{In Burmese} Embodied Leadership Day -2

Поділитися
Вставка
  • Опубліковано 31 січ 2025

КОМЕНТАРІ •

  • @yoonhninthu3494
    @yoonhninthu3494 2 роки тому +13

    Ans: လွန်ခဲ့တဲ့ ၇ နှစ် ၈နှစ်, အသက်နှစ်ဆယ် အရွယ်လောက်မှာ ည ၉ နာရီဝန်းကျင်လောက် သူငယ်ချင်းနဲ့ ဖုန်းပြောရင်း မီပြတ်သွားတယ်။ ရုတ်တရတ်ကြီးမှောင်သွားတော့ ဖုန်းချပြီးမြန်မြန်ပဲအိပ်ရာဝင်လိုက်ပါတယ်။ ဒါပေမဲ့ မီးကမနက်လေးနာရီလောက်ပြန်လာတယ်ထင်တာပဲ။ အဲ့မှာ ကိုယ့်ကိုယ်တိုင်မရပ်တည်နိုင်သေးတဲ့ချိန် ကိုယ့်ကိုခေါင်းဆောင်လုပ်ပြီးကျွေးထားတဲ့သူက ဒေါသတကြီးနဲ့အခန်းမီးကိုလာဖွင့်ပြီး "ခုချက်ချင်းထွက်လာစမ်းဆိုပြီး" အော်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ဆယ်တန်းအောင်ခါစက LCCI သင်တန်းတူတူတက်ခဲ့တဲ့သူငယ်ချင်းက နယ်ကနေရန်ကုန်ပြောင်းလာပြီး သင်တန်းတက်ခါစ၊ အလုပ်ရှာခါစဆိုတော့ အိမ်မှာလာနေတာခြောက်လလောက်တော့ရှိမယ်ထင်ပါတယ်။ အဲ့လူအကြောင်းသိနေတော့ အဲ့ဒီသူငယ်ချင်းပါ ကုန်းရုန်းထပြီးအပြင်ထွက်လာတာပေါ့လေ။ ပြီးတော့ တစ်အိမ်လုံးမီးတွေဘယ်သူဖွင့်ထားတာလဲလို့မေးပါတယ်။ ကြောက်လည်းကြောက်၊ အိပ်လည်းအိပ်ချင်ဖြစ်နေတော့ စကားကပြောမထွက်ဘူး။ အဲ့ဒီအချိန်မှာ နှစ်ယောက်လုံးကို ကြေးစည်ထုတဲ့သစ်သားတူနဲ့ ခေါင်းကို ဗုံတီးသလို သုံး၊ လေးချက်ထုခံရပါတယ်။ ကိုယ်ကတစ်သက်လုံး ဆူဆဲထောင်းထုခံနေကျဆိုတော့ အရေထူနေပေမဲ့ ဘာမှမဆိုင်တဲ့ အဲ့ဒီသူငယ်ချင်းကိုအရမ်းအရမ်းအားနာပြီး အရမ်းလည်းရှက်ပါတယ်။ အဲ့မှာတင်မပြီးသေးပါဘူး။ အဲ့လိုလုပ်လို့ဆိုပြီး မနက်စောစောစီးစီး ၃ခွဲလောက်ထပြီး မရှိရှိတဲ့အိမ်အလုပ်တွေ ပြတင်းပေါက်ဘောင်မှာရှိတဲ့ကြားလေးတွေထဲကအစဖုန်သုတ်ခိုင်းပါတယ်။ နောက်ပိုင်း အဲ့ဒီသူငယ်ချင်းအိမ်ကပြောင်းသွားပြီးချိန်ထိ တချို့သောကိစ္စတွေကြီးကြီးမားမားဖြစ်ပြီး အခုသူငယ်ချင်းနဲ့မခေါ်ဖြစ်တော့ပေမဲ့ အခါအခွင့်သင့်တာနဲ့သူငယ်ချင်းကိုတောင်းပန်ချင်ပါတယ်။ ဒီလိုမျိုးပြောနေရင်းနဲ့ ရင်ထဲကဘယ်လိုနာကျည်း၊ နာကျင်ရမှန်းမသိတော့ပါဘူး။ နာကျင်စရာတွေမရှိတာမဟုတ်ပေမဲ့ များလွန်းလို့အရေထူသွားပြီး အခုတော့အဲ့အကြောင်းစဉ်းစားလိုက်တိုင်း ခေါက်ခံထားရတဲ့နေရတာတင်းကျင်းပြီး အရိုက်ခံထားရသလိုပဲ ခံစားနေရပါတယ်။
    ဒါတွေကို ဘယ်သူ့ကို Project လုပ်ဖြစ်လဲဆိုတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင် ဘဝမှာဒီလိုတွေကြုံလာပြီးနောက် "ငါ့အတွက်၊ ငါ့ကိုယ်ငါရှိမှရမယ်။ ငါ့အတွက် ငါရပ်တည်ရမယ်။ မပြိုလဲစေနဲ့" ဆိုတဲ့စိတ်လေးက သုံးနှစ်ခွဲလေးနှစ်သမီးလေးကစပြီး ကြုံရတဲ့အခြေအနေတွေပေါ်မူတည်ပြီး တစ်ဘဝလုံးကို Drive လုပ်ခဲ့တယ်ထင်ပါတယ်။ လုံးဝ Project မလုပ်ဖူးဆိုပြီးလည်း လုံးဝမဟုတ်ပါဘူး။ အခန့်မသင့်တိုင်း ကိုယ်အဆင်မပြေတာကြုံတိုင်း စိတ်တိုရူးမူးပြီး Project လုပ်တာတွေရှိပါတယ်။
    ဒါပေမဲ့ အဲ့ဒီလူလုပ်သလို သူများကိုငါဘယ်တော့မှမလုပ်ဘူး။ ငါကြောင့် သူများကငါခံစားရသလို မခံစားစေချင်ဘူး။ ငါ့ကြောင့် အပြောခံ၊ အဆိုခံရတာ၊ နေရခက်တာတွေကို ငါဂရုစိုက်ရမယ်ဆိုတဲ့ ဘယ်တုန်းကတည်းကမှန်းမသိဖြစ်နေတဲ့ ကိုယ်ချင်းစာစိတ်ကြောင့် အတတ်နိုင်ဆုံး၊ အတတ်နိုင်ဆုံး သူများကို Project လုပ်တာ ငယ်ကတည်းကရှောင်ပါတယ်။ ဒါပေမဲ့လည်း တစ်သက်လုံးကိုယ်ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ဟာ "ပျော်ပိုင် ရီပိုင် ခွင့်မရှိ။ ရှေ့မှာချောက်ရှိရင်တောင် သေမယ်ဆိုရင် မှားမယ်ဆိုရင်တောင် ငါခုန်ချဆို ချန်ချလိုက်" လို့ ပြောလာတဲ့အိမ်မှာ တစ်သက်လုံးနေခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုပြန်ကြည့်စရာ၊ ကိုယ်မသိပဲသူများကိုပြောထည့်တာတွေ၊ Healing လုပ်စရာတွေကို ပြန်ကြည့်ရဲအောင် သတ္တိမွေးပါတယ်။ ဘဝမှာ ဘာပဲကြုံလာကြုံလာ အကောင်းဆုံးနဲ့ အပျော်ရွင်ဆုံး ဖြတ်သန်းဖို့လည်း ကိုယ့်ကိုယ်ကိုကတိပေးထားပါတယ်။
    ဘဝကိုမှန်ကန်တဲ့လမ်းနဲ့ အဓိပ္ပာယ်ရှိရှိ Powerful ဖြစ်ဖြစ် ဖြတ်သန်းနိုင်အောင်ကူညီပေးတဲ့အတွက် Ma Arabelle ကို ကျေးဇူးအများကြီးတင်ပါတယ်။ You are my Inspiration & Love you ama

