ရန်ကုန်တစ်ဖက်ကမ်းက မုန့် ဖက်ထုပ်

Поділитися
Вставка
  • Опубліковано 21 сер 2018
  • သြဂုတ်-၂၂၊ ၂၀၁၈
    ၇ တန်းကျောင်းသားလေးတစ်ဦးရဲ့ ကျောင်းဆင်းချိန်က အခြားအခြားသော ကျောင်းသားငယ်တွေလိုပါပဲ။
    အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ စိုးမိုးသန့်စင်ဆိုတဲ့ အဲဒီကျောင်းသားလေးက ရန်ကုန်မြို့  ကြည်မြင်တိုင်တစ်ဖက်ကမ်း အောက်ရုံရွာကပါ။
    ဒီလိုညနေခင်းကျောင်းကဆင်းလို့ အချိန်ပိုကျူရှင်သွားဖို့ အချိန်ရော ငွေရော သူ့မှာမရှိပါဘူး။
    ကျောင်းတက်ရင်းတစ်ဖက်က မိသားစု စားဝတ်နေရေးအတွက်မုန့် ဖက်ထုပ်ရောင်းနေသူဖြစ်ပါတယ်။
    ညပိုင်းမှာ ရန်ကုန်ကိုသွားပြီး မုန့်ဖက်ထုပ်ရောင်းရတာမို့ ကလေးဘဝအပျော်ဆုံးအချိန်ကတော့ ကျောင်းဆင်း တာနဲ့ ရွာလည်ချောင်းထဲ သူငယ်ချင်းတွေနဲ့ရေကူးရတာပါပဲ။
    ပြီးတာနဲ့ ရန်ကုန်တစ်ဖက်ကမ်းကိုကူးပြီး မုန် ဖက်ထုပ်သွားရောင်းဖို့  ပြင်ဆင်ရပါပြီ။ နေအိမ်မှာ သားအဖ နှစ်ဦးထဲသာရှိပြီး ဖခင်ဟာအရင်ကရေခဲချောင်းရောင်းပေမယ့် ကျန်းမာရေးမကောင်းတော့လို့ အိမ်ရဲ့စားဝတ်နေ ရေးက ဒီ ၇ တန်းကျောင်းသားလေးအပေါ် မှီခိုနေရတာလည်းဖြစ်ပါတယ်။
    ရွာထဲက မုန့် ဖက်ထုပ်လုပ်ပေးတဲ့ အိမ်တွေကနေတဆင့်ပြန်ယူရောင်းရတာပါ။ တစ်နေ့ ကို အမြတ် ၄၀၀၀ နဲ့ ၅၀၀၀ လောက်ရအောင် ညနေ ၅ နာရီကနေ ည ၁၁ နာရီလောက်အထိ ရန်ကုန်မြို့ ထဲမှာ လှည့်ပတ်ရောင်းချရ တာကသူတို့ အတွက်မဆန်းတော့ပါဘူး။
    ဒီရွာလေးမှာ မောင်စိုးမိုးသန့်စင်လို အရွယ်တွေ အပါအဝင် လူကြီးလူငယ် အစုံရန်ကုန်တစ်ဖက်ကမ်း ကို သမ္မာန်တွေနဲ့ ညနေဘက်ဆိုကူးပြီး မုန့် ဖက်ထုပ်လာရောင်းကြရတာပါ။
    ဒီထဲမှာ မောင်စိုးမိုးသန့်စင်နဲ့  အတူကျောင်းဆက်မနေဘဲ ဝမ်းရေးအတွက် ဖြေရှင်းနေရတဲ့ သူ့ သူငယ်ချင်း ဝင်းအောင် (ခ) ဝက်ကလေးတို့ ကတော့ အသက်ငယ်ဆုံးပဲဖြစ်ပါတယ်။
    ပင်လယ်ကူးသဘောင်္တွေ ရေယာဉ်တွေအကြား အခုလိုမိုးရာသီမှာ ကျယ်ပြောလှတဲ့ ရန်ကုန်မြစ်ကြီးထဲမှာ သမ္မာန်ငယ်လေးနဲ့  နေ့စဉ်အသွားအပြန်လုပ်နေရတာဟာ သူတို့ အတွက်တော့ မဆန်းတော့ပါဘူး။
    ရန်ကုန်ဖက်ကမ်းကိုရောက်ပြီဆိုတာနဲ့ သူငယ်ချင်းနှစ်ယောက် ဗဟိုစံပြငါးဈေး ကမ်းနားလမ်းပေါ်ကနေ စရောင်းတော့တာပါပဲ။
    မုန့်ဖက်ထုပ်တောင်းတွေကိုထမ်းလို့ သနပ်ခါးအဖွေးသားနဲ့ သူတို့သူငယ်ချင်းနှစ်ယောက်ကို ကြည့်မြင့်တိုင် ညဈေးနဲ့ စမ်းချောင်းဘက်က စားသောက်ဆိုင်တွေမှာ မကြာခဏတွေ့နိုင်ပါတယ်။
    ရန်ကုန်မြို့လမ်းမတွေထဲထက်က သူတို့ နှစ်ယောက်ရဲ့ ခြေလှမ်းတွေက တစ်ဖက်ကမ်းမှာကျန်ခဲ့တဲ့ မိသားစု တွေရဲ့ နေ့တစ်ဒူဝ ဝမ်းရေးလည်း ဖြစ်နေပါတော့တယ်။
    သတင်း-မိုးညို
    ကင်မရာ - ကျော်ဇင်ထွန်း

КОМЕНТАРІ •