Це відео не доступне.
Перепрошуємо.

ဝက်သုံးထပ်သားပေါင်း

Поділитися
Вставка
  • Опубліковано 25 лис 2022
  • နူးအိပြီးစားလို့ကောင်းတဲ့ ဝက်သုံးသားပေါင်းနဲ့ မုန့်ညှင်း ဟင်းလေးပါ။ ချိုချိုငန်ငန်အရသာလေးဖြစ်တာကြောင့် ကလေးတွေရောလူကြီးပါ ကြိုက်နှစ်သက်မှာသေချာပါတယ်။
    ၀က်သုံးထပ်သားကို အတုံးလိုက်ပေါင်းမှာဖြစ်တဲ့အတွက် အတုံးသေးသေးလေးတွေမလှီးတော့ဘဲ စျေးက ဝယ်လာတဲ့ အချပ်လိုက်ပဲ ပေါင်းမှာဖြစ်ပါတယ်။
    ဟင်းခတ်အမွှေးအကြိုင်တွေကတော့ ကြက်သွန်ဖြူ ၈ မွှာ။ကြက်သွန်မြိတ် ၃ ပင်ပင်။ ချင်း(ဂျင်း) ၅ ပြား။ နာနတ်ပွင့နတ်ပွင့် (၁ ပွင့်)
    ရယ်လိုအပ်ပါတယ်။ နာနတ်ပွင့်များရင် ဟင်းက အနံ့အရမ်းပြင်းသွားတတ်ပါတယ်။
    ကြက်သွန်မြိတ်ကို ၂ လက်မ အရွယ်ပိုင်းထားပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။
    ဒယ်အိုးထဲမှာ ဆီမထည့်သေးဘဲ အိုးက ပူလာပြီဆိုရင် ဝက်သားအရည်ပြားရှိတဲ့ဖက်ကို အိုးပူတိူက်ပေးပါ။ ဒါမှ မွှေးညှင်းတွေပွင့်သွားပြီး အသားညှီနံ့တွေသက်သာစေမှာပါ။ ပြီးရင် ရေထည့်ပြီး တ ရေပြုတ်ပစ်ပါတယ်။
    ဒယ်အိုးထဲမှာ ဆီ ၂ ဇွန်းလောက်ထည့်ပြီး ဆီပူလာရင် နာနတ်ဖွင့်။ ချင်း (ဂျင်း)။ကြက်သွန်ဖြူ။ ကြက်သွန်မြိတ်အဖြူပိုင်းထည့်ပြီးဆီသတ်ပေးပါ။ မွှေးလာပြီဆိုရင်
    သကြားခဲ သို့ သကြား ၁ ဇွန်းခွဲလောက်ထည့်ပါ။ (သကြားခဲက အချိုအရသာပေါ့ တဲ့အတွက် သကြားခဲထည့်တဲ့အခါ အနည်းငယ်ပိုထည့်ပေးပါ) သကြားတွေကို တူးအောင်ကြော်စရာမလိုဘဲ ပျော်လာပြီဆိုရင် ဟင်းချက်အရက် ခွက် တဝက် ထည့်ပါ။ ပဲငံပြာရည်အကြည်ကို စားပွဲတင်ဇွန်း ၃ ဇွန်းလောက်ထည့်ပါ။ ပဲငံပြာရည်အပျစ် အနည်းငယ်။ ရေထည့်မယ်။ ရေက အများကြီးထည့်စရာမလိုပါဘူး။ Pressure cooker နဲ့ပေါင်းမှာဖြစ်ပြီး (ရိုးရိုးပေါင်းနည်းလည်းရေးပေးထားပါတယ်ခင်ဗျာ) အိုးအောက်ခြေမှာ ချင်း (ဂျင်း) အနည်းငယ် ကြက်သွန်မြိတ်အနည်းငယ်ခင်းပြီး တရေပြုတ်ထားတဲ့ ဝက်သားထည့်ပေးပါ။ ချက်ထားတဲ့ဆော့စ်တွေထည့်ပေးပါ။
    Pressure cooker က ရေမခန်းတဲ့အတွက် ရေအများကြီးထည့်စရာမလိုပါဘူး။မိနစ် ၃၀ ပေါင်းရင် ရပြီဖြစ်ပါတယ်။ (အကယ်၍ ရိုးရိုးပေါင်းအိုးနဲ့ပေါင်းမယ်ဆိုရင် မီးအားကို အသေးဆုံးထားပြီး ၁ နာရီခွဲလောက် ထားထား‌ပေးပါ လိုအပ်ပါက ရေအနည်းငယ်ထည့်ပေးပါ)
    အသားပေါင်းနဲ့တွဲစားဖို့အတွက် ထိုင်ဝမ်မုန်ညှင်းကို ပြုတ်ထားပေးပါတယ်။
    ပေါင်းထားတာရပြီဆိုရင် အသားကို ဖယ်ထုတ်ပြီး ဆော့စ်တွေကို စကာတခုနဲ့စစ်ချပြီး ဒယ်ပြားထဲထည့်ကာ ဆော့စ်တွေ တဝက်လောက်ကျန်တဲ့အထိ ကျိုပေးပါ။ ပြီးမှ ကော်မှုန့် ၁ ဇွန်း ရေ ၃ ဇွန်းဖျော်ထားတာကို ထည့်ပြီး ဆော့စ်အပျစ်အကျဲ မိမိစိတ်ကြိုက်ချိန်ဆပြီးရင် ပေါင်းထားတဲ့အသားပေါ် စမ်းပေးလို့ရပြီဖြစ်ပါတယ်။
    ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားသုံးထပ်သားပေါင်းကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ။