  • @ShweYinAyeSay
    @ShweYinAyeSay Рік тому +1

    ညီမလေးရဲ့စကားတွေကအမအတွက်ပထမဆုံးနားထောင်ရပေမဲ့အရမ်းပဲတန်ဖိုးရှိတယ်မိမိကိုယ်ကိုအများကြီးပြင်ရအုံးမယ်ဆိုတာသိလာခဲ့တယ်

  • @heinthu1111
    @heinthu1111 9 місяців тому

    ကျေးဇူးတင်ပါတယ်။ Leader🎉
    အရင်ကထက်ပိုကိုယ်ချင်းစာလာမိပါတယ်။
    ဗဟုတုတတွေ မျှဝေပေးလို့
    အထူးကျေးဇူးတင်ပါတယ်။
    🌠🙏🏻🙏🏻🙏🏻🌠

  • @AyeMyintOo-h2f
    @AyeMyintOo-h2f 6 місяців тому

    နောက်တစ်ခါပြန်နားထောင်ကြည့်တော့ကိုယ့်ကိုယ့်ပြန်တွေ့လာတယ်
    အများကြီးပြန်လည်ပြုပြင်ရမယ်ဆိုတာပိုနားလည်လာပါတယ်
    ကျေးဇူးတင်ပါတယ်ညီမလေး❤

