နွေနှောင်းအလှအပတွေနဲ့ ဟဲဟိုး - ပွေးလှ လမ်း

Поділитися
Вставка
  • Опубліковано 28 лип 2023
  • Around He Hoe - 6
    ဟဲဟိုးမြို့ ကနေ ပွေးလှ ကိုသွားတဲ့လမ်း ရဲ့ ထူးခြားလှပလွန်းတဲ့ မြင်ကွင်းများ ။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀ ကျော်က တည်ထားခဲ့တဲ့ ပွေးလှ ။
    ရေအနည်းငယ် ရှားပါးတဲ့ ဒေသရဲ့ ရတနာတစ်ပါစဖြစ်တဲ့ ပွေးလှကန် ။
    ရှမ်းတောင်ပိုင်း ရဲ့ စည်ကားတဲ့ ဘုန်းကြီးပျံ ပွဲခင်းတစ်ခုကိုဖြတ်သန်းခြင်း ။
    လမ်း မှာ ရှိတဲ့ မြောက်မြေခြား ၊ ဝါးတစ်ရာရွာ ၊ ရှောက်ပင်ရွာတို.ရဲ့ မြင်ကွင်းများ ။
    ရှမ်းပြည်နယ် ရဲ့ တောင်တန်းတောင်ထွတ်တွေ မိတ်ဆက် ။
    နွေနှောင်းကာလ မိုးဦးအစ တုန်းက ရှမ်းတောင်ပိုင်းရဲ့ မြင်ကွင်းများ ။
    #ဟဲဟိုး #ပွေးလှ #မြောက်မြေခြားရွာ #ဝါးတစ်ရာရွာ
    #ရှောက်ပင်ရွာ #ပွေးလှကန် #ပွေးလှ အကြော် #ဘုန်းကြီးပျံ
    #ဆင်ရုပ်ရေထွက် #ရေထွက်
    #He_Hoe #HeHoe #Pway_Hla #Pwela
    #Travel_Vlog #Trip_Of_Southern_Shan_State
    #Southern_Shan_View

КОМЕНТАРІ • 24

  • @mamawai2527
    @mamawai2527 Рік тому +2

    1978..ခုနှစ်မှာ
    ရောက်ခဲ့ဖူးပါတယ်..အခုလမ်းတွေကပိုပီးကောင်းနေပါတယ်..
    👍👍🎉👍👍
    ပွေးလှဟော်နန်းမှာတည်းခဲ့ပါတယ်..အပျိုကြီးညီအမ၃ယောက်တွေ့ခဲ့ပါတယ်
    အခုတော့အသက်၈၀.ကျော်အငယ်ဆုံးညီမဘဲရှိတော့တယ်ကြားသိရပါတယ်

    • @rollingrecords-myanmar
      @rollingrecords-myanmar  Рік тому +1

      ဟုတ်ကဲ့ပါဗျ ။
      လမ်းတွေကတော့ အနည်းငယ်ကျဉ်းတယ်ထင်ရပေမယ့် လမ်းသားကောင်းပါတယ် ။ အချို့နေရာတွေလောက်ပဲ သတိထားရတာပါ ။ ပွေးလှဟော်ကတော့ ခုထိ ကျွန်တော်တို့ မရောက်ဖူးသေးပါဘူးဗျ ။ ၁၉၇၈ လောက်ကဆို အဲ့ဒေသတွေက တကယ့်ကို သဘာဝ တော တောင်တွေအတိုင်း တွေ့နေရမယ်ထင်ပါရဲ့ ။ ပိုလှမယ့်သဘောပဲ ။

  • @myintmyintthan9092
    @myintmyintthan9092 Рік тому +1

    ကောင်းလိုက်တာ
    ဟုတ်ပါတယ် အီမ်မက်ဆန်တဲ့ပန်းချီဆန်တဲ္အလှတွေပါ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Рік тому

      ဟုတ်ကဲ့ပါဗျ ။
      အမြဲအားပေးနေတာမို့ ကျေးဇူးအထူးပါဗျ ။

  • @robertrobert7939
    @robertrobert7939 11 місяців тому

    အခုလိုပြန်ပြီးရှင်းပြ​ပေးတာ​ကျေးဇူးအထူးတင်ပါတယ်။အဲဒီလိုသမိုင်းရာဇဝင်​ရှေးကျတဲ့စာအုပ်​တွေကိုမ​တွေ့ရ​တော့ပါ။


      ဟုတ်ကဲ့ပါဗျ ။ ကိုယ်တိုင်လည်းဝါသနာပါတာမို့ လေ့လာရင်း မျှဝေဖြစ်တာပါ ။အချို့စာအုပ်တွေဆို ကျွန်တော်တို့လည်း အွန်လိုင်းမှာ ရှာဖတ်နေရပါတယ် ။

  • @sayathein8611
    @sayathein8611 Рік тому +1

    ကျေးဇူးပါဗျ ။

  • @kokomin7516
    @kokomin7516 Рік тому +1

    မရောက်ဘူးသေးတဲ့ဒေသကိုသွားနေရသလိုခံစားရပါတယ်ကျေးဇူးပါ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Рік тому

      ဟုတ်ကဲ့ပါဗျ ။
      ကျွန်တော် တို့ မြင်ခဲ့ရသလို မြင်ကြစေချင်တာမို့ မျှဝေတာကို သဘောကျတယ်ဆိုတော့ ကျေနပ်ရပါတယ်ဗျ ။

  • @ml.minnlwin
    @ml.minnlwin Рік тому

    ဟုတ်တယ်၊ရှုခင်းတွေကတမျိုးလှတယ်...