КОМЕНТАРІ • 44

  • @khamtip7017
    @khamtip7017 Рік тому

    Thank you so much for your shareing kha sayar 🙏🌹😍

  • @suehwang6837
    @suehwang6837 2 місяці тому

    Mingalar par thank you for sharing.❤🎉❤🎉❤🎉❤

    • @Cookfork1
      @Cookfork1  2 місяці тому

      You are so welcome❤️🎉

  • @dawpaukpauk4304
    @dawpaukpauk4304 Рік тому

    ကျေးဇူးပါ 😻😊👍
    ဝက်သုံးထပ်သားပေါင်းလေး ရှယ်ပဲ
    ဘေးကင်းကျန်းမာ အဆင်ပြေပါစေ

    • @Cookfork1
      @Cookfork1  Рік тому

      အမြဲတမ်းအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အစ်မ🌷ကျန်းမာပျော်ရွှင်ပါစေ🙏

  • @Th6107
    @Th6107 Рік тому

    အရမ်း ကြိုက်တယ် ဗျာ

    • @Cookfork1
      @Cookfork1  Рік тому +1

      ကျေးဇူးတင်ပါတယ်ခင်ဗျာ😊

  • @mola2862
    @mola2862 Рік тому

    စားချင်စရာလေး အမြဲအားပေးနေပါတယ်ခမျာ💜...လှည်းကြက်ကြော်ဆိုင်တွေမှာကြော်တဲ့ ကြက်ကြော်နည်းလေးအားရင်တင်ပေးပါဦးနော် ....

    • @Cookfork1
      @Cookfork1  Рік тому +1

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ။ကျန်းမာပျော်ရွှင်ပါစေ🙏

  • @yuyulwin570
    @yuyulwin570 Рік тому

    Very delicious !!!

  • @susulwin6384
    @susulwin6384 Рік тому

    👏👏👏👏👍👍👍Thank you bro want to eat 😋

  • @thwetye1181
    @thwetye1181 Рік тому

    ကြိုက်တယ်☺️စားချင်စရာလေး

    • @Cookfork1
      @Cookfork1  Рік тому +1

      ဟုတ်။ ချက်စားကြည့်ပါခင်ဗျာ 😊

  • @zawnaing4636
    @zawnaing4636 Місяць тому

    GooD

  • @Eagle01900
    @Eagle01900 11 місяців тому

    ကြိုက်တယ်ကွာ...
    ကျေးဇူးကွာ...။

    • @Cookfork1
      @Cookfork1  11 місяців тому +1

      ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

    • @Eagle01900
      @Eagle01900 11 місяців тому

      @@Cookfork1 ကြိုးစားကောင်လေး... အားပေးနေမယ်.. ဦးကလဲ ချက်တာ ဝါသနာပါ.. အဟား

  • @ayeaye3541
    @ayeaye3541 Рік тому

    အမြဲတမ်းတင်ပေးတဲ့ ဟင်းချက်နည်းတွေက အရမ်းကိုကောင်းတာပဲ မရိုးနိုင်တဲ့ဟင်းချက်ဟင်းကိုနေ့တိုင်းအားပေးစောင့်မျှော်နေပါတယ် ကျေးဇူးအထူးပါနော် အစ်ကို🙏😊😍

