သူတို့ကချမ်းသာပြီး ခင်ဗျားက ဘာလို့ဆင်းရဲနေတာလဲ?
Вставка
- Опубліковано 16 січ 2025
- ဘာဖြစ်လို့မင်းနဲ့ငါရဲ့ ချမ်းသာမှုက ကွာခြားရတာလဲ ?
.
** အလုပ်ချိန်မှာ
မင်း Facebook သုံးတယ် ၊ Coffee သောက်တယ် ၊ အလုပ်ပေါ်အရေးမထားဘူး
၊ဒါကြောင့် မင်း အိုဗာတိုင် ဆင်းရတယ်။
.
ငါ-အလုပ်ကိုမြန်မြန်ပြီးအောင်ငါအရင်ကြိုးစာတယ် ။ အိုဗာတိုင် ဆင်းစရာမလိုအောင် ငါကြိုးစားတယ်။
ဒါမှ ငါ့မှာအလုပ်ချိန်အပြင် အချိန်ပိုရှိမှာလေ
** ရုံးဆင်းချိန်မှာ
မင်း--သူငယ်ချင်းနဲ့ မင်း Beer သောက်တယ် ၊ လက်ဖက်ရည်ဆိုင်ထိုင်တယ်
ဒါမှ မဟုတ် မင်းအပြင်ကို ထွက်လည်တယ်
.
ငါ-UA-cam မှာ ဟင်းချက်နည်း တွေငါအိမ်မှာ ထိုင်ကြည့်တယ်၊လေ့လာတယ်
ပြီးတော့ ငါလက်တွေ့ ဆန်းလုပ်ကြည့်တယ်
.
.
** ရုံးပိတ်ရက်
မင်း ----အိပ်ရာထနောက်ကျတယ် ၊ (ရှောပင်ဒစင်တာ)shopping center မှာလျှောက်ပတ်တယ် ၊ နယ်ဘက်သွားလည်တယ်
.
ငါ ---မနက်အစောကြီးထတယ် ၊ ငါ UA-cam မှာသင်ထားတဲ့ဟင်းချက်နည်းနဲ့ ငါတစ်ခုခုချက်ပြီးငါရောင်းတယ် ။ အစကတော့ ဝယ်တဲ့ သူသိပ်မရှိပေမဲ့ ။ ငါကောင်းသထက်ကောင်းအောင် ငါကြိုးစားတယ်
.
.
** ရက်ရှည်ရုံးပိတ်ရက်
မင်း --မင်းခရီးထွက်လည်တယ်၊ ကမ်းခြေသွားမယ် ဓာတ်ပုံရိုက်တယ်
Facebook ပေါ်တက်ကြွားတယ်
ငါ---- Online ကနေကိုယ်ရောင်းချင်တဲ့ အရာကို ဘယ်လိုရောင်းရမှာလဲဆိုတာ ငါအိမ်မှာ လေ့လာတယ်
.
.
** ပိတ်ရက်လဲပြီးရော
မင်း ---- ပိုက်ဆံ ပြောင်ရော
ငါ ---- အွန်လိုင်းကနေတဆင့် ဝင်ငွေ နောက်တစ်လမ်းရှိပြီ
.
.
** နောက် ၂ နှစ် ၃ နှစ် ကြာသွားတဲ့အခါ
မင်း ---- ဘဝက အရင်အတိုင်းဘဲ ဘာမှမပြောင်းလဲဘူး
ပြီးတော့ ဒီအကြောင်းပြချက်တွေနဲ့ တိုင်ပတ်နေ တယ်
ငါအဆင်သင့်မဖြစ်သေးဘူး
ငါအရင်းအနှီး လိုသေးတယ်
ငါအခွင့်အရေးမရှိသေးဘူး
.
