ပါရမီဆယ်ပါး(၁၀) - ဥပေက္ခာပါရမီ တရားတော် - သစ္စာရွှေစည်ဆရာတော်

Поділитися
Вставка
  • Опубліковано 2 жов 2024

КОМЕНТАРІ • 20

  • @rescue8150
    @rescue8150 2 роки тому

    ( ငြိမ်းချမ်းပါစေ။ ) & ( ဤသူသည် ငါ့ကိုဆဲရေးဖူးပြီ၊ ငါ့ကိုညှင်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာ ကိုဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူ့အား (ဖြစ်ပေါ်လာသည့်) ရန်သည် မငြိမ်းအေးနိုင်၊ ) & ( ဤသူသည် ငါ့ကိုဆဲရေးဖူးပြီ၊ ငါ့ကိုညှဥ်ဆဲဖူးပြီ၊ ငါ့ဥစ္စာကိုဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန် ထိုသူ့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏၊) & ( ဤလောက၌ ရန်တုံ့မူခြင်းဖြင့် သာလျှင် ရန်သူတို့သည် ဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူ ခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏၊) & ( ဤလောက၌ လူမိုက်တို့သည် ငါတို့သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုန်မှုတို့သည် မပြေငြိမ်းနိုင်ကုန်၊) & ( ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုန်မှုတို့သည် ပြေငြိမ်းနိုင်ကုန်၏၊) ဓမ္မပဒ၊ အစဥ်အလာတည်း။

  • @rescue8150
    @rescue8150 2 роки тому

    {{(( အားကိုးစရာ ဖြစ်-ပျက် - ​​နောက်က "မဂ်" ))}} & {{( "ငါ" ရှိဖို့ထက် ရှိတဲ့ "ဓမ္မဥာဏ်" မဂ်ဥာဏ်^ သို့^ ကူး​​ပြောင်းဖို့ရာ ဓမ္မ'ခန္ဓာ'အားလုံး အရေးကြီးဆုံး )}} ✌✍ 🙏 & (စိတ်ဆိုးနေတဲ့ အခါ ကောင်းတဲ့ စိတ်နဲ့ လဲ လိုက်ပါ၊ ရှုပ်နေရင် ရှုင်းတဲ့ စိတ်၊ ပူနေရင် အေးတဲ့ စိတ်၊ နောက်နေရင် ကြည်တဲ့ စိတ်နဲ့ ချက်ချင်း လဲလိုက်ပါ။) & (တစ်ဦးနဲ့တစ်ဦး ပြစ်မှားလိုစိတ် စောကားလိုစိတ် မရှိကြရင် နှစ်ဖက်စလုံး အကောင်းမြင် နိုင်ကြပြီပေါ့။) & ( လောကရဲ့ "ဂုဏ်"ဆိုတာ မက်မောသူ အတွက် အားကိုးစရာ ထင်ရပေမဲ့ တကယ်ကြောက်စရာကြီးပါ။) & ("အပြော"ကြောင့် မယုံလိုက်ပါနဲ့။ သေချာ ပေါင်းကြည့်ပါဦး၊ သိလာလိမ့်မယ်။) & (အပြစ်ဆိုတာ မကောင်းဘူး၊ ကောင်းချင်ရင် အပြစ်မလုပ်နဲ့။) & (ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါပဲ ဒီစကားကို မယုံရင် တစ်လောကလုံးရဲ့ အလိမ်အညာတွေကို ခံနေရပြီမှတ်။) & (ကြိုးစားနေကြတာ ကောင်းပါတယ်၊ ဒါပေမယ့် သူဋ္ဌေးဖြစ်ဖို့ပဲ မနေမနား ကြိုးစားကြတယ်၊ ချမ်းသာအောင် မလုပ်ကြဘူး။) & (အသိဉာဏ်ရှိသူက လောကတာဝန်ကို မယူဝံ့လျှင် အသိဉာဏ်မဲ့သူတို့၏ လောကကို ဖျက်ဆီးခြင်းသည် အပြစ်ဆိုဖွယ် မမြင်။) & ('လုပ်သင့်တာ'ကို လုပ်နိုင်သလောက် လုပ်ပါ။ လုပ်နိုင်တယ် ဆိုပြီး 'မလုပ်သင့်တာ'ကို မလုပ်ပါနဲ့။) & (လူကနိုးပြီး ကုသိုလ်ကို မအိပ်ပါစေနှင့်။ လူက အိပ်ရင်တောင် ကုသိုလ်က အမြဲနိုးနေပါစေ။) & (ဓမ္မဒူတ အရှင်ဆေကိန္ဒ & အသိပေးစကားစုများမှ ကူးယူရေးသားခြင်း ဖြစ်ပါသည်။) သာဓု သာဓု သာဓု။

