သူမနှင့် သူမဘဝ ဟယ်လင်ကဲလား အပိုင်း (၅)

Поділитися
Вставка
  • Опубліковано 2 жов 2024
  • စာအညွှန်း
    မွေးပြီး (၂)နှစ်မပြည့်ခင်အချိန်မှာပင် အပြင်းဖျားရောဂါတစ်မျိုးကြောင့် မျက်မမြင်၊ ဆွံ့အ၊ နားမကြားဘဝသို့ ရောက်ခဲ့ရသော်လည်း ထိုမသန်စွမ်းမှုများအားလုံးကို ကျော်ဖြတ်အနိုင်ယူပြခဲ့သည့် အမျိုးသမီးစွမ်းဆောင်ရှင် ဟယ်လင်ကဲလား၏ အတ္ထုပ္ပတ္တိ ဘာသာပြန်စာအုပ်ဖြစ်သည်။
    #ဟယ်လင်ကဲလားမိတ်ဆက်
    Helen Keller (Helen Adams Keller 1880-1968)
    ဟယ်လင်ကဲလားသည် မွေးပြီး (၂)နှစ်မပြည့်ခင်အချိန်မှာပင် အပြင်းဖျားရောဂါ တစ်မျိုးကြောင့် အမြင်အာရုံနှင့် အကြားအာရုံဆုံးရှုံးခဲ့ရပြီး စကားပင် မပြောနိုင်တော့သည့် ပူးတွဲဝေဒနာ(၃)မျိုးစလုံးကို ခံစားခဲ့ရသည်။ ထိုသို့ ကြုံတွေ့ခံစားခဲ့ရသော်လည်း ထိုမသန်စွမ်းမှုများအားလုံးကို သူမတူသည့် စိတ်စွမ်းအားဖြင့် ကျော်ဖြတ်အနိုင်ယူပြခဲ့သူလည်းဖြစ်သည်။
    ထိုသို့အနိုင်ယူကျော်ဖြတ်ရာတွင် ဟယ်လင် အသက်(၇)နှစ်အရွယ်ကတည်းက ချစ်ခြင်းမေတ္တာများဖြင့် ပေးဆပ်အနစ်နာခံ၍ စာပေသင်ကြားပြသပေးခဲ့သော ဆရာမဆောလီဗန်၏ အနစ်နာခံကြိုးစားအားထုတ်မှုတို့လည်း ပါဝင်နေခဲ့သည်။ ဟယ်လင်ကဲလားသည် သူမ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်ခဲ့သည့် အကျိုးရလဒ်အဖြစ် အသံထုတ်နည်းကို သင်ယူတတ်မြောက်ကာ နောက်ဆုံး၌ စကားပါပြောဆိုနိုင်ခဲ့သည့်အပြင် စူးစမ်းလိုစိတ်နှင့် အသိပညာဗဟုသုတရှာဖွေသိုမှီးလိုစိတ် ပြင်းပြထက်သန်မှုများကြောင့် နာမည်ကြီးတက္ကသိုလ်မှ ထိပ်တန်းအမှတ်များဖြင့် ဘွဲ့ရရှိခဲ့သည်။
    ထိုမျှမကပဲ သူမကဲ့သို့ မသန်စွမ်းဘ၀ရောက်ရှိနေသူများကို ကူညီစောင့်ရှောက်သည့် အလုပ်ကိုလည်း သူမ၏ တစ်ဘဝလုံးရင်းပြီး ကိုယ်ကျိုးစွန့်ကာ လုပ်ကိုင်ပေးသွားခဲ့သူ လည်းဖြစ်သည်။ ထို့ပြင် အမျိုးသမီးများနှင့် လူတန်းစားခွဲခြားခံရသူ လူမည်းများ၊ အာဏာရှင်များ၏ ခေါင်းပုံဖြတ်မှုကို ခံနေရသော အခြေခံအလုပ်ကြမ်းသမားများကဲ့သို့ အားနည်းသူများအတွက်လည်း သူမတူသည့် စကားပြောစွမ်းရည်ဖြင့် တစ်ကမ္ဘာလုံးအနှံ့သွားရောက်ကာ မိန့်ခွန်းများ မရေမတွက်နိုင်အောင် ပြောကြားရင်း ရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သည်။
    သူမ၏ ကြည်လင်ရှင်းသန့်သော စိတ်ဓာတ်ခွန်အားနှင့် ဖြောင့်မတ်မှန်ကန်သော ကိုယ်ချင်းစာတရားတို့ဖြင့် ရေးသားပြုစုခဲ့သော စာအုပ်များသည် ယနေ့ခေတ်တိုင်အောင် ကမ္ဘာတစ်ဝှမ်းရှိ လူသားများ၏ စိတ်နှလုံးသားကို လွှမ်းခြုံလှုပ်ခါနေဆဲဖြစ်သည်။ ကိုယ်စားပြုစာအုပ်အဖြစ် သူမ အသက်(၂၃)နှစ်အရွယ်တွင် ရေးသားခဲ့သော [The Story of My Life]စာအုပ်သည် New York Public Libraryမှ ရွေးချယ်သည့် “(၂ဝ)ရာစုအတွက် အရေးပါဆုံးစာအုပ်(၁ဝဝ)” စာရင်းတွင် ပါဝင်ခဲ့သည်။ ထို့ပြင် သူမ အသက်(၅၃)နှစ်တွင် ရေးသားခဲ့သော [Three Days to See]စာအုပ်သည် (၂ဝ)ရာစု၏ အကောင်းဆုံး စာပေလက်ရာမွန်တစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။ သူမသည် ပထမဦးဆုံး အမျိုးသမီးစွမ်းဆောင်ရှင်အဖြစ် ဟားဗက်တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ဒီဂရီဘွဲ့ရရှိခဲ့ပြီး အမေရိကန်နိုင်ငံ၏ ဂုဏ်ထူးဆောင်ဆုတံဆိပ်ဖြစ်သည့် “Liberty Medal”ကိုလည်း ဆွတ်ခူးရရှိခဲ့သည်။ ထိုမျှသာမက သူမ အသက်ရှင်နေစဉ်ကာလအတွင်း၌ပင် နိုင်ငံ့ဂုဏ်ဆောင်အမျိုးသမီးများ၏ ဂုဏ်ပြုအထိမ်းအမှတ်ခန်းမတွင် အမည်တင်သွင်းခြင်း ခံခဲ့ရသည်။
    နောက်ခံစကားပြော - ကယားဖော
    Please Like & Subscribe

КОМЕНТАРІ •