ငါ ---- ငါရောင်းတဲ့အစားအစာတွေ သဘောကျတဲ့သူရှိလာတော့၊ ငါဆိုင်ခွဲအများကြီးဖွင့်တယ် အလုပ်သမားကိုငါရာခိုင်နှုန်းခွဲပေးတော့ ငါကိုယ်တိုင်သွားထိုင်ရောင်းစရာမလိုဘူး
ပြီးတော့ ငါ့ရဲ့ Online စီးပွားရေးက အစက နဲနဲတော့ ရောင်းရတယ် ၃၊၄ ကြိမ်လောက် ငါကျရှုံးတယ်
ငါ့လိုအပ်ချက်ကို ငါပြုပြင်တယ် ၊ နောက်ဆုံးတော့ ငါ့ online ပေါ်ကဆိုင်လဲ နာမည်ရနေပြီ ။
.
.
** ဆယ်နှစ်လောက်ကျော်သွားတဲ့အခါ
မင်းငါ့ကိုကြည့်တဲ့အမြင် ----
အေးပါကွာ မင်းတော်တော်ကံကောင်းတာပဲ အခွင့်အရေးကမင်းဆီပဲဝင်ဝင်လာတယ်တဲ့
တကယ်မေးပါရစေ မင်းဘယ်က အချိန်ပိုရှိလို့ လုပ်နိုင်တာလဲ ??
ငါ မင်းလိုသာ အချိန်ပိုရှိရင် ငါလဲလုပ်နိုင်ပါတယ်ဟာ
ငါတို့ လူတွေက ကံကွာတယ်ကွာ မင်းအရင်ဘဝက ကောင်းမှုတွေအများကြီးလုပ်ခဲ့လို့နေမှာ
ဒါကြောင့်မင်းအမြဲတမ်းကံကောင်းနေတာ
.
ငါမင်းကိုကြည့်တဲ့အမြင် -----
မင်းဘယ်သိမှာလဲ ငါဒီနေရာရောက်ဖို့ ဘယ်လောက်ထိပေးဆပ်ရလဲဆိုတာ
မင်းကိုပြောပြတယ် ၊ မင်းကို သတိပေးတယ် ၊ မင်းက ခေါင်းထဲမှမထည့်တာ
၊ တခါတလေ မင်းထိုင်ပြီးတွေးတာကို မြင်ပါတယ်
ဒါပေမဲ့ မင်းလက်တွေ့ချလုပ်တာကို ငါဘယ်တော့မှ မမြင်ဘူး
မင်းသူများမှားတယ်ဆိုပြီး အပြစ်တင်တယ် ၊ ကိုယ့်ကိုကိုယ်ဘယ်တော့မှ အပြစ်မတင်ဘူး
မင်းငါ့ကိုချီးကျူးတဲ့အချိန်မှာ ငါလဲပြုံးပြတယ်
.
ဟုတ်မှာပေါ့ ငါကံကောင်းပါတယ်
မင်းထက်ငါကြိုးစားချင်တဲ့စိတ်ရှိတဲ့အတွက်ကြောင့်ဘဲ
လူတယောက်နဲ့တယောက် ချမ်းသာကြွယ်ဝမှုချင်းမတူတာ၊ တယောက်က ချမ်းသာပြီး တယောက်ကဆင်းရဲနေတာဟာ ကြိုးစားအားထုတ်မှု၊ စဉ်းစားတွေးခေါ်မှုပေါ်မှု၊ လေ့လာသင်ယူမှု စတဲ့အချက်တွေပေါ်မှာ အများကြီးမူတည်တယ်
ဒါတွေတင်ဘဲလား? မကသေးပါဘူး
ဆက်ကြည့်ကြရအောင်
ဟုတ်ပါပြီ ကျေးဇူပါ မြန်မာပြည်မှာ အသိပညာရှိတဲ့သူတွေအများကြီး နေရာမှမရတာ
ခုပြောနေတာအစ်ကိုလားညီလားမသိဘူး ပညာတွေယူတယ် အကောင်ထည်ဖော်ဖို့ အလီဘာဘာ မှတ်ထားတော့ရော မြန်မာပြည်မှာ အဲ့လိုမြေတောင်မြှောက်ပေးလား
