အညာစကား (အရှင်ကောသလ္လ ရေဦး) ရေးသားဖွဲ့ဆို ၊ ဦးဝင်းသန့် အသံဖြင့် ဖော်ကြူးထားသည်။

Поділитися
Вставка
  • Опубліковано 6 вер 2024
  • #အညာစကား#
    ပြောကြရင်သာ 'အညာ အညာ' နဲ့
    တကယ်တမ်းကျတော့
    'ညာ'ဖို့နေနေသာသာ
    ရိုးပုံရိုးလက်က လက်ဖျားခါသယ်။
    တမာ-ထနောင်းကိုချန်ထားပြီး
    အညာအကြောင်းပြောမယ်ဆို
    ဆားမပါတဲ့ အသားကို
    သွားမပါဘဲ စားရသလိုနေမှာပါ့။
    အညာကိုရောက်ရင်
    မန်းကျည်းရွက် ညောင်ရွက်
    ထနောင်းရွက် ကုက္ကိုရွက်
    ကိုယ့်လူ သုပ်ချင်သာ သုပ်
    စေတနာကိုတော့ အိုးမည်းမသုပ်နဲ့
    အုတ်ခဲနဲ့ လုပ်ခွဲလိုက်လို့
    တုတ်ဆွဲ ဓားဆွဲနဲ့
    အကျိုးနည်းသွားမယ် ဘာမှတ်။
    အညာသား အညာသူဆိုသာ
    အကြောင်းသိတွေမို့ သဘောကောင်းရင်
    အညောင်းမိနေရင်တောင် ကျောထောင်းပေးသယ်
    အေး
    အကြောင်းမသင့်လို့ သဘောဆိုးလို့ကတော့
    မောင့် ကျောရိုးတော့ ကွဲပြီသာမှတ်။
    အသားညိုသလေး
    စကားပိုသလေး လာမပြောနဲ့။
    ထက်စရာရှိရင်
    ဓားလို ထက်ကြသူချည်း။
    ရေနောက်သလေး
    မြက်ခြောက်သလေး လာမပြောနဲ့။
    ကြောက်စရာရှိလည်း
    ကြက်ပျောက် ငှက်ပျောက်ကို ပျောက်ရော။
    အညာသူ အညာသားဆိုတာ
    ချစ်ရင်သာ အစွဲချစ်သာရယ်
    မုန်းရင်တော့ ခဲတပစ်သာသာပဲ
    ကဲ
    ဘယ်လောက်ကြာမှတ်လို့။
    ဒါတောင်
    နဂိုချောသာ ထည့်မပြောဘူး။
    အပျိုပေါသာ ထည့်မပြောဘူး။
    သနပ်ခါးပေါသာ ထည့်မပြောဘူး။
    အရက်သမားပေါသာ ထည့်မပြောဘူး။
    သံဃာပေါသာ ထည့်မပြောဘူး။
    ကြံသကာပေါသာ ထည့်မပြောဘူး။
    နှစ်ဖက်ခွဲနဲ့ ထလက်(ထန်းလက်)တဲမှာ
    လက်ဘက်ပွဲနဲ့ ထညက်(ထန်းလျက်)ခဲကို ပွဲတော်တည်ပြီး
    လေအေးလေး တိုးလာရင်
    ရေနွေးအိုးလေးကို အသာအယာငှဲ့
    ဒါကိုက
    အညာရဲ့အရသာပဲ မောင်ရေ့။
    Credit
    အရှင်ကောသလ္လ (ရေဦး) ရဲ့ကဗျာ

КОМЕНТАРІ •