ရွှေခေတ်ကို မီခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား

Поділитися
Вставка
  • Опубліковано 22 лис 2020
  • ရွှေခေတ်ကို မီခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးသမား (ရုပ်/သံ)
    ဧရာ၀တီီ၊ နိုဝင််ဘာ ၂၃၊ ၂၀၂၀
    ၁၉၆၀ ကနေ ၁၉၇၀ ပြည့်နှစ်ကျော် ကာလတွေဟာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ချန်ပီယံဆုတွေ အကြိမ်ကြိမ်ရခဲ့တဲ့ ဘောလုံးရွှေခေတ်လို့ တင်စားခဲ့ရတဲ့ ကာလတွေပါ။
    မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ကျွန်းဆွယ်ဖလား ချန်ပီယံဆု၊ အာရှ ချန်ပီယံဆု၊ မာဒေးကားဖလား ချန်ပီယံဆု၊ ပတ်ချုံဟီးဖလား ချန်ပီယံဆု စတဲ့ ချန်ပီယံဆုပေါင်းများစွာကို အကြိမ်ကြိမ် ရခဲ့တဲ့အပြင် ကမ္ဘာ့အဆင့် မြူးနစ် အိုလံပစ်ပြိုင်ပွဲကိုပါ တက်ရောက်နိုင်ခဲ့ပါတယ်။
    ရေဒီယိုမှာ တို့မြန်မာနိုင်ပြီ ဆိုတဲ့ သီချင်းသံ ပျံ့လွင့်ခဲ့တဲ့ အဲဒီ ရွှေခေတ်ကာလမှာ မြန်မာ့ ဘောလုံးလောကရဲ့ အထင်ရှားဆုံးပုဂ္ဂိုလ်တဦးလို့ အသိအမှတ်ပြုထားရတဲ့ ဗဟာဒူး အပါအဝင် ကိုကိုကြီး၊ လှဌေး၊ မောင်မောင်တင်၊ ဝင်းမောင်၊ ဘပု စတဲ့ ဘောလုံးသမားကောင်းတွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။
    အဲဒီ ရွှေခေတ်ကာလမှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ ချန်ပီယံဆုတွေ အကြိမ်ကြိမ်ကိုင်မြှောက်ခဲ့ဖူးတဲ့ လက်ရွေးစင်ဘောလုံးသမားဟောင်းကြီး ဦးဝင်းမောင်ဟာ အခုဆိုရင် အသက် ၇၉ နှစ်ရှိပါပြီ။
    ၁၉၆၆ ကနေ ၁၉၇၆ ခုနှစ်အထိ ၁၀ နှစ်တိုင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဖြစ်ခဲ့တဲ့ ဦးဝင်းမောင်ဟာ အခုချိန်အထိလည်း ဘောလုံးကွင်းထဲမှာ ပျော်မွေ့နေဆဲဖြစ်ပါတယ်။
    သူ့ရဲ့ ၃၇ နှစ်ကျော်ကြာ ဘောလုံးအတွေ့အကြုံတွေကို မျိုးဆက်သစ်တွေကို ပညာမျှဝေရင်း ပြည်မြို့မှာ အေးချမ်းစွာနေထိုင်နေပါတယ်။
    အင်တာဗျူး - ဆလိိုင်းကောင်း​မြတ်မင်း
    ရိိုက််ကူး/တည်းဖြတ် - ဇော်််််နောင်လင်း

КОМЕНТАРІ •