    • @rollingrecords-myanmar
      @rollingrecords-myanmar  Рік тому

      ဟုတ်တယ်ဗျ ။
      နွေကာလ ကျန်နေသေးချိန်ဖြစ်တာရယ် ၊ အဲ့ဒီဘက် မြေမျက်နှာသွင်ပြင်ရယ် ပေါင်းလိုက်တော့ အတော်လှတဲ့ ၊ သိပ်မြင်ရလေ့မရှိတဲ့ သဘာဝအလှအပတွေ မြင်ရတော့တာပါပဲ ။

  • @thida7211
    @thida7211 Рік тому

    အဲလမ်းမှာနွားကျောင်းသားစေတီထီးတော်တင်ပွဲကို ၂၅ရက်နေ့ကလုပ်တယ်ဆရာအဲ့စေတီပေါ်ကနေကြည့်ရင်ရှုခင်းအရမ်းအရမ်းလှတယ်အကိုညီမအဲ့ကိုသွားတဲ့နေ့ကအကိုတာဒီကိုရောက်ရင်အရမ်းသဘောကျမှာအကို့ကိုတောင်သတိရနေတာ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Рік тому +1

      ဟုတ်ကဲ့ပါဗျ ။
      နောက်နောင်အဲ့ဘက်ကြုံရင်တော့ စေတီဖူးရင်း ရှုခင်းပါတက်ကြည့်လိုက်ပါ့မယ်ဗျ ။ ခုလို မိုးတွင်းဆိုတော့လည်း တစ်မျိုးလှနေမှာ ။

  • @user-md2ly9vk3r
    @user-md2ly9vk3r 11 місяців тому

    အရမ်းလှတဲ့ရှုခင်းလေးတွေပါ👍

    • @rollingrecords-myanmar
      @rollingrecords-myanmar  11 місяців тому

      ဟုတ်ပါတယ်ဗျ ။
      ( အထူးသဖြင့် မြေပြန့်က ကျွန်တော်တို့လို လူတွေ )
      သိပ်မြင်ဖူးနေကျမဟုတ်တဲ့
      မြင်ကွင်းမျိုးတွေပါ ။

  • @lisa-im2je
    @lisa-im2je 11 місяців тому

    ငယ်ငယ်ကဖတ်ဘူးတဲ့ရာဇဝင်ထဲကဒွေးမယ်နော်ရဲ့လက်စွဲတော်(လေး)မေ့ကျန်ခဲ့တဲ့နေရာကို..ဝေးလှ(ဝေးလွန်းလှ)လို့မှည့်ခေါ်ရာကနေကာလရှည်ကြာလာတော့..အွေးလှလို့ဖြစ်သွားတယ်လို့သိခဲ့ရပါတယ်။ အမှန်တကယ်ဟုက်ပါသလားခင်ဗျာ။


      ကျွန်တော်တို့ဖတ်မိတာကတော့ သုဓနုမင်းသား (သို.) ကုမ္မာဘယမင်းသား က သူ.လက်နက်တွေ ဟာသူ.ရန်သူကြောင့် ( ပင့်ကူ ဘဝကနေ ဘီလူး ဘဝအထိရောက်သူ) လက်နက်တွေ ဆုံးရှုံးသွားလို့ သူကူညီဖူးတဲ့ နဂါးကို အကူအညီတောင်းပြီး လက်နက်များကို ပြန်လည် ယူဆောင်စေရာ နဂါးမင်းကလည်း အနားကပ်ပြောလိုက်ဘိသကဲ့သို့ ရောက်ရှိလာပြီး လက်နက်များကို ပြန်လည်ရှာဖွေ ဆက်သစေပါတယ်။ မင်းသားလေးက လက်နက်များကို ဘယ်က ယူလာခဲ့သနည်းမေးရာ ထိုအရပ်ကို ပြောပြချိန် အင်မတန်ဝေးလှသဖြင့် “အလွန်ဝေးလှပါတကား”ဟု ရေရွတ်သောအရပ်ကို ယခုအခါ ပွေးလှဟု ခေါ်တွင်သော ကျေးရွာ ဖြစ်လာပါတယ် လို့ဖတ်ဖူးပါတယ်ဗျ ။

  • @Koko-tm6rl
    @Koko-tm6rl Рік тому

    ပွေးလှ ဒေသမှာ စိုက်ခင်းတွေနဲ့ အလှဆုံးအချိန်ဟာ ဘယ်အချိန်လောက်ဖြစ်မလဲသိခြင်လို့ပါ

    • @rollingrecords-myanmar
      @rollingrecords-myanmar  Рік тому +1

      ကျွန်တော်တို့အထင်တော့ နိုဝင်ဘာ ဒီဇင်ဘာဖြစ်မယ် ထင်ပါတယ်ဗျ ။

  • @lisa-im2je
    @lisa-im2je 11 місяців тому

    sorry.ေပြးလွ.လို႔ေရးတာပါ

  • @sainaung5774
    @sainaung5774 4 місяці тому

    သာယာလှပတို့ ပွေးလှ

    • @rollingrecords-myanmar
      @rollingrecords-myanmar  4 місяці тому

      ဟုတ်ပါတယ်ဗျ ။ တကယ်လှတဲ့ ဒေသပါ ။