သရက်သီးသနပ် 😋
Вставка
- Опубліковано 8 лют 2025
- အမေ့လက်ရာ သရက်သီး သနပ်
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
▪ ဒီချိန် သရက်သီးတွေ ပေါနေသေးတဲ့အချ်ိန်ဆိုတော့ အခြောက်လှမ်းပြီး သရက်သီး သနပ်၊ သရက်ယို၊ ဟင်းချက်ဖို့ဖြစ်ဖြစ် အမျိုးမျိုးလုပ်စားလို့ရတာပေါ့။
▫ သရက်သီး သနပ်ဆို အမေ့လက်ရာမှ ပိုကြိုက်တာမို့ ရွာရောက်တုန်းက အမေ့ကို ပူဆာထားပါတယ်😛။
▪ လုပ်နည်း လည်းလွယ်ကူပြီး အထားလည်းခံ၊ စားလို့လည်း ကောင်းတာမို့ လုပ်စားကြည့်ကြနော်။
ပါဝင်ပစ္စည်းများ
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
🔸သရက်သီး ခြောက် ၅၀ သား
🔸ကြက်သွန်နီ ၄၀ သား
🔸ကြက်သွန်ဖြူ ဥကြီး ၆ ဥ
🔸ငရုပ်သီးအစိမ်းမှုန့် ၂ ထုပ်
🔸မဆလာ အထုပ်သေး ၇ ထုပ်
🔸ဆီ ၃၀ သား
🔸ဆား၊ အချိုမှုန့် (လိုသလို ထည့်ရန်)
🔸သကြား (လိုသလို ထည့်ရန်)
🔸🔸အရင်ဆုံး သရက်သီး ခြောက်ကို ပျော့အောင် ရေနွေးနဲ့ ခဏပြုတ်ပါ။ အနေတော် အနေအထားရပြီးဆို ရေစစ်ထားပါ။
🔸🔸 ကြက်သွန်နီ တွေကို ပါးပါးလှီးပြီး နနွင်း ငရုပ်သီးအစိမ်းမှုန့် ဆား၊အချိုမှုန့်နဲနဲ နဲ့ ရောထောင်းထားပါ။
🔸🔸 မီးဖိုပေါ်မှာ ဒယ်အိုးပူလာပြီဆို ဆီထည့်ပါ။ ဆီပူလာရင် ထောင်းထားတဲ့ ကြက်သွန်နီ တွေကို မွှေးလာတဲ့အထိ ဆီသပ်ပါ။ (မဆလာ အနည်းငယ် ကြိုထည့်ထားလည်း ရပါတယ်။)
🔸🔸 ပြုတ်ထားတဲ့ သရက်သီး ခြောက်တွေကိုထည့်ပြီး သမအောင် စိတ်ရှည်ရှည် မွှေပေးပါ။ ဆား၊ အချိုမှုန့် ၊ သကြား လိုသလောက်ထည့်ပါ။
🔸🔸 မီးအေးအေးလေးနဲ့ ခဏထားပြီး အရသာတွေလည်း အကုန်အဆင်ပြေပြီးဆိုရင် အပေါ်ကနေ ကြက်သွန်ဖြူ (ခြမ်းထားပြီးသား) ဖြူးထည့်ပါ။ မဆလာ လည်း ထည့်ပါ။
🔸🔸အားလုံးပြီးပြီဆိုရင် စားလို့ကောင်းတဲ့ သရက်သီး သနပ်လေး ရပါပြီ ရှင့်.... လုပ်ရတာ လွယ်ကူပါတယ်နော်။
#NanChit
#HpaanThu
#HpaanThuLocalFoodandTravelVlogger
#KarenState