လူငယ်တွေကိုဂျင်းမထည့်ပါနဲ့ စာအုပ်တွေစာအုပ်တွေဖက်ပြီး တကယ့်လက်တွေ့ ဘာမှဖြစ်မလာတာမြန်မာပြည်ပါ
စေတနာချင်းမတူကြလို့ ချမ်းသာဆင်းရဲ မတူကြဘူးပေါ့ အဲအဖြေပါဘဲ
အသက်၂၀အရွယ်မှာ တီလို ဗဟုသုတ Video တွေ တွေ့ရလို့ ကံကောင်းပါတယ် ❤❤❤
ကျေးဇူပါ ဒါပေမယ့် မြန်မာနိုင်ငံမှာအဲ့လိုလုပ်လို့ရလား ဘာမှမသုံးပါဘူး ချွေတာပါတယ် ဒါပေမယ့် တူပါ့မလား အခွင့်အလမ်းက မြန်မာပြည်မှာ
bro ကျွန်တော့်လိုလုပ်ကြည့်ပါလား ကို့ဝင်ငွေတွေထဲကစုပိးဘေးပတ်ဝန်းကျင်လိုအပ်တာကိုလေ့လာပိး ဝယ်စုထားကြည့်ပါလား မဆိုးဘူးဗျ
ေက်းဇူးပါဆရာ
မန်ဘာ ဘယ်လိုဝင်ရမလဲဟ
သေချာပြောပြထားတာမတွေ့ဘူး
pageကလဲ စာပို့မရ
လဘက်ရည်ဆိုင် ဘီယာဆိုင်ထိုင်တာ အချိန်ဖြုန်းသက်သက်ပဲ😢အားမပေး😮 ဗဟုသုတ အမြဲလေ့လာ😅
ငွေကြေးနဲ့ဆိုင်တဲ့စကားတွေ ခင်ဗျားအနေနဲ့ လို့ပြောတယ်နော် ဘယ်သူကလက်ကမ်းလို့လဲး မြန်မာပြည်မှာ
matrix အကြောင်းသိချင်ပါတယ် တင်ပေးပါဦးခင်ဗျ
Right
ဘယ်လိုဆက်သွယ်ရမလဲ
လူတိုင်းချမ်းသာမယ်လို့ထင်နေတာလား တယောက်ချမ်းသာရင် တယောက်က ဆင်းရဲမှာပဲလေ လူတိုင်းမချမ်းသာနိုင်ဘူး
ဘေဘီလုံးလဲးဖတ်တယ် but ခုပြောနေတာတွေကိုမြန်မာနိုင်ငံမှာ အခွင့်လမ်းရှိပါ့မလား
အရန်ကောင်းတယ်အကို
ဘယ်လိုဆက်သွယ်ရမလဲရှင့်
မဟုတ်တာတွေပြောပုံပြင်နားထောင်ရသလိုပါကွာမင်းကိုယ်တိုင်အဆင်သင့်ဖစ်ပြီလား
ဘာလို့လဲ
ပေါတောတောတေ
ဆင်းရဲဘူးလား
ကုသိုလ်အလှူဒါနများများအတိတ်ဘဝကမလုပ်ဆောင်ခဲ့သမျှသူများချမ်းသာကြွယ်ဝသလိုမိမိချမ်းသာမယ်ထင်လျှင်ထ္မင်းဆီးဆမ်းရွှေလင်ပန်းနဲ့ဖိုးရွှေလမင်းဆီတောင်းခံသလိုဖြစ်နေမပေါ့ဗျာဒါ့ကြောင့်အလှူဒါနများများလုပ်ဆောင်ပေးကြပါခင်ဗျာကံမကောင်းရင်ညာဏ်ရှိသလောက်မွဲတတ်ပါတယ်ခင်ဗျာလုံးလဝီရိယညာဏ်ပညာတော့ရှိဖို့လိုသေးတာပေါ့ခင်ဗျာ😢😢😢😢😢😢😢
ဘယ်လိုဆကိသွယ်ရမှာလဲ
ပြောတေတဲ့သူကသူဖာသာသူဘဝင်မြင့်နေတော့အခါ
ကုန်စျေးနှုန်းနဲ့😂😂😂
ကျေးဇူးပါရှင့်
မှန်ပါတယ်ဆရာ😊😊😊😊😊😊😊❤❤❤❤❤❤