ်းက ကမ်းလက်အနမ်းနဲ့ ကြိုနေတဲ့ပြည်သူ့အပြုံးကိုယ်စီနဲ့ ရှိနေပြီ ချစ်သူရဲကောင်း ရေ❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @MaMa-up7lz
    @MaMa-up7lz 3 місяці тому

    💪💪💪💪🙏🙏🙏❤❤

  • @Nan123-p4d
    @Nan123-p4d 3 місяці тому +1

    မဂ်လာပါ အေးချမ်းသာယာပျော်ရွင် တဲ နိုင်ငံ ဖြစ်ပါစေ

  • @OoKyaw-d4v
    @OoKyaw-d4v 3 місяці тому +1

    လေးစားပါတယ်ညီလေးညီမလေးတို့❤❤❤

  • @uchan9717
    @uchan9717 3 місяці тому +1

    ပြည်သူချစ်သောသတင်းသမားရှိတယ်နော်။ လိုရင်းတိုရှင်းပြောတတ်ပံုက။ စံနမူနာဖြစ်သွားပြီ။

  • @Ashindama-q1f
    @Ashindama-q1f 2 місяці тому +1

    ရင်ထဲထိလှတဲ့ဆောင်းပါးပါဘဲ ကျေးဇူးပါ ဂျာမုန်း

  • @kantkaw4090
    @kantkaw4090 3 місяці тому

    We pray to be full your hopeness.
    😍😍😍😍😍😍😍

  • @WinZaw-nq9wn
    @WinZaw-nq9wn 3 місяці тому +1

    အားပေးနေပါတယ်ဂျာမုန်း
    သက်ရှည်ကျန်းမာပါစေ
    ❤🎉❤❤🎉🎉❤❤❤🎉🎉🎉❤❤❤❤🎉🎉🎉🎉❤❤❤❤❤🎉🎉🎉🎉🎉

  • @sanwin-ko9nw
    @sanwin-ko9nw 3 місяці тому +1

    မင်္ဂလာပါ
    မဂျာမုန်း

  • @MyoAung-zf2uy
    @MyoAung-zf2uy 3 місяці тому +1

    မဂ်လာပါဂျာမုန်းကျမ်းမာပါစေ

  • @thantunlayinde
    @thantunlayinde Місяць тому

    ကျေးဇူးပါ -ဂျာမုန်း

  • @zorzaw518
    @zorzaw518 3 місяці тому +1

    ကိုယ်မေကိုပြန်လိုးနေတဲ့မင်းအောင်လှိုင်ရဲ့ခွေးမျိုးဆက်တစ်ဆက်လုံး အမြစ်ဖြတ်သုတ်သင်ပေးမှသာ နောက်နောင်ခုလိုအရိုင်းစိုင်းကောင်မင်းအောင်လှိုင်မပေါ်လာတော့မှာ

  • @AhsinTilawka
    @AhsinTilawka 2 місяці тому

    ကျေးဇူးပါ ဂျာမုန်း

  • @AyeAyeThet-k9y
    @AyeAyeThet-k9y 3 місяці тому +1

    မဂ်လာပါခံဗျာစ

  • @khinmayoo4457
    @khinmayoo4457 3 місяці тому +1

    မဂ်လာပါသမီးလေးဂျာ❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @rose2-f7i
    @rose2-f7i 3 місяці тому

    အိမ်ဝေးသူတွေအိမ်ပြန်ဖို့
    လက်တကမ်းသာလိုပါတော့တယ်ရောင်နီလည်း
    ပေါ်လာပြီအားစိုက်ရုန်းရင်း
    အဆုံးထိအတူရှိနေပါမယ်
    ❤❤❤❤❤

