တရုတ်နိုင်ငံက စပါးစိုက်ပျိုးသည့်နည်းပညာကို မြန်မာတောင်သူများထံသို့ မျှဝေ
Вставка
- Опубліковано 10 лют 2025
- တရုတ်နိုင်ငံက စပါးစိုက်ပျိုးသည့်နည်းပညာကို မြန်မာတောင်သူများထံသို့ မျှဝေ
ရန်ကုန်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း၍ ဒေသခံတောင်သူလယ်သမားများအတွက် အသိပညာဝေမျှသည့် ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာမျှဝေပွဲကို ရန်ကုန်တိုင်းဒေသကြီးရှိ စိုက်ပျိုးရေးဦးစီးဌာန၏ စံပြလယ်ယာစိုက်ခင်းတွင် ဩဂုတ် ၈ ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးအလေ့အထများကို အဆင့်မြှင့်တင်၍ သီးနှံထွက်နှုန်းတိုးမြှင့်ရေးနှင့် စိမ်းလန်းစိုပြည်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ယင်းပွဲကို စီစဉ်သူများက ပြောကြားခဲ့သည်။
ရန်ကုန်မြို့စွန်ရှိ ဧက ၃၀ မိုးစပါးစံပြစိုက်ခင်းတွင် ကျင်းပသည့် အခမ်းအနားသို့ တောင်သူ ၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
#တရုတ် #မြန်မာ #တောင်သူများ #China #Myanmar #Farmers #စိုက်ပျိုးရေးနည်းပညာ
hi
Thank you very much.
စပါးတော့ထွက်ပါတယ်စပါးစျေးကမကောင်းအစိုးရကလဲလိုက်ပီးကန့်သတ်နေတော့လယ်သမားတွေအမြတ်မရှိဘူးတခြားစပါးအတွက်သွင်းအားစုများသာစျေးကြီးမြင်တက်နေတာကိုကျမထိန်းချုပ်တော့အစိုးရအဖွဲ့ကိုမကြိုက်ချင်တော့ဘူး
မြေသြဇာ စျေးကွက် လာဖောက်ထာပါ..
တရုတ်တွေ မြေသြဇာ ရောင်း ဖို့ ပိုးသတ်ဆေးရောင်းဖို့ လောက်ပဲ စဥ်းစား ကြတာပါ နာနို နည်းပညာ တွေ မပေးဖူး အိန္ဒိယာ ကုမ္ပဏီ Vs တရုတ် ကုမ္ပဏီ နှစ်မျိုးလုံး စပါး စိုက်ပျိုးမူ့နည်းပညာ ဖြန့်ဝေသင့် တယ်.အစိုးရအနေဖြင့် ခရိုင် မြို့နယ်အဆင့် .မျိုးစေ့ဘဏ်တွေ ထူထောင် ပေး ဖို့ ပိုလိုအပ် ပါတယ်/အစိုးရ အဆက်ဆက် တောင်.သူလယ်သမား နေ့တ်ုင်းမှာ ပြည်ထောင်စု တဝှမ်း မျိုးစေ့ဘဏ် ထူထောင် ဖို့မေ့လျော့နေနေကြတယ်
စိုက်ပျိုးရေးကိုအားပေးတဲ့ကိုတရုပ်ကိုကျေးဇူးပါ