DVB Debate - "ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး"
Поділитися
Вставка
  • Опубліковано 20 лип 2019
  • “ပြုပြင်ပြောင်းလဲချင်တဲ့ရဲတပ်ဖွဲ့ ဝင်တိုင်းကို တာဝန်ရှိသူတွေက ၀ိုင်းဝန်းကူညီရမယ့် ပံ့ပိုးရမယ့်အစား ပိတ်ပင် တားဆီးတဲ့သဘော ပါလာတယ်။ ဒါဟာ တနည်းအားဖြင့် အာဏာရှင်စနစ်ကိုပြန်ပြီး သက်ရောက်တာ ပါပဲ။ ပြုပြင်ပြောင်းလဲချင်တဲ့ ရဲတပ်ဖွဲ့ ဝင်တွေကို နှိပ်ကွပ်နေကြတယ်။”
    ဒု-ရဲမှူးဟောင်း ဦးမိုးရန်နိုင်
    "ရဲဘာကြောင့်ပျက်သလဲ။ လစာမလောက်ဘူး။ အပေါ်က ရဲမှူးနဲ့အထက်အဆင့်လောက် တွေက တပ်ကလာတာ။ ရိုးရိုး တပ်ဖွဲ့ ဝင်တစ်ယောက်အနေနဲ့ စဉ်းစားလိုက်ပါ။ အပေါ်တက်ဖို့ ရာထူးကလည်း မရှိဘူး။ ပိတ်သွားပြီ။ သူဘာထွက်ပေါက်လုပ်မလဲ။ လာဘ်စားမှာပဲလေ။ ဒါရှင်းရှင်းလေးပဲ။ “
    ဦးအောင်ဝင်း ဒု- ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပြည်ထောင်စုတရားလွှတ်တော်ချုပ်
    “အမှုဖြစ်တဲ့အခါ ဖော်ထုတ်ပေးရမယ်။ မဖော်ထုတ်ပေးဘူးလားဆိုပြီးတော့ ကျနော်တို့ က အပြစ်ပေးခဲ့တာ မရှိ ဘူး။ ကနေဒီလုပ်ကြံခံရတဲ့အမှုတောင်မပေါ်တာဘဲဗျာ။ ပေါ်ချင်တဲ့အမှုပေါ်မယ်။ မပေါ်ချင်တဲ့အမှုနေမယ်။ သက်သေခံအထောက်အထားတွေဘယ်လိုရလဲ။ အခင်းဖြစ်တဲ့အရပ်ကို ဘယ်လိုစစ်ဆေးခဲ့လဲ။ ဘာတွေချို့ ယွင်း နေလဲ။ ကိုယ်နဲ့ ပြိုင်တဲ့လူဆိုးက ဘယ်လောက်ထိ ဥပဒေကိုကျွမ်းကျင်ပြီးတော့ သက်သေခံ ပစ္စည်းတွေကို ဘယ်လောက်ထိ ဖျောက်ဖျက်ပစ်နိုင်သလဲ။ ဒီအပေါ်မှာ လူဆိုးနဲ့ ရဲတို့ ရဲ့ အားပြိုင်မှုဖြစ်တယ်။ ဖြစ်တဲ့ အမှုတိုင်းကို ပေါ်ရမယ်လို့ ကျနော်တို့  ဖိအားမပေးဘူး။ "
    ရဲမှူးချုပ် ဦးဝင်းခေါင် (ငြိမ်း)
    “ရဲတပ်ဖွဲ့ နဲ့ ပက်သက်လာရင် ပြည်သူတွေ အများဆုံးတိုင်ကြားလာတာကတော့ အမှုမဖွင့်ပေးတဲ့ကိစ္စတွေပဲ။ ဒု တိယကတော့ အမှုဖြစ်နေတဲ့ မှန်ကန်တိကျတဲ့ တရားစွဲရမယ့်သူကို စုံးစမ်းမဖော်ထုတ်ဘဲ ကြန့် ကြာနေတဲ့ ကိစ္စပါ။ “
    ဦးခင်ဇော် အတွင်းရေးမှူး။ ( ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ )
    #DVBTV #Debate #police #myanmar #ဒီဘိတ်
    DVB TV - 22.07.2019
КОМЕНТАРІ • 59
  • @steventunoo6122
    @steventunoo6122 4 роки тому +3
    စစ်ဗိုလ်ချုပ်တွေ ချုပ်ကိုင်မှု‌ကြောင့် ဖြစ်တဲ့ ပြဿနာတွေပါ
  • @maychit9589
    @maychit9589 4 роки тому +6
    တရားဥပ ဒေ ကို "ရဲ " တွေ မှ မဟုတ် ပါဘူး..တရား သူ ကြီး နှင့် ရှေ့ နေ တွေ လဲ လေးစား လိုက် နာ ဖို့ လိုပါတယ်... တချို့ သော တရားသူ ကြီး .. ရှေ့ နေ တွေ ကြောင့် အမှု့ တွေ နှစ် ကြာ သွား တာ တွေ ရှိ ပါ တယ်... တရားဥပ ဒေ ..ကိုယ် က နား မလည် လို့ ရှေ့ နေ ငှါးပါတယ်... ကိုယ့် ရှေ့ နေ က တဖက် လူ ဆီက လာဒ် ယူ ပြီး ဒုက္ခ ပေးတာ တွေ လဲ ရှိ ခဲ့ လို့ပါ... တရားမ မှု့ တစ် ခု ဖြစ် တာ ရှေ့ နေ ၃ ယောက် ပြောင်း လိုက် ရ တယ်... ကိုယ့် အမှု့ သည် ကို ကူ ညီ ဖို့ ထက် သူ့ တို့ အိပ် ထဲ ငွေ ဝင် ဖို့ က အဓိ က ဖြစ် နေ တဲ့ သူ တွေ ကိုယ် တိုင် ကြုံ တွေ့ ခဲ့ ရ လို့ပါ ရှင့်..