  • @ThantZin-b4o
    @ThantZin-b4o 3 місяці тому

    မဂ်လာပါချစ်ဂျာမုန်းလေးရယ်

  • @thuzartun8892
    @thuzartun8892 3 місяці тому

    ❤️❤️❤️❤️❤️❤️❤️❤️❤️❤️💞

  • @မျိုးမေလင်း
    @မျိုးမေလင်း 3 місяці тому

    ချစ်တယ် ဂျမုန်းလေးရယ် 😘💖

  • @joelay-y5f
    @joelay-y5f 3 місяці тому

    ❤❤❤❤❤❤❤❤❤❤

  • @NyeinNyeinAyeAye
    @NyeinNyeinAyeAye 3 місяці тому +1

    ❤❤မမရယ်🎉မမကိုလေး❤မမရယ်

  • @nobody-cr9mj
    @nobody-cr9mj 3 місяці тому

    ❤❤❤❤❤🎉🎉🎉🎉🎉

  • @heinsoelay6234
    @heinsoelay6234 3 місяці тому

    ❤❤❤

  • @5v-wz1io
    @5v-wz1io 3 місяці тому

    မဂ်လာပါမမဂျာမုန်း❤❤လေးစားပါတယ်မမဂျာမုန်း❤❤အိမ်တော့ပြန်ချင်တယ်မပြန်ရသေးဘူးအိမ်မှာမာမီနဲ့အလုပ်သမားလေးတွေဘဲရှိတာလေမမဂျာမုန်းပြောနေတာကြားလို့မာမီကိုလွမ်းလို့မျက်ရည်ကြရပြီလေ❤❤
    ​လေးစားပါတယ်မမဂျာမုန်း❤❤

  • @Moehtet-x3f
    @Moehtet-x3f 18 днів тому

    🎉🎉🎉🎉🎉❤❤❤❤❤

  • @vbmwrtxcvdga3314
    @vbmwrtxcvdga3314 Місяць тому

    နေစွဲပါတင်ညီမရယ်

  • @Nizan4357
    @Nizan4357 3 місяці тому

    ဝမ်းသာပါတယ်

  • @chochoaung6376
    @chochoaung6376 3 місяці тому

    ❤❤❤❤❤❤❤🎉🎉🎉🎉🎉🎉🎉🎉🎉

  • @zawzaw-pt9sq
    @zawzaw-pt9sq 3 місяці тому

    မင်္ဂလာပါ ချစ်ညီမ ဂျာ 💖💖💖💖💖💖💖💖

  • @LwinHlaingOoLwinHlaingOo-f2c
    @LwinHlaingOoLwinHlaingOo-f2c 3 місяці тому

    🎉🎉🎉❤❤

  • @MgSoe-sb5yl
    @MgSoe-sb5yl 3 місяці тому

    ဘေးကင်းပါစေ🙎🏿‍♀️🐉💌

  • @NaingLin-z1v
    @NaingLin-z1v 18 годин тому

    မုဏ်း

  • @konaing-r5p
    @konaing-r5p 3 місяці тому

    ❤❤❤❤❤❤❤❤❤❤❤❤❤🎉

  • @minaung342
    @minaung342 3 місяці тому

    မဂ်လာပါ❤❤❤❤❤🎉🎉🎉

  • @yeminpaing577
    @yeminpaing577 3 місяці тому

    ❤❤💪🏽

  • @สุมาลีหล่อแหลม-ฬ3ศ

    👏👌💪👍❤️

  • @TayzarAung-p2z
    @TayzarAung-p2z 3 місяці тому

    ❤❤❤ တော်လှန်မနက်ခင်းပါ 😊❤❤❤

  • @nwayoolin505
    @nwayoolin505 3 місяці тому

    ချစ်တယ် ကချင်မ

  • @ShineLay-s6j
    @ShineLay-s6j 3 місяці тому

    သားတို့၊သမီးတို့အားလုံးဘေးမသီရန်မခ၊အောင်ပွဲ
    တွေနဲ့အတူအိမ်ကိုတနေ့ပြန်ကိုရောက်စေရမယ်။စနစ်ဆိုးကြီးအမြန်ချုပ်ညိမ်းပြီးအေးချမ်တဲ့လူမူ့ဘဝမှာအမေ့ဥယျဥ်ထဲကပန်းလေးတွေပြည်သူတို့မေတ္တာကြောင့်တနေ့အမေ့ရင်ခွင်စီပြန်ကိုရောက်စေရမယ်။

