ဆရာတော်ကြီးများရွတ်ဖတ်တော်မူသော အန္တရာယ်ကင်း ကမ္မဝါစာ

Поділитися
Вставка
  • Опубліковано 8 кві 2024
  • မိုးညှင်းမြို့သည် ယခင်က မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းနယ်တွင် ပါဝင်၍ မြို့ပိုင်ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က တိုက်နယ်ဖြစ်ခဲ့၍ ၁၉၅၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မိုးညှင်းမြို့နယ် ဖွဲ့စည်းသည်တွင် မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်လာသည်။ ၂၀၀၄-ခုနှစ်တွင် သီးခြားခရိုင်ဖြစ်လာခဲ့ပြီး မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်ဟူ၍ မြို့နယ် ၃ ခုနှင့် ကာမိုင်းမြို့နယ်ခွဲ၊ ဟိုပင်မြို့နယ်ခွဲဟူ၍ မြို့နယ်ခွဲ ၂ ခုပါရှိသည်။
    မိုးညှင်းမြို့(ခေါ်) မိုင်းယန်း (မိူင်းယၢင်း) သည် မွန်ဂိုတို့ လက်ထက် ၁၂၈၉-ခုနှစ်မှစ၍ ရှိနေကြောင်း သိရသည်။ တရုတ်မင်မင်းခေတ် (၁၄၀၃) ခုနှစ်တွင် ရှေးဦးစွာ ဖော်ပြထား၏။ ဧရာဝတီနှင့် ချင်းတွင်းမြစ် နှစ်သွယ်အကြားတွင် ကျယ်ဝန်းလှသော နယ်ကြီး တစ်ခုဖြစ်ခဲ့သည်။ အေဒီ ၁၄၁၆-ခုနှစ်တွင် မိုးညှင်းနှင့် ကလေးမြို့တို့ စစ်ဖြစ်ကြရာ မင်းကြီးစွာစော်ကဲက နှစ်နယ်လုံးကို သိမ်းပိုက်ခဲ့သည်။ [၁]
    မိုးညှင်းမြို့သည် ယခုအခါ မြို့ကလေးသာဖြစ်သော်လည်း ရှေးအခါ ရှမ်းစော်ဘွားများ တန်ခိုးထွားစဉ်က မိုးကောင်းမြို့နှင့် တလှည့်စီဆိုသလို ရှမ်းမြို့ တော်ဖြစ်ခဲ့သည်။ မိုးညှင်းတရား၊ မိုးညှင်းစလုံ တို့၏ နယ်မြေဒေသ ဖြစ်သည့်အလျောက် သမိုင်းဝင်သောမြို့ဖြစ်ပေသည်။ မိုးညှင်းမြို့သည် မန္တလေးမြစ်ကြီးနား မီးရထားလမ်းဘေးတွင် တည်ရှိ၍ မြစ်ကြီးနားနှင့် (၆၉)မိုင်မျှ ကွာဝေးသည်။ မိုးညှင်းမြို့နယ်သည် အကျယ်အဝန်းအားဖြင့် ၁၉၆-စတုရန်းမိုင်၊ သူကြီးပိုင် ကျေးရွာအုပ်စု (၂၄)နှင့် လူဦးရေ ၅၅,၈၁၉ ယောက်ခန့်ရှိသည်။
    မိုးညှင်းမြို့သည် တစ်ဖက်တစ်ချက်တွင်ရှိသော တောင် တန်းများအကြားရှိ မြေပြန့်တွင်တည်ရှိသည်။ မြစ်ကြီးနားခရိုင်၏ တောင်ဘက်အစွန်းလောက်တွင် ဂန့်ဂေါတောင်တန်းမှ ချောင်းဖျားခံကာ အရှေ့မြောက်ဘက်သို့ စီးဆင်းလာသော နမ့်ယင်းချောင်းသည် မိုးညှင်းမြို့တွင်းသို့ ဖြတ်သန်းစီးဆင်းလျက် မြို့ကို နှစ်ပိုင်းခြားလိုက်လေသည်။ မီးရထားလမ်းနှင့် စပါးစက်များမှာ ချောင်း၏ လက်ဝဲဘက်တွင်ရှိ၍ ရုံးများ၊ အထက်တန်းကျောင်း၊ ဆေးရုံနှင့် ဘုရား စသည်တို့မှာ ချောင်း၏ လက်ယာဘက်ဖြစ်သော မိုးညှင်းမြို့မတွင် တည်ရှိသည်။
    ကမ်းနှစ်ဖက်ကို သံတံတား(၂)စင်းဖြင့် ဆက်သွယ်ကာ ကူးလူးသွားလာကြသည်။ ထို့ပြင် ကြိုးတံတား(၂)စင်းဖြင့်နှင့်လည်း ဆက်သွယ်ထား၍ ထိုကြိုးတံတားပေါ်၌ သုံးဘီးနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်သည်။
    မိုးညှင်းမြို့သည် မကြီးလှသော်လည်း စပါးထွက်ရာ ဒေသ၏ အချက်အချာဖြစ်သည်။ နမ့်ယင်းချောင်း တစ်ဝိုက်တွင် မျိုးကောင်းစပါးထွက်သောကြောင့် မိုးညှင်းမြို့ပေါ်တွင် ဆန်စက် ကြီးငယ် ၈ လုံးရှိသည်။ ထို့ပြင် မိုးညှင်းမြို့နယ်သည် ကျွန်းသစ်နှင့် အခြားသစ်ဝါးများ ပေါသောကြောင့် ယခင် စတီးဘရားသား၏ သစ်အလုပ်ဌာနခွဲ ရှိသည်။ ယခုအခါ လွှစက်တစ်ခုရှိသည်။ ကြံပင်များကိုလည်း စိုက်ပျိုး၍ သကြားစက်သို့ တင်ပို့သည်။ မီးရထားလမ်းပေါ်တွင် တည်ရှိသည့်အလျောက် လမ်းပန်းဆက်သွယ်ရေးတွင် မီးရထားကို အားထားရသည်။
    မိုးညှင်းမြို့တွင်နေသူ အများစုမှာ ရှမ်းကပြားများနှင့် တရုတ်ကပြားများဖြစ်ကြပြီး ထေရဝါဒဗုဒ္ဓဝါဒီများ ဖြစ်ကြသည်။ ကချင်တို့မူ ကချင်တောင်ပေါ်တွင် အနေများသည်။ မြေပြန့်နေကချင်များတွင် ခရစ်ယာန် အယူဝါဒီများသည်။ အိန္ဒိယအမျိုးသား များလည်း အနည်းအကျဉ်းရှိသည်။ မိုးညှင်းမြို့ပေါ်တွင် ထင်ရှားသော ဘုရားမှာ ဦးရာဇိန် ဆရာတော် ကမကထပြု၍ တည်သည့် မြသိန်းတန် ဘုရားကြီးဖြစ်၍ ကြေးဆင်းတု ရုပ်ပွားတော်ဖြစ်သည်။ နှစ်စဉ်တပေါင်းလတွင် ဘုရားပွဲတော် ကျင်းပသည်။ မိုးညှင်းမြို့ အပိုင်ဖြစ်၍ မိုးညှင်းမြို့နှင့် ၅ မိုင်ကွာလှမ်းသော ဘီလူးမြို့တွင် စောင်းတန်း ၄ သွယ်ရှိသော ရွှေဘုံသာစေတီရှိသည်။ နှစ်စဉ်တပေါင်းလတွင် ဘုရားပွဲတော် ကျင်းပသည်။

КОМЕНТАРІ •