  • @rescue8150
    @rescue8150 2 роки тому

    (မွေးဖွားပြီး သေဆုံးလိမ့်မည်။) & ( သီလ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ ဝိပဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ) ( ပျင်းရိသည်ဖြစ်၍ ဝီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ဝီရိယကိုမြဲမြံစွာ အားထုတ်သောသူ၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။ ) ( ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာ အသက်ရှည်နေရခြင်းထက် ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို မပြတ်ရှုမြင်သုံးသပ်သောပုဂ္ဂိုလ်၏ တရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။) dhammapada. & . ( ထို့ကြောင့် ခန္ဓာငါးပါး၏ ပြောင်းလည်း ဖောက်ပြန်ခြင်း ဝဋ်ဘဝခန္ဓာကို ယခုအခါ၌ အမြတ်ရဖို့ ဆုတောင်းယူ၍ မရနိုင်သော မြတ်နိဗ္ဗာန်ကို သတိ သမာဓိ ပညာတို့ဖြင့် မဂ္ဂင်အလုပ် ဝိပသနာကို နေရာတိုင်း အချိန်တိုင်း မသေမှီ ကျန်းမာ၍ ချမ်းသာပြီး အသက်ရှည်၍ နေစဥ်မှာ ဥာဏ်ကောင်းဖို့ရာ ရရှိထားသော လူ့ဘဝ အသိဥာဏ်ကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ဖြစ်ဖို့ အရေးကြီးပါသည်။ (အို'ဇာတာထက် & သေ'ဇာတာကောင်းနိုင်ဖို့ အရေးကြီးသည်။) ဒါကြောင့် ဝိပဿနာဘာဝနာ တရားအားထုတ်ကြပါစို့။ သာဓု သာဓု သာဓု။

  • @rescue8150
    @rescue8150 2 роки тому

    {(အမှားဆုံးက-အမှန်ဖြစ်ဖို့ ကြိုးစားကြပါစို့။)} & ဘယ်သူမှ မသေချင်ဘူး နေချင်တဲ့ အကြောင်းတရားတွေရှိ​​ကြတယ် ဒါကို အများကြီးပြုခဲ့တဲ့ ကံသခ်ါရအကြောင်းတရားက အကျိုးတရား ရုပ်နဲ့နာမ် ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ပေါ်လာ ရခဲ့တာသည် (အမှားဆုံး) နဲ့ မှားလာခြင်း မွေးဖွားလာပြီးသည်နှင့် ဇရာ မရဏ ကပ်ပါလာ၍ ဝဋ်ခန္ဓာရခဲ့ခြင်းသည် ဗိုက်စာလိုက် ပြန်ဖြည့်လိုက် စွန့်ပြစ်လိုက် တဖန် money.ပိုက်ဆံ ကုန်လိုက် ဆံပင်ညှပ်လိုက် ပြန်ရှည်လိုက် - လက်သည်းညှပ်လိုက် ပြန်ရှည်လိုက် - ပြုပြင်ရတဲ့ body. ခန္ဓာကိုယ် ရေချိုးလိုက် - ချွေးစော်နံလိုက် & အိပ်ပျော်လိုက် - နိုးလာလိုက် ဝမ်းသာခြင်း - သုခ - ဒုက္ခ တစ်လှည့်စီ ဖောက်ပြန်ခြင်း ဆင်းရဲခြင်း မတည်မြဲခြင်းတွေ အပြည့်ရှိသောကြောင့် ခန္ဓာ့ကျွန်ဘဝက လွတ်မြောက်ဖို့ မြတ်နိဗ္ဗာန်ကို ရှာရမှာ (ဝမ်းနည်းဖို့ မဖြစ်ပါ) & (အမှားဆုံး)ဖြစ်တဲ့ မွေး-အို၊နာ၊သေ၊ သိနေသူအဖို့မှာတော့ အမှန်ဖြစ်ဖို့ဆိုတာက မြတ်စွာဘုရားရှင် ဟောကြားခဲ့သော သစ္စာလေးပါး မြတ်တရားကို သိမှု ပွားမှု ပယ်မှု ရှိမှ ဘုရားသာသနာမှာ လူဖြစ်တာ အဖိုးတန်တာ မြတ်နိဗ္ဗာန် ရရှိ ရောက်ရှိမှသာ အမှားဆုံးကနေ အမှန်ဆုံးသို့ ရောက်ရှိ​ခြင်းဖြစ်ဖို့ လူဖြစ်ခဲ့တာဟုသိလျှင် တန်ဖိုးရှိတာ အမှန်ပါ။ ဒါကြောင့် အမှန်ဆုံးဖြစ်ဖို့ (birth.deagh & မွေးဖွားခြင်း - သေဆုံးခြင်း) လွတ်မြောက်ဖို့ သစ္စာလေးပါး မြတ်တရားတော်ကို နာယူပြီး ဖြစ်ပျက် သင်္ခါရတရားတို့ကို ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပွားခြင်းဖြင့် မြတ်နိဗ္ဗာန်ကို ဧကန်ရောက်ဖို့ ရှုမှတ် ကျင့်ကြံ ဘာဝနာတရား ကြိုးစားကြပါစို့။ ခန္ဓာ့ကျွန်ဘဝက လွတ်မြောက်ဖို့ ကူညီနိုင်ကြပါစေသတည်း။ သာဓု သာဓု သာဓု။

