နည်းပညာအဆင့်မြင့် နိုင်ငံတစ်ခု အစ္စရေးတို့ ဘယ်လိုတည်ဆောက်ခဲ့သလဲ (ဘာကြောင့်ကျရှုံးနေရသလဲ)
Вставка
- Опубліковано 5 лют 2025
- အစ္စရေးနိုင်ငံဆိုတာက သေးသေးကွေးကွေးလေးပါ။ ဒါကြောင့် အရေးမပါဘူး၊ မစွမ်းဆောင်နိုင်ဘူးလို့ မဆိုနိုင်ပါ။ နိုင်ငံစတင် တည်ထောင်ချိန်ကစလို့ တစ်ဖက်စောင်းနင်း အခြေအနေတွေကို ထပ်ခါတလဲ လဲ ကျော်ဖြတ်ခဲ့ပြီး သူ့နိုင်ငံဖြစ်တည်မှုအတွက် သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံ တွေကပင် အားကျရလောက်တဲ့အထိ ဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာတွေ အသုံးပြုထားတဲ့လေ ကြောင်းကာကွယ်ရေးစနစ်၊ ဒုံးကျည်ကာကွယ်ရေးစနစ်၊ ရေဒါနဲ့ဖမ်းရခက်လောက်အောင် စတောလ် ဒ် နည်းပညာနဲ့ တီထွင်ထုပ်လုပ်ထားတဲ့ ဂျက်တိုက်လေယာဉ်တွေ၊ နိုင်ငံအနှံ ဖြန့်ကျက် ထားပါတယ်။ အဆင့်မြင့်ထောက်လှမ်းရေးစနစ် နဲ့ ထောက်လှမ်းရေးစွမ်းရည်ကလည်း တစ်ကမ္ဘာ လုံးနီးပါးထိ လွှမ်း မိုးထားပါတယ်။
တစ်ချိန်တည်းမှာ အစ္စရေးစက်မှုလုပ်ငန်းတွေကနေ ကမ္ဘာက လက်ဖျားခါလောက်တဲ့ အဆင့်မြင့် လက်နက်တွေဖြစ်တဲ့ တင့်ကားတွေ၊ ဒရုန်းတွေ၊ ဒုံးကျည်တွေထိ အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ပါ တယ်။ ဂြိုလ်တု နဲ့ ဆိုင်ဘာလုံခြုံ ရေးစနစ်တွေထိ သူတို့စွမ်းဆောင် နိုင်ကြပါတယ်။ အာကာသ နည်းပ ညာအပါအဝင်၊ ကာကွယ်ရေးပစ္စည်းမျိုးစုံကို အစ္စရေးစက်မှုလုပ်ငန်းတွေကနေ သူ့ကိုယ်ပိုင်နည်း ပညာတွေနဲ့ ထုတ်လုပ်နိုင်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အစ္စရေးဟာ ကမ္ဘာ့လက်နက်ထုတ်လုပ် ရောင်းချနေတဲ့ ထိပ်တန်းနိုင်ငံ (၁၀) နိုင်ငံစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ အစ္စရေးနိုင်ငံထုတ် မဟာဗျူ ဟာမြောက် လက်နက်ဆန်းတွေဟာ တစ်ခါတစ်ခါ စစ်မြေပြင်အနေအထားကို ပြောင်းပြန်ဖြစ်သွား လောက်အောင်ထိ စွမ်းဆောင်နိုင်တာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက စိတ်ဝင်တစားနဲ့ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာရတဲ့ထိ ဖြစ်ပါတယ်။ မှန်ပါတယ်။ ဒါတွေက အစ္စရေး-ဟာမတ်စ် စစ်ပွဲမဖြစ်ခင်ထိ လက်တွေ့ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။
သို့သော် ဒီနေ့ နည်းပညာအရာမှာသူ့နဲ့ ယှဉ်လို့မရလောက်အောင် နိမ့်နေတဲ့ “ဟာမာစ်” တို့နဲ့ ယှဉ်ပြိုင် နေတဲ့စစ်ပွဲမှာ သူ့ရဲ့အမြော်အမြင် နဲ့ နည်းပညာအသာစီးရရှိမှုဆိုတာတွေဟာ တစ်ရက်ထက်တစ် ရက်မှေးမှေးမှိန်မှိန်နဲ့ တိမ်မြုပ်ပျောက်ကွယ်သွားရမလို ဖြစ်လာနေပါတယ်။ ဒါက အစ္စရေးနည်း ပညာဆိုတာ စစ်ရေးပြအခန်းအနားတွေလောက်မှာ ‘စွာ’ နိုင်သလောက် လက်တွေ့ စစ်မြေပြင်မှာ အ သုံးမတည့်လှဘူးလို့ ပြန်ပြင်ပြောရမလို ဖြစ်လာနေပါပြီ။