ချိုချိုစိမ့်စိမ့် စားကောင်းတဲ့ မြစ်ကြီးနားညဈေး က ကြက်ဥကစော်

Поділитися
Вставка
  • Опубліковано 25 кві 2022
  • ဆိုင်နာမည်ရယ်လို့ သီးသန့်မရှိပဲ ကြက်ဥကစော် ဆိုတဲ့ ဆိုင်းဘုတ်ကြီးပဲ တင်ထားတဲ့ မြစ်ကြီးနားညဈေး လမ်းဆုံထောင့်က ဒီဆိုင်လေးကို ဒေသခံမြစ်ကြီးနားသား/မြစ်ကြီးနားသူ တွေရော၊ မြစ်ကြီးနားကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြသူ ခရီးသွားတွေရော သဘောတွေ့နေကြပါတယ်။ ကစော် ဆိုရင် မူးယစ်စေတဲ့အစားအသောက်အဖြစ်ပဲ သိသူများကြများပေမဲ့ ကစော်ကို အချိုပွဲအနေနဲ့ စားသုံးလို့ကောင်းမှန်း ကျွန်တော်ကိုယ်တိုင်လည်း မြစ်ကြီးနားရောက်မှ သိခဲ့ရပါတယ်။ ကြက်ဥ နှစ်လုံး၊ မုန့်လုံးရေပေါ်၊ နို့မှုန့်၊ နို့ခြောက် စသဖြင့် စုံစိနေအောင် ပါဝင်ပြီး စားလိုက်ရင် အရသာက ချိုချိုစိမ့်စိမ့်လေးဖြစ်တာမို့ ညဘက် အဆာပြေ အနေနဲ့ရော အချိုတည်းစရာအနေနဲ့ပါ စားသုံးတတ်ကြပါတယ်။ တစ်ပွဲကို ၂၀၀၀ ကျပ်နဲ့ ရောင်းချနေပြီး ညစဉ်လိုလို ဝယ်ယူစားသုံးသူများပြားလှတဲ့ ဒီ ကြက်ဥကစော်ဆိုင်လေးအကြောင်းကို ဝေမျှပေးလိုက်ရပါတယ်ခင်ဗျာ....
    အားလုံးကျန်းမာဘေးကင်း စိတ်ရွှင်လန်းကြပါစေ
    သီဟလုလင် (Thiha, the Traveller)

КОМЕНТАРІ • 3

  • @bigfoot839bigfoot5
    @bigfoot839bigfoot5 Рік тому +2

    အဲ့ဒီဆိုင်ကကြက်ဥကဇော်မစားဖြစ်ခဲ့ဘူးဆိုရင်မြစ်ကြီးနားရသအပြည့်မရခဲ့ဘူးဆိုတာသေချာတယ်။မူဆယ်မှာလည်းစားဖူးတယ်။အဲ့ဆိုင်လောက်ကိုမကောင်းတာ။

    • @ThihaLuLin
      @ThihaLuLin  Рік тому +1

      ဟုတ်တယ် အဲ့လိုပဲ တွေးမိသွားတယ်
      မြစ်ကြီးနား ရောက်ရင် သွားစားဖူးသင့်တဲ့နေရာပါပဲ

  • @paukma8893
    @paukma8893 2 роки тому +1

    မိုက်နေရော်နော်😋😋😋😍