  • @rescue8150
    @rescue8150 2 роки тому

    (တရားရှိလျင် ကြောက်ရွံမှုမရှိပါ။) & (လူကိုဖြစ်စေ ပစ္စည်း ဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလန်းခြင်းကို မပြုရာ၊ ချစ်ခင်စွဲလန်းသူတို့နှင့် ကွေ့ကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်းမရှိသော သူတို့အား အနှောင်အဖွဲ့ 'ဂန္တ'တို့ မရှိကြကုန်၊။) & ( ချစ်ခင်မှုကြောင့် စိုးရိမ်မှု ဖြစ်ရ၏၊ ချစ်ခင်မှုကြောင့် ကြောက်ရွံ့မှု့ဖြစ်ရ၏၊ ချစ်ခင်မှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံမှု ရှိတော့အံနည်း။) & ( မြတ်နိုးမှုကြောင့် စိုးရိမ်မှု ဖြစ်ရ၏၊ မြတ်နိုးမှုကြောင့် ကြောက်ရွံမှု ဖြစ်ရ၏၊ မြတ်နိုးမှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံမှု ရှိတော့အံနည်း။ ) & ( မွေ့လျော်မှုကြောင့် စိုးရိမ်မှု ဖြစ်ရ၏၊ မွေ့လျော်မှုကြောင့် ကြောက်ရွံမှု ဖြစ်ရ၏၊ မွေ့လျော်မှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံမှု ရှိတော့အံနည်း။ ) & ( ကာမကြောင့် စိုးရိမ်မှု ဖြစ်ရ၏၊ ကာမကြောင့် ကြောက်ရွံမှု ဖြစ်ရ၏၊ ကာမမှ ကင်လွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံမှု ရှိတော့အံနည်း။ ) & ( တဏှာကြောင့် စိုးရိမ်မှု ဖြစ်ရ၏၊ တဏှာကြောင့် ကြောက်ရွံမှု ဖြစ်ရ၏၊ တဏှာမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံမှု ရှိတော့အံနည်း။ ) သီလနှင့်ပြည့်စုံ ဥာဏ်ပညာနှင့်လည်းပြည့်စုံ၍ တရား၌တည်ကာ အမှန်တရားကိုလည်း သိတတ်သော မိမိပြုဖွယ် အမှုကိစ္စကိုလည်း ပြုတတ်သူကို လူအပေါင်းတို့သည် ချစ်မြတ်နိုး၏။ ဓမ္မပဒမှ ဆိုပါသည်။