  • @maychit9589
    @maychit9589 4 роки тому +2
    လက် ရှိ အခြေ အနေ တွေ ကို ပွင့် ပွင့် လင်း လင်း ဆွေး နွေး သွား တာ ဗဟု သုတ အဖြစ် မှတ် သား ခွင့် ရ လို့ မျ ဝေ ပေး တဲ့ DVB ကို ကျေး ဇူးပါ,
  • @zirthanhnuni9039
    @zirthanhnuni9039 4 роки тому +3
    ကြိုက်တယ် ဒီဆွေးနွေးပွဲကို…..အကုန်မှန်၊ အကုန်ပါတယ်
  • @aung9211
    @aung9211 4 роки тому +8
    ဆရာ ရဲမှူး ဟောင်းပြောတာ ပွင့်လင်းတယ် မိုက်တယ်
  • @kukuu1719
    @kukuu1719 4 роки тому +4
    အကျိုးရှိတဲ့စကားဝိုင်းပါ
  • @halhane3686
    @halhane3686 4 роки тому +1
    ကျေးဇူးးပါ... ,
  • @kwawah700
    @kwawah700 4 роки тому +3
    အရမ်းကောင်းလှတဲ့စကားဝိုင်း လေးစားပါတယ်အားလုံးကို
  • @halhane3686
    @halhane3686 4 роки тому +3
    ကျေးဇူးပါ... ဆရာများအားလုံးသို့....,
  • @ayeayemaw6010
    @ayeayemaw6010 4 роки тому
  • @sukann5641
    @sukann5641 4 роки тому +1
    ကောင်းသောရဲကိုတော့ လေးစားပါတယ်
  • @ayeayemaw6010
    @ayeayemaw6010 4 роки тому
  • @mgayechaw9358
    @mgayechaw9358 4 роки тому
    ဒီ​နေ့အထိ​​တော့
  • @maunghtwemaisan1975
    @maunghtwemaisan1975 4 роки тому
  • @kktin29
    @kktin29 4 роки тому
    အဓိက စစ်တပ်ကိုယ့်နေရာ ကိုယ်မနေတာပဲ . ရဲရဲ့တာဝန် တရားဥပဒေစိုးမိုးရေး ..စစ်တပ်တာဝန် တိုင်းပြည်လုံခြုံ ရေး..စီးပွားရေးပညာရှင်တွေ တာဝန် တိုင်းပြည်တိုးတက်ချမ်းသား ကြွယ်ဝရေး..ဆေးပညာရှင်တွေ တာဝန် ပြည်ကျန်းမာအနာကင်းစင်ရေး.. အခုချိန်ထိနေရာတကာ ၀င်ပါ ကိုယ့်အလုပ် ကိုယ်မနိုင် သောင်းကျန်း ပုန်ကန်သူတွေ မနှိမ်နင်း.. အာဏာရူးကောင်းတုံး.
  • @kukuu1719
    @kukuu1719 4 роки тому +1
    မကျွှမ်းကျင်တဲ့သူတွေ အုပ်ချုပ်တဲ့နေရာမရှိသင့်
  • @winzayar2222
    @winzayar2222 4 роки тому
    ok
  • @paullung4825
    @paullung4825 4 роки тому
    Good thoughts
  • @ayeayemaw6010
    @ayeayemaw6010 4 роки тому +1