  • @nandar3148
    @nandar3148 Рік тому +2

    အမကမြန်မာ တစ်ယောက်ဖြစ်ခဲ့လို့ ကျေးဇူးတင်ပါတယ် ။

  • @OhnmarAung-l9u
    @OhnmarAung-l9u 7 місяців тому +1

    I love you thank you for your sharing embody leadership

    • @arabelleyee
      @arabelleyee  7 місяців тому

      You are always welcome..🤩 _HM

  • @AyethuKhing-p1d
    @AyethuKhing-p1d 4 місяці тому

    Thank you so much sister ❤❤❤

  • @haemann2483
    @haemann2483 5 місяців тому

    👍 Thanks ❤❤❤

  • @JuliearMiss
    @JuliearMiss Рік тому

    3rd,time replayပါ၊Thank you.God bless you.😊😊

  • @YuNandar-w4o
    @YuNandar-w4o 10 місяців тому

    အ​မေကို အရမ်းနားလည်သွားပါပြီ အမ
    Thank you so much sister❤

  • @nunuPdo
    @nunuPdo Рік тому +1

    ကျေးဇူးပါတီချယ် အတန်းတွေကတက်ချင်ပေမဲ့ ကျွန်မခုထိတော့ မတက်နိုင်သေးပါဘူး တီချယ်ရဲ့ ခုလို Free Training & Live တွေကိုတော့ ကြည့်နေပါတယ်။ကျွန်မအရင်ကလေးစားပြီးအားထားရတဲ့ ကိုယ့်ကို ခေါင်းဆောင်နိုင်သူပဲလို့ထင်ခဲ့သူရှိပါတယ် တကယ်လည်းခေါင်းဆောင်နိုင်ခဲ့ပါတယ် တစ်ချို့အရာတွေဆို ခုထိ ကိုယ့်အတွေးအယူအဆတွေလမ်းမှန်ရောက်တာအဲဒီစာရေးဆရာရဲ့ စာအုပ်တွေကြောင့်ပါပါတယ်။ ကိုယ်သိသလိုအများသိအောင်လည်း လေးမျှဝေဖတ်စေခဲ့တယ် လက်ဆောင်အဖြစ် လည်းစာအုပ်တွေဝယ်ပြီး ကျွန်မသူငယ်ချင်းတွေကိုပေးဖူးတယ် တစ်နေ့တော့ သူက စာအုပ်တွေ ထဲမှာရေးတဲ့အတိုင်းအပြင်မှာမလိုက်နာတာကို ကျွန်မတွေ့လိုက်ရတော့ အရမ်းလည်း ခံစားရပြီးခုချိန်ထိ ကျွန်မ အဲဒီစာတွေကိုပြန်ဖတ်ဖို့အားယူနေတယ်။ စိတ်ထဲမှာလဲခုထိအဲဒီခံစားချက်က ရှိနေတုန်းပဲ တစ်ချက်တစ်ချက်ပေါ်လာတယ် ဘယ်လောက်ထိဆိုးလဲဆို လူတွေက ပြောတဲ့အတိုင်းမလုပ်ကြပါလားဆိုပြီး အမြဲတွေးတတ်လာတဲ့တတ်သူအဖြစ်ထိပဲ ခုလက်ရှိတော့ မကောင်းတာကိုမတွေးပဲ အတွေးမှာမကောင်းတာ ရောက်လာရင် ကျွန်မတက်ခဲ့ရတဲ့ လေ့လာခဲ့ရတဲ့ Yoga ဆရာမရဲ့ စကားလေးကိုပဲပြန်ကြားပြီးနေမိပါတယ် မကောင်းတာတွေကို တွေးမည့်အစား တွေးမည့်တွေးကောင်းတာတွေပဲတွေးပါတဲ့ အဲဒါနဲ့ပဲကိုယ့်ကို ကုစားနေပါတယ်။ ကျေးဇူးပါ။

  • @hnineihtwe-ms3ev
    @hnineihtwe-ms3ev Рік тому

    Thanks a lot မမကြင်ဇာရီ..အစ်မလို အစ်မနဲ့စောစောတွေ့ခွင့်ရခဲ့လို့ပါ..💖

  • @WintSuKhaing
    @WintSuKhaing Рік тому

    ❤ replay ပါ my mentor အရမ်းကို ထိရောက်ပါတယ် ။ ကျေးဇူးအထူး အထူးပါရှင် .

  • @MayThet-i1t
    @MayThet-i1t 8 місяців тому

    အခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် leadမလုပ်နိုင်သေးဘဲ ပတ်ဝန်းကျင်ရဲ့ စကားနဲ့ ဆုံးဖြတ်ချက်အမှားတွေ အားနာမှုတွေ အများကြီး ဘဲ လူတွေရဲ့ အလိုကို လိုက်နေမိတာတွေ နဲ့ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရတွေဖြစ်နေမိပါတယ် ကျေးဇူး အများကြီးတင်ပါတယ် အစ်မ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်လာလို့❤❤❤

  • @MaSandar-t2e
    @MaSandar-t2e 10 місяців тому

    ကျေးဇူးအရမ်းတင်ပါတယ် ရှင့်🙏🦋💞💞✨💫

  • @thwetthwet5923
    @thwetthwet5923 9 днів тому

    Replay again❤

  • @wahwahlwin1022
    @wahwahlwin1022 10 місяців тому

    သိရှိရသည့်အတွက် ကျေးဇူးတင်ပါသည်

  • @noraschoice6838
    @noraschoice6838 3 місяці тому

    Leader မှာ ကိုယ့်အပေါ် negative အတွေးတွေ ဝင်စေခဲ့တဲ့သူ၊မကြိုက်တဲ့သူ
    1.Mom
    2.One of my aunts
    3.Some of the Senior Officcersin my life

