ဆရာဦးဝင်းငြိမ်းနှင့် တစ်ခဏတာ

Поділитися
Вставка
  • Опубліковано 8 вер 2024
  • #ဆရာဦးဝင်းငြိမ်းနှင့် တစ်ခဏတာ
    ဆိုတဲ့ နာမည်ပေးတဲ့ ခေါင်းစဥ်နဲ့ပဲ ဆရာ့ကို ကျနော်သိလိုရာတွေ သွားရောက် မေးမြန်းခဲ့တာပါ။ တကယ်တမ်းပြောရရင် ဆရာရဲ့ဖြတ်သန်းမှုဟာ ကြီးမားပါတယ်။ စာပေ၊ ဂီတ၊ ရုပ်ရှင် စသည်ဖြင့် ထိတွေ့ဖြတ်သန်းခဲ့တဲ့ အနုပညာနယ်ပယ်ဟာ အကျယ်ကြီးပါ။ ကျနော်တို့ လက်လှမ်းမမှီ၊ ကျနော်တို့ မမွေးသေးတဲ့ခေတ်က အနုပညာအသိုင်းအဝိုင်းထိ ဆရာဟာ ဖြတ်သန်းခဲ့သူပါ။
    အခု အင်တာဗျူးဗီဒီယိုထဲမှာပါတဲ့ မေးခွန်းတွေနဲ့ပတ်သက်လို့ လိုအပ်ချက်တွေ၊ မှားယွင်းမှုတွေရှိခဲ့ရင် ကျနော့်ရဲ့ အားနည်းချက်ဖြစ်သလို ကျနော့်ရဲ့ သိနားလည်မှု နည်းပါးခဲ့လို့သာ ဖြစ်ပါတယ်။
    တကယ်တမ်း မိနစ်လေးဆယ်စာ ဗီဒီယိုတစ်ခုထွက်ဖို့ နှစ်နာရီကျော်ကြာအောင် ရိုက်ကူးခဲ့ရတာပါ။ ကျနော်သိထားတဲ့ ဆရာ့ရဲ့ ဖြတ်သန