  • @rescue8150
    @rescue8150 2 роки тому

    {ပြောသမျှ-ကြားသမျှစကား တရားဖြစ်ဖို့} ဆိုတာ ဝိဇ္ဇာဥာဏ်'အပေါ်မှာ ဝီရိယလျော့လို့ မဖြစ်ပါ။ သစ္စဥာဏ် ဓမ္မအသိနဲ့ သင်္ခါရ အားလုံးအပေါ် သည်းခံနိုင်ဖို့ ယခုကတည်းက ဝိပဿနာ တရားဘာဝနာ ရှုမှတ်နိုင်ရမယ်။ ရန်သူတစ်ထောင်လည်း နိုင်ဖို့ရာ စိတ်မကူးဘူး မိမိစိတ် မိမိသာလျှင် နိုင်ချင်တယ် ကိုယ်စိုက်ခဲ့တဲ့မျိုးစေ့သည် မြတ်စွာဘုရားရှင်စီက ဓါတ်မြေဩဇာနှင့်တူသော သစ္စာတရားတို့ကို ဓမ္မန္ဓာမှာထည့်ပြီး ဝိပဿနာမျိုးစေ့ကို အပင်ပေါက်ဖို့ တရားရိပ်သာကျောင်းသို့သွား၍ ဝိပဿနာ မဂ်ဖိုလ် နိဗ္ဗာန်ပင်ပျိုးပြီး သစ္စာလေးပါးမြတ်တရား မှတ်သားနာယူပြီး မိမိခန္ဓာ မြေပထဝီ ခန္ဓာဓမ္မရုံမှာ အပင်သန်စေဖို့ ရှေ့ကဖြစ်ပျက် နောက်က မဂ်ရေများ လောင်း၍ ၎င်းအတိုင်း သွားပြီး မဂ်သီး ဖိုလ်သီး သီးလာနိုင်ဖို့ ဝိပဿနာတရား ဘာဝနာ ကြိုးစားအားထုတ်ကြပါစို့။ သာဓု သာဓု သာဓု။

  • @rescue8150
    @rescue8150 2 роки тому

    (မဂ်ဖိုလ် နိဗ္ဗာန်ဆိုတာ) & (နိဗ္ဗာန် နှစ်မျိုး) ရှိသည်။ (မဂ်ဖိုလ် နိဗ္ဗာန်သည် ဗုဒ္ဓဘာသာ သာသနာ၌ သစ္စာလေးပါး မြတ်တရား၌ မဂ်ဖိုလ် နိဗ္ဗာန် နှစ်မျိုးရှိပါသည်။) ဆင်းရဲငြိမ်းခြင်းလား ဘာမှမရှိခြင်းလား မေးခဲ့ရင် တပည့်ဖြေကြည့်မယ်။ (ဖြစ်မှု ပျက်မှု ကုန်ဆုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်) - (ခံစားမှု ဝေဒနာချုပ်၍ ခန္ဓာငါးပါးချုပ်ချိန်၌ အနာဂတ် အစားထိုး သခ်ါရ ဓမ္မခန္ဓာကင်းစင်ခြင်းသည် နိဗ္ဗာန် & အနာဂတ် ဓမ္မခန္ဓာ သင်္ခါရဖြစ်ပျက်တို့ကို ပစ္စုပ္ပန်ဘဝတွင် ယောဂီပုဂ္ဂိုလ်သည် မဂ်ဖိုလ်တရားများနှင့် အမှီပြုနေခြင်းနှင့် ကိလေသာများကို ဝင်ခွင့်မရအောင် ဂတိမြဲခြင်း ပိတ်ဆို့ထားခြင်းကြောင့် ဖြစ်-ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးခြင်းသည် နိဗ္ဗာန် & သခ်ါရဓမ္မတို့မှာ မဂ်ဖိုလ်ကိုအားထုတ်သော ယောဂီသည် ကပ်ငြိနေသော အကုသိုလ်သခ်ါရ ကုသိုလ်သခ်ါရ (ဓမ္မ & အဓမ္မ) တို့ကို ခွာချခဲ့ပြီး စွန့်ခဲ့ပြီးဖြစ်တာကြောင့် ဓမ္မ & အဓမ္မ သခ်ါရတရားတို့သည် မဂ်ဖိုလ်ရသောယောဂီကို ၃၁ ဘုံ၌ အတူရှိဖို့ ကုသိုလ်-အကုသိုလ် & မကောင်းမှု-ကောင်းမှု & ဓမ္မ-အဓမ္မ သခ်ါရတရားက မကယ်တင်နိုင်ပါဘူး သခ်ါရတရားနှင့် အတူရှိရန် အကျိုးပေးခွင့် မရတော့ဘဲ သခ်ါရတရားနှင့် ဆန့်ကျင်ဘက် ယောဂီပုဂ္ဂိုလ်၌ အားကိုးနိုင်သော( နိဗ္ဗာန်-မဂ်-ဖိုလ် ) တို့နှင့်အတူ အမှီပြုပြု၍ ၃၁ ဘုံကို တနည်း သခ်ါရတရားတို့ကို နှုတ်ဆက် - ဟန်ပြုခြင်း တနည်း ဈာန်ရခြင်း ပစ္စုပ္ပန်ခန္ဓာရှိလျှက် ပျောက်ပြီး ဈာန်ဝင်စား နေခြင်းသည် လောကသုံးပါးနှင့် တနည်း ဓမ္မ-အဓမ္မနှင့် မသက်ဆိုင်သော မဂ်ဖိုလ်တို့၏ နိဗ္ဗာန် ဖြစ်သည်။ ဒါကြောင့် မဂ်ဖိုလ်'နိဗ္ဗာန်'ဟု ဆိုချင်ပါသည်။ 'နိဗ္ဗာန်'နှစ်မျိုးရှိသည်။ (ခန္ဓာဝန်ချပြီး ရရှိသော နိဗ္ဗာန်) & ( ခန္ဓာအရှိနှင့် မဂ်ဖိုလ်-နိဗ္ဗာန် )ဟူ၍ ဖြစ်ပါသည်။ သာဓု သာဓု သာဓု။