  • @NewNweAung-i1q
    @NewNweAung-i1q 11 місяців тому

    ကျေးဇူးတင်ပါတယ် အမAy😍😍😍

  • @MaSandar-t2e
    @MaSandar-t2e 10 місяців тому

    မဂ်လာပါ မArabelle Yee 🙏🦋💖💖💖✨✨

  • @kokoaung5255
    @kokoaung5255 2 роки тому

    မဂ်လာပါဆရာမ သိသလိုနဲ့မသိသေးပဲတန်ဖိုးရှိတဲ့တွေးခေါ်မှု့တွေရပါတယ် ၊ကျေးဇူးပါ။

  • @aunggyi540
    @aunggyi540 Рік тому

    ကျေးဇူးတင်ပါတယ်ဆရာမ

  • @kyawswar1879
    @kyawswar1879 Рік тому

    CONGRATULATIONS.

  • @DawKhinKhin-v2z
    @DawKhinKhin-v2z Рік тому

    ကျေးဇူတင်ပါတယ်

  • @mamyintwai6987
    @mamyintwai6987 2 роки тому

    ကျေးဇူးပါမမ

  • @ミャさん
    @ミャさん 2 роки тому

    ကိုယ့်ရဲ့ soul က အခုမှ Arabelle Yee နဲ့ တွေ့ခွင့်ပေးတာဖြစ်မယ်။ သေချာ နားထောင်ပြီးတော့ မိမိကိုယ်ကိုယ် ပြန်စစ်ကြည့်မိတယ် ကျေးဇူးတင်ပါတယ်။ ညီမလေး

  • @coashshwesinm
    @coashshwesinm 5 місяців тому

    Thanks all,🌸🥰

  • @yadanamyatsoe7833
    @yadanamyatsoe7833 2 роки тому

    Love u. Thanks u

  • @ayethuzarkyi9593
    @ayethuzarkyi9593 Рік тому

    Right အခုဖြစ်​နေတာနဲ့တူတယ်

  • @austintun8253
    @austintun8253 10 місяців тому

    မင်းကိုချစ်တယ် မင်းကိုေ လးစားတယ် မင်းကိုတန်ဘိုးထားတယ် မင်းပြောတဲ့စကားေ တွဟာငါ့အတွက်ခွန်အားဖြစ်ေ စပါတယ်
ေ ကျးဇူးတင်ပါတယ်❤

  • @chitthet4400
    @chitthet4400 2 роки тому

    Thank you ma yee, will receive to think & see from ur video.

  • @MyintMyatThu-v4s
    @MyintMyatThu-v4s Місяць тому

    အမရဲ့ free training လေးတွေ videos တွေ ခဏခဏ ပြန်ကြည့်ဖြစ်တယ် ပြန်ကြည့်တိုင်း တစ်ခေါက်နဲ့ တစ်ခေါက် မတူတဲ့ မသိတွေ ရတယ် ကျေးဇူးများကြီးတင်ပါတယိ အမ

  • @wangwang3144
    @wangwang3144 2 роки тому

    Thanks a lot 😍🤩🙏

  • @eimyat2308
    @eimyat2308 Рік тому

    အမနဲ့ တွေ့ခွင့်ရဖို့အတွက် ဒီvideo လေးက ချန်ထားပေးခဲ့တာဖြစ်မယ် ကျမ အရမ်း စိတ်ကျေနပ်မိပါတယ်

