အတိုင်းမသိ _ တီး- စောင်းဦးမြင့်မောင်၊ ဆို- ရီရီသန့်၊
Вставка
- Опубліковано 19 вер 2024
- မင်္ဂလာဩဘာဘွဲ့
အတိုင်းမသိ၊ မင်္ဂလာ ကျက်သရေရှိပါဘိတယ်ကို၊ တောကြီးငယ်
ယင်ရာ၊ ဇမ္ဗူ ဒီ တောင်ကျွန်း၊ တင့်ရွှန်းတည့် ကျက်သရေဖြာ။
ရှစ်ဗြဟ္မာ၊ လက်ျာသံချီးကြွေး။ အောင်ဇေယျတု၊ ငွေခရုသင်္ခါ၊
သွန်းဘိသိက်ငြာ၊ ပုဏ္ဏာဝန်းပြည့်၊ ထွန်းသစ်ရာဝယ်၊ တိမ်စင်
သာသည့် စန္ဒာမင်းလို၊ ရှင်းမြူ ပဝေး။ အခါတော်ပေးတာက၊ နတ်ရေးငယ်ရွှေစာ၊ သာသနာရောင်လင်း၊ ကောင်းခြင်းခု၊
သည်ချိန်ခါ။ ထက်ဗြဟ္မာလက်ျာ ခရုသင်း ငယ်နှင့်လေ၊
ရေသွန်းဖြာကျွန်းမှာ ဇမ္ဗူ တွင်းပေမို့လေး။ ကြည်လင်တယ်
သန့်ရှင်း၊ ရည်ရွှင်ဘွယ် ပျံ့သင်း၊ တော်မင်္ဂလာ၊ မြတ်စေတနာ၊ နတ်ဒေဝါပေါင်းရယ်တို့၊ ဆုတောင်းကြ၊ သည်ချိန်ခါ။ ။
မဂျလာပါ
ယခုလိုခေတ်ဆိုးခေတ်ပျက်ကာလမှယခုလိုမဂ်လာရှိတဲ့သီချင်းတွေနဲ့
မဂ်လာယူကြရမည်ဖြစ်ပါသည်
ပုထုစဥ်လူသားဓမ်မအတွက်
မဂ်လာတွေဖြစ်ပါတယ်
ကျေးဇူးတင်ပါသည်၊
ကျေးဇူးတင်ပါတယ် ကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာပါစေ
ဒီလို မဟာဂီတသီချင်းကြီးသီချင်းများကို နားဆင်ခံစားလိုသူများအတွက် စုဆောင်းစီစဥ်တင်ဆက်ပေးသူရဲ့ကျေးဇူးက ကြီးလှပါတယ်
မဂ်လာပါအေးချမ်းသာယာပျော်ရွင်ချမ်းမြေ့ပါစေ ကျေးဇူးတင်ပါတယ် 😍😍😍
သချင်း ဲရဲ သ ဘော နား လည် ပါ ၏
တင်ဆက်မှု့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။
ရွှေပြည်တော်သည်သီချင်းကြီးကိုတင်ပေးစေချင်ပါသည်။(New Zealand)
သာယာနာပျော်ဘွယ်ရှိပါ့
မြဝတီမင်းကြီး ဦးစပါ ရေးသူက
Very good !
Like
KaykhingAye
ထိန်းသိမ်းစုဆောင်းပြန်တင်ပေးတာကျေးဇူးတင်လှပါသည်