  • @MandalayCity-s6l
    @MandalayCity-s6l 3 місяці тому

    ကဗျာဖတ်ပြနေတဲ့ ဂျာမုန်းလေးက ကဗျာကို ပိုပြီးကဗျာဆန်စေခဲ့တယ်။

  • @NwayNwayAung-to1oy
    @NwayNwayAung-to1oy 3 місяці тому

    ရင်ကိုထိရှစေသောက‌ဗျာလေးပါ တော်လှန်မောင်နှမများအားလုံး ဘေးအန္တရာယ်ကင်းစွာနဲ့ အိမ်ကိုအမြန်ဆုံးပြန်နှိင်ကြပါစေ🙏🙏🙏

  • @Prince-cr7xs
    @Prince-cr7xs 3 місяці тому

    ဒို့ PCF တွေကလည်း တညီထဲရုန်းလိုက်ရအောင်

  • @AyeThin-c9v
    @AyeThin-c9v 3 місяці тому

    မဂ်လာ နေ့လည်ခင်းလေးပါ လူထုနွေဦးနဲ့ချစ်ဂျာလေးရေမျှဝေတာကျေးဇူးအထူးတင်ရှိပါတယ်ရှင် 👋👋👋💙💙အရင်ကဆို ကဗျာတွေကို အဲ့လောက့်မသိခဲ့ပါ ဒီနွေဦးကြီးရောက်မှာ ကဗျာလေး တွေက သိပ်ကိုခံစားရပါသည် မျက်ရည် ရေကာတာကျိုးပေါက်နိုင်သော ကဗျာလေး များ 😭😭😭အားတင်ပြိ ဆက်ရုန်းကြရအောင် ဂျာလေးရေ 💪🤘⭐နေွဦးပန်းဖူး နေ့တိုင်းခူးတော့ နွေရူးကုန်ချိန် နီလာပြိး 💯🏵💐🌸🌻🥀🌺🌷🌿🌹

  • @khunkyawsai3095
    @khunkyawsai3095 3 місяці тому

    ကဗျာဖတ်ပြလို့ကျေးဇူးတင်ပါတယ်❤❤❤❤❤🎉🎉🎉🎉🎉

  • @uchan9717
    @uchan9717 3 місяці тому

    ဂျာမုန်ကတော့။ ဒီလိုလဲပြည်သူကိုသတင်းပေးဖြန့်တတ်တယ်နော်သက်ကြီးရွယ်အိုမှတ်ချက်။ ဖိုးဖိုး

  • @KhinHla-e5r
    @KhinHla-e5r 3 місяці тому

    🏡💃💃💃🤝🤝🤝👍👍👍

  • @UwisatKhana-i8l
    @UwisatKhana-i8l Місяць тому

    မင်္ဂလာပါ
    မဂျာမုန်း

  • @မင်းမျိုးနွယ်-ည၅ည

    ❤❤❤

  • @MinGaung-w2i
    @MinGaung-w2i 3 місяці тому

    ❤❤❤❤❤❤❤❤❤❤❤

  • @umgthein3334
    @umgthein3334 3 місяці тому

    ❤❤❤❤❤❤❤❤

  • @SkF9n
    @SkF9n 3 місяці тому

    ဂျာမုန်းလေးလည်းမကြာမီအိမ်ပြန်ရတော့မယ်❤❤❤

  • @Messi-j6y8z
    @Messi-j6y8z 3 місяці тому

    ❤❤❤❤❤❤

  • @MinMin-o4l9e
    @MinMin-o4l9e 3 місяці тому

    ❤❤❤❤❤❤❤❤

  • @BabyLay-v3p
    @BabyLay-v3p 3 місяці тому

    မဂ်လာပါသမီးဂျာမုန်းရေကျန်းမာဘေးကင်းပါစေ❤👍💪

  • @Khin-s8v
    @Khin-s8v 3 місяці тому

    ဂျာမုန်းကျမ်းမာပါစေအစစအရာရာဂရုစိုက်ညီမ

  • @MaungMaung-c6z
    @MaungMaung-c6z 3 місяці тому

    ဝျာမုန်းရေအတူရှိနေပါတယ်