  • @MaSandar-t2e
    @MaSandar-t2e 10 місяців тому +1

    ဒုတိယနေ့မှာ Embodied Leadership ကို ပိုပြီးနာလည် သဘောပေါက်ခဲ့ပါတယ်ဂှင်။ ကျွန်မကိုယ်တိုင် မိဘနှစ်‌ယောက်လုံးရဲ့ Leadership ကို မရရှိခဲ့ဘူးဆိုတာ ခုမှသိလိုက်ရတယိ။ ခုချိန်ထိ တစ်ခါတစ်ရံ မှာ မိဘနှစ်ယောက်လုံး ရန်ဖြစ်တာတွေ ဆူပူသောင်းကျန်းတာတွေရှိနေပါသေးတယ်။ အဲ့ဒါကိုကျွန်မလုဲး၀မနှစ်သက်ဘူး။ ဟိုနှစ်ပေါင်း များစွာအထိကို မြင်အောင်ကြည့် လိုက်တယ် ၀မ်းနည်းမိတယ် ရှင့်။ ခု 2023ခုနှစ်ကနေစပြီး ကျွန်မကိုပထမဆုံး Leadership လုပ်ပေးနိုင်ခဲ့တာ ညီမလေး အိအိထွေးပါ။ခု ကျွန်မရဲ့ အရမ်းကိုယုံကြည် ရပြီး အရမ်းကို တော်တဲ့ Leadership Ma Arabelle Yee ပါရှင်။ ကျွန်မခု Live ကိုနားထာင်ပြီး ကိုယ့်ကို ကိုယ် ဦး‌ဆောင်နိုင်ဖို့ အဖေ မရှိတော့တဲ့ ကျွန်မသမီးလေး နှစ်ယောက်ကို မိခင် Leadership ေကာင်းတစ်ယောက် အနေနဲ့ သူတို့လေးတွေကိုလမ်းပြပေးရမယ်။ ကျွန်မသမီးလေးတွေအတွက် အနာဂတ်လှပပို့ ကြိုးစားရမယ်။ ကျွန်မသမီးလေးတွေရဲ့ ရင်ထဲမှာ ရှိနေတဲ့ နာကျင်မှု့ကို ကျွန်မ မြင်လိုက်ရတယ် ကုစားပေရမယ် ။Thank You so much Arabelle Yee 🙏🦋✨💖💫🏡 I love You💖💖💖🦋✨✨

  • @kayzin8944
    @kayzin8944 Місяць тому

    1) အမေ
    2) သမီး ၂ ယောက်ကို နှိုင်းယှဥ◌်ပြီး ပြောပြောနေခဲ့တာ၊ ကိုယ်သွားချင်တဲ့လမ်းကို အားမပေးတာ၊ မထောက်ပံ့ပေခဲ့လို့ ကိုယ်ကထင်သလောက်မတိုးတက်တာ ဆိုတာမျိုးရော မသိစိတ်မှာရှိနေခဲ့မယ်ထင်တယ်၊
    ဒါပေမယ့် နောက်ပိုင်း အမေက ကိုယ့်ကိုယုံကြည်မှုပေးခဲ့တယ်၊ ဘယ်မသွားနဲ့ ၊ ဘာမလုပ်နဲ့ဆိုပြီး အတင်းတိုက်တွန်းတာမျိုး မရှိသလောက်နည်းခဲ့တယ်၊ အခုလည်း ကိုယ်လျှောက်မယ့်လမ်းကို မထောက်ပံ့ပေးနိုင်ဘူးဆိုရင်တောင် ပိတ်ပင်တားစီးနေတာမျိုးမလုပ်ဘူး၊ အဲ့အတွက် အမေ့ကို ကျေးဇူးတင်ပါတယ်၊ လွတ်လပ်မှု၊ ကိုယ်ပိုင်ရွေးချယ်ခွင့် တွေပေးခဲ့တဲ့ အမေနဲ့ အဖေ့ကို ကျေးဇူးတင်ပါတယ်။ 🥲
    တစ်ခုခုလုပ်မယ်ဆိုရင် uncomfortable zone ဖြစ်နေရင်တောင် အဖော်မပါလည်း တစ်ယောက်တည်း၊ သွားရဲ လုပ်ရဲခဲ့တဲ့ ငယ်ငယ်က ကိုယ့်ကိုယ်ကိုလည်း ကျေးဇူးတင်ပါတယ်။ 🥹
    3) လက်ရှိ resonate ဖြစ်တဲ့ ထောက်ပံ့နိုင်တဲ့ ပတ်ဝန်းကျင်မရှိလို့ ဆိုတဲ့အတွေးက ဘယ်ဘက် ဝမ်းဗိုက်ကနေ လာတယ်လို့ ခံစားရတယ်
    4) အရင်က ကိုယ့်လုပ်လိုက်တဲ့ result ကို appreciate မလုပ်တာနဲ့ပတ်သက်ပြီး senior အစ်မ တစ်ယောက်ဆီကို project လုပ်ခဲ့ဖူးတယ်
    အခု ကိုယ့်ရဲ့တိုးတက်မှုကို အမေ့အပေါ်ပုံချသလို စ ခါစ မပြည့်စုံသေးတဲ့ လုပ်ငန်းခွင်ကို ပုံချနေမိတယ်၊ ကိုယ့်ရဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီးတော့ပေါ့၊ တိုးတက်မှုက ပတ်ဝန်းကျင်နဲ့သက်ဆိုင်တယ်ဆိုတာ မှန်ပေမယ့် ကိုယ့်ရဲ့ တိုးတက်မှုကို ကိုယ့်ကိုယ်ကိုလည်း တာဝန်ယူနိုင်တယ်ဆိုတာကို focus မလုပ်နိုင်ဖြစ်ခဲ့ပါတယ်