    • @Cookfork1
      @Cookfork1  Рік тому +1

      အခုလိုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ😊ကျန်းမာပျော်ရွှင်ပါစေ🙏

  • @MyoMin-bo8xj
    @MyoMin-bo8xj Місяць тому

    ❤❤❤❤❤

    • @Cookfork1
      @Cookfork1  Місяць тому

      ❤️❤️❤️❤️❤️❤️❤️❤️❤️❤️

  • @sumyat-gq3fv
    @sumyat-gq3fv 9 місяців тому

    ရှယ်ပဲ အာ့မျိုးကြိုက်တာ😄😄

    • @Cookfork1
      @Cookfork1  9 місяців тому

      ဟုတ် 🤗

  • @kaLay-og6ie
    @kaLay-og6ie 4 місяці тому

    ❤❤❤❤❤❤❤

    • @Cookfork1
      @Cookfork1  4 місяці тому

      ❤️❤️❤️ Thank you ❤️😊

  • @myothithihtun3695
    @myothithihtun3695 Рік тому +1

    အဲ့ဒီ cookerမရှိရင် ဘာနဲ့အစားထိုးပြီး ​​ပေါင်းရင် ရနိုင်လဲ
    ရှင့်

    • @Cookfork1
      @Cookfork1  Рік тому

      မီးအေးအေးလေးနဲ့ မိနစ် ၅၀ လောက်တည်ထားလည်းရပါတယ်ခင်ဗျ

  • @user-ei7cb8tb3m
    @user-ei7cb8tb3m 7 місяців тому

    👍👍👍👍👍👍👍👍👍👍👍

    • @Cookfork1
      @Cookfork1  7 місяців тому

      ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏

  • @hninphyukaung6909
    @hninphyukaung6909 Рік тому

    ဟင်းချက်အရက်မရှိရင်ဘာထည့်ရသေးလဲဟင် 😭😭😭

    • @Cookfork1
      @Cookfork1  Рік тому +1

      မထည့်လည်းရပါတယ်😁

  • @teetee7350
    @teetee7350 Рік тому

    ဟင်းချက်အရက်မရှိရင်အဲ့အစားဘာသုံးလို့ရလဲရှင့်

    • @Cookfork1
      @Cookfork1  Рік тому

      မထည့်ရင်လည်းရတယ်ဗှ

  • @sawhtethtetaung895
    @sawhtethtetaung895 Рік тому

    မတ်ပဲကြော် ကြော်နည်းလေးလည်း အချိန်ရရင် တင်ပေးပါလားရှင့်

    • @Cookfork1
      @Cookfork1  Рік тому +1

      ဟုတ်။ ကြိုးစားပြီးတင်ပေးသွားပါမယ်ခင်ဗျာ

  • @tayartaw795
    @tayartaw795 Рік тому

    ဟင်းချက်ဝိုင်က ဘာတံဆိပ်သုံးလဲ ခင်ဗျ

    • @Cookfork1
      @Cookfork1  Рік тому +1

      Citymart မှာ တံဆိပ်တခုပဲရှိတယ်ခင်ဗျ။ ပုလင်းက အညိုရောင်လေးပါ

    • @tayartaw795
      @tayartaw795 Рік тому

      @@Cookfork1 တံဆိပ်နာမည်လေး အဆင်ပြေရင် ပြောပြပါလား ခင်ဗျ

  • @etoilephyo6114
    @etoilephyo6114 Рік тому

    ကျေးဇူးပါရှင်

    • @Cookfork1
      @Cookfork1  Рік тому

      ကျေးဇူးတင်ပါတယ်ခင်ဗျာ