  • @taunggyitaunggyi8697
    @taunggyitaunggyi8697 2 роки тому

    ကောင်းလေး
    ခင်ဗျာဗုဒဘာသာဝင်အားလုံးကိုကြေညာလိုက်ပါ အပါယ်၄ပါးမရှိ
    တရားပိုင်ရှင်ရဟန်းကြီးသာဝက
    အပါယ်၄ပါးရှိ၏

  • @luwin6480
    @luwin6480 Рік тому

    🙏 သာဓု ပါ အရှင်မြတ်ကြီး ဘုရား 🙏 သာဓု ပါ အရှင်မြတ်ကြီး ဘုရား 🙏 သာဓု ပါ အ ရှင်မြတ်ကြီး ဘုရား ။ 🙏🌹🙏🌹🙏🌹 ကျမ်း မာ ပါ စေ 🙏 ဘုရား 🙏 ဆရာတော် အရှင်မြတ်ကြီး ဘုရား 🙏 ဘုရား 🙏🌹🙏🌹🙏🌹

  • @taunggyitaunggyi8697
    @taunggyitaunggyi8697 2 роки тому

    15:7:2022
    ဘုန်းကြီး
    ကိုသားတပည့် သာဝကတွေကို
    ဘုရားများများရှိခိုးခိုင်းပါ

  • @phyuyar5500
    @phyuyar5500 Рік тому

    သာဓုသာဓုသာဓုပါဘုရား 🙏🙏🙏

  • @shunpyaetvs5598
    @shunpyaetvs5598 10 місяців тому

    သာဓု သာဓု သာဓုပါဘုရာ

  • @shunpyaetvs5598
    @shunpyaetvs5598 10 місяців тому

    မှန်ပါဘုရား

  • @KamalKosai
    @KamalKosai 25 днів тому

    ဦးတင်ပါ၏ဘုရား

  • @khinemarlar9000
    @khinemarlar9000 2 роки тому

    🙏🙏🙏🙏🙏

  • @tinttint6790
    @tinttint6790 10 місяців тому

    🙏🙏🙏

  • @sangsang8130
    @sangsang8130 2 роки тому

    🙏🙏🙏

  • @winhtain4905
    @winhtain4905 2 роки тому

    သာဓုသာဓုသာဓုပါဘုရား