  • @yinayehlaing7936
    @yinayehlaing7936 2 роки тому

    မဂ်လာပါ 😍😍😍

  • @မိုးကျော်-ဇ၄ဆ

    Thank you

  • @aungmomg6666
    @aungmomg6666 2 роки тому

    😊
    You!! 💐

  • @hninsapal6067
    @hninsapal6067 Рік тому

    ကျွန်မ ငွေရှိတဲ့သူတွေကို Trigger ဖြစ်မိနေတယ် ‌မနေ့က သိန်း၁၀၀ ဖိုး အလှူလုပ်ခဲ့တယ်ဆိုတာ ဝမ်းသာစရာကို Trigger ဖြစ်မိတယ် တကယ်တော့ ဘယ်မှာ ဘယ်လောက်ရှိရှိ ကျမလဲ ရှိလို့ရတယ် ကျမမှာလဲ သိန်း ၁၀၀ လှူနိုင်စွမ်းရှိတယ် သူများ လစာ ၂၀သိန်း ရနိုင်သလို ငါလဲ သိန်း ၂၀ ရနိုင်တယ်

  • @khan8958
    @khan8958 2 роки тому

    မဂ်လာပါမမ

  • @kimhaerin1339
    @kimhaerin1339 2 роки тому

    Father wound ရှိခဲ့ပါတယ် ရင်ထဲမှာ အဲ့အရာက အခုထိကျန်နေတုန်းပါ မိဘတွေကိုကြည့်ပြီး ချစ်သူမထားခဲ့တာတောင်ကြာပါပြီ မိဘကြောင့်ရှိခဲ့တဲ့ ရခဲ့တဲ့ ချစ်ခြင်းမေတာ ဒဏ်ရာကို သူစိမ်းတွေစီကလဲ ထပ်ပြီးမရချင်တော့တာ‌ေရာ ကိုယ်ကရော သူများကိုပါ ဒဏ်ရာထပ်မပေးချင်တော့တဲ့အတွက်ပါ။ ကိုယ့်ကိုကိုယ် protect လုပ်ထားတယ်လို့လဲထင်မိတော့ အဲ့နာကျင်မှု့ဒဏ်ရာကို ကိုယ်ကလက်ခံထားမိသလိုတောင်ဖြစ်နေပါတယ် ဆရာမရေ.. Healingလုပ်ဖို့လိုအပ်နေတယ်ဆိုတာလဲသိပါတယ် တခါတလေ အထီးကျန်မှု့ကိုအရမ်းကိုခံစားရပါတယ်

  • @tuneikhing1846
    @tuneikhing1846 Рік тому

    -ကိုယ့်ရဲ့ hero
    - အသက် 24 နှစ်မှာ အရမ်းရူပ်တဲ့ မိသားစုCase ဖြစ်ခဲ့တယ်
    -ခွင့်လွှတ်နားလည်ပေးနိုင်ခဲ့တယ်လို့ ထင်ပေမယ့် မခေါ်မပြောနိုင်သေးပါဘူး
    -တခါတလေ အမအပေါ်မှာအရမ်း ၊project လုပ်မိပါတယ်

  • @nansansanwin7396
    @nansansanwin7396 8 місяців тому

    စစ်မှန်တဲ့ခေါင်းဆောင်မှာကိုပိုကြိုက်ခဲ့တယ်။ခုမိမိကိုယ်ကိုcontrolလုပ်နိုင်တဲ့ခေါင်းဆောင်ကိုပိုကြိုက်သွားတယ်#

  • @hninsapal6067
    @hninsapal6067 2 роки тому

    ငယ်ငယ်က ပတ်ဝန်းကျင်ရဲ့ စကားတွေကြောင့် စာတော်ရင်အလုပ်ကောင်းမယ်ငွေများများရမယ် ဆိုတဲ့ရိုက်သွင်းတဲ့စိတ်ကြောင့်စာကြိုးစားပြီးတခြားနေရာတွေ လစိဟင်းခဲ့တယ် တချို့အရာတွေ မသိဘူး အရိပ်အကဲမသိဘူးခုlead လုပ်တဲ့ နေရာမှာလဲအံဝင်ခွင်ကျဖြသ်မနေဘူး

  • @myohein4792
    @myohein4792 2 роки тому

    ​လမ်းပြ​ပေးတဲ့အတွက်​ ကျေးဇူးပါရှင့်

  • @kyinkyinhninkyinkyinhnin
    @kyinkyinhninkyinkyinhnin 11 місяців тому

    ❤❤❤

  • @mayohnmar8102
    @mayohnmar8102 2 роки тому

    အမပြောတာတွေနားထောင်ပြီး အမေကောင်းဖြစ်ဖို့အများကြီးလိုအပ်နေတာသိသွားတယ်
    အမေဆိုးဖြစ်ခဲ့တာ ၁၀ နှစ်တောင်ရှိပြီပဲ
    သားတွေကိုချစ်နေတယ်ပဲထင်ခဲ့တာ
    သား‌ေတွကို leader လုပ်နိုင်ပါ့မလား‌ေတွးပူတယ်

  • @coachmonmon-goldenfuture3324
    @coachmonmon-goldenfuture3324 2 роки тому

    UA-cam မှာတင်ပေးတာကျေးဇူးတင်ပါတယ်အမ Download လုပ်ထားပြီးပြန်ကြည့်လို့ရလို့ပါ

  • @swewh5023
    @swewh5023 2 роки тому

    Thanks, I think I can see my soul inches by inches.

  • @hninsapal6067
    @hninsapal6067 Рік тому

    ငယ်ငယ်ထဲက Leadership ရှိခဲ့တော့ သူများခလေးတွေလိုမဟုက်ပဲ ဂျစ်ကန်ကန်နဲ့လို့ ပြောခံရတယ် အာ့လိုပြောခံရတဲ့ အချိန်ပတ်ဝန်းကျင်းနဲ့ လိုက်လျောအောင် ကိုယ့်ပုံစံမဟုက်တာတွေကို လုပ်ခဲ့မိတယ် ကိုယ့် Style မဟုက်ပ‌ဲ တခြားတယောက်ပုံစံကကျမကို မတော်စေဘူး သိလိုက်ရတာက ကျမဟာ Unique ဖြစ်တယ် ကျမဟာ တော်တယ် ကျမဟာ ငွေရှာကောင်းတယ် ကျမမာ သူများနဲ့ မတူတဲ့ အားသာချက်တွေ အများကြီးပဲ
    Thank Universe
    Thank AMa AYI 🤍
    Thank Myself

  • @khinthidarcho9879
    @khinthidarcho9879 2 роки тому

    💓

  • @MaSandar-t2e
    @MaSandar-t2e 3 місяці тому

    မဂ်လာပါရှင့်။
    ကျွန်မဒုတိယ အကြိမ်နားထောင်တော့မှပိုပြီး နာလည်ခဲ့တယ် ။ကျွန်မ အသက်8နှစ်ကလေးဘ၀တုန်းက မိဘနှစ်ယောက်ရဲ့ စီးပွား ရေလူမှု့ရေး မပြေလည်တဲ့ပြတ်သနာကြောင့် မိဘတွေရဲ့ ရိုက်နှက်တာ ကိုအမြဲခံခဲ့ရတယ်။အဖေက ရိုက်ရင်ဝါယာကြိုးနဲါရိုက်တယ် တံပျက်စီး ကြိုးတဲ့အထိရိုက်ခံခဲ့ရတယ် မောင်နှမ 3ယောက်မှာ ကျွန်မက အကြီးဆုံးမိန်းကလေးတစ်ယောက်ထဲပါ။မောင်လေးနှစ်ယောက် အပစ်ရှိလည်းကျွန်မပဲ အရိုက်ခံရတယ်။ ကျွန်မ အသက် 13နှစ်လောက်အထိ အရိုက်ခံရလို့ အသက်13နှစ်သမီးလောက်မှာ အိမ်ကနေအဖေနဲ့အမေ ထပ်ရိုက်မှာကို‌ေကြာက်ပြီး မန္တလေးအထိ ရထားနဲ့ ထွက်ပြေးခဲ့ဘူးတယ် ကံကောင်းလို့ ဘ၀ဘာမှမဖြစ်ပဲ အဲ့ဒီ့မှာတွေ့တဲ့ ဦးလေးနှစ်ယောက်က ကျွန်မကို ရန်ကို ပြန်ဖို့ရထားပေါ်ပြန်တင်ပေးလိုက်လို့ ရန်ကုန် က ကျွန်မအိမ်ကိုပြန်ရောက်ခဲ့တယ် အဖေနဲ့အမ ရိုက်ရင် အရမ်းကို ရိုက်လွန်းလို့ အရမ်းကြောက်ခဲ့ရတယ်။အဲ့ဒါ့ကြောင့် ကျွန်မခုချိန်ထိ ပြတ်သနာက ကျွန်မရှေ့မှာ ကလေးတွေကို မိဘတွေ မတရားရိုက်နှက်နေတာတွေ့ရင် ကျွန်မနဲ့ ဆိုင် သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ ကျွန်မ၀င်ပါချင်တယ် ကလေးတွေကို ရိုက်နေတဲ့မိဘတွေကိုလည်း အရမ်းဒေါသထွက်တယ်။ ကလေးတွေဟာ မိဘတွေအစဉ်မပြေတာနဲ့ သူတို့စိတ်ထွက်ပေါက် အနေနဲ့ မဲပြီး ရိုက်နှက်ဖို့ မွေးဖွားခဲ့ ကြတာလား ။အဲ့ဒီ့အတွက် သားသမီးတွေဟာ မိဘတွေကို ပါးစပ်ကနေပြန်မပြောရဲပေ့မယ် သူတို့စိတ်ထဲမှာ အပစ်မရှိပဲ ကျွဲရိုက် နွားရိုက် အရိုက်ခံရတာ သူတိုကလေးတွေ ဘယ်လောက်နာကျင်ရလည်းဆိုတာ မိဘတွေ မသိကြဘူး ။ ကျွန်မခုလိုပြောပြရတာ ကျွန်မ ခုမုတ်ဆိုးမ သမီးလေးနှစ်ယောက်မွေးထားတဲ့ မိခင်ဖြစ်ပြီ။နောက်အိမ်ထောင်မပြုပဲ ကျွန်မ ပင်းပန်းပေ့မယ့် ကျေ‌နပ်စွာနဲ့ လိမ္မာတဲ့ တန်ဖိုးရှိတဲ့ သမီးတွေဖြစ်အောင် စောင့်ရှောက်နိုင်ခဲ့တယ်။ ကျွန်မကလေးတွေ ကိုကျွန်မလုံး၀မရိုက်ပဲ နဲ့ ကိုယ်မရခဲ့တဲ့ မိဘ နှစ်ယောက်နွေးထွေးမှု့ကို ငါ့သမီးလေးတွကို အပြည့်ပေးမယ် ပညာတတ်အောင်သင်ကြားပေးမယ်ဆိုတဲ့ဆုံးဖြတ်ချက်ချခဲ့တယ်။ကျွန်မ ရဲ့ Leadership ဟာ ကျွန်မ အမေဆို တာMa Arabelle ရဲ့ Live ကိုကြည့်ပြီးမှ ကျွန်မသိခဲ့တယ်။ကျွန်မ ဒါအတိုချုံ့ပြီး ရေးသားမျှဝေတာပါ။ ကျွန်မ ဘ၀အတွက် ကျွန်မရဲ့ မျိုးဆက် သမီးလေးနှစ်ယောက်အတွက် မြေးမလေးအတွက် ကျွန်မ Leadership ကောင်းတစ်ယာက် ဖြစ်အောင် ပြောင်းလဲဖို့လိုမယ် အရမ်းအရေးကြီ့းတဲ့ လိုအပ်တယ်ဆိုတာ သိလာရတယ်။ကျွန်မ မိခင် ကို ခုအသက်ကြီးတဲ့အရွယ်ရောက်မှ ရိုင်းစိုင်းတာမျိူးတော့ကျွန်မ မိဘတွေကို ပစ်မှားတာမရှိခဲ့ဘူး။ဒါပေမယ့် အမေ့စကားပြော နဲနဲ့လေးမှာတာနဲ့ အမေ့ကို ပြန်ပြောမိတာ အပစ်တင်တွေက နောက်ပိုင်း အရမ်းငရဲကြီးမှာကြောက်တတ် ကျွန်မ သိနေပေမယ့်ထိန်းလို့မရဘူး အမြဲ ပြန်ပြောမိနေတယ် ။ဘာ့ကြောင့် အမေ့အပါ် အဲ့လိုဖြစ်နေလည်းဆိုတာ ကျွန်မခုမှအဖြေရှာတွေ့တယ်။ကျွန်မ မိဘ ညီအကိုမောင်နှမ ဘယ်သူနဲ့မှ အမုန်း‌တွေ နာကျည်းမှုတွေ လက်စားချေတာ‌တွေ လုံး၀မလုပ်ချင်ဘူး။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်မ ကံရဲ့ အကျိုး အပစ်တွေကို သိလာပြီး အဲ့ဒါတွေကို နောင်ဘ၀ကိုမပါချင်တော့ဘူး။ကျွန်မ မိဘ ဘိုးဘွား‌တွေရဲ့ အသုံးမ၀င်တော့တဲ့အရာတွေကို ကျွန်မ မှာတင် ရပ်ပစ်မယ်။ ကျွန်မ အရင် မကောင်းခဲ့တာရှိရင် ခုဘ၀မှာ အပစ်အကြွေကိုဆပ်မယ်။ကိုယ့်ကို့ ကိုယ် တန်ဖိုးရှိတဲ့ မိန်းမ အဖြစ်ရှက်သန်ဖို့ ကျွန်မသတ္တိရှိစွာနဲ့ ဒဏ်ရာတွေကို ကုစားမယ် စိတ်အညစ်တွေကိုလည်း တစ်စက်မကျန်အောင် ဖယ်ရှားချင်တယ် ။ကျွန်မ ကို Ma Arabelle နဲချိတ်ဆက်ပေးခဲ့ ညီမလေး Ei Ei Hwe ခေါ် အိုပန်းအိ ကို အရမ်းကိုကျေးဇူးတင်ပါတယ်ရှင် ။ကျွန်မ Ma Arabelle ကို ယုံကြည့်မှု့အပြည့်ရှိတယ် လေးစားတယ် ။ကျွန်မဘက်က ကြိုးစားမယ် 100%

  • @haemann2483
    @haemann2483 5 місяців тому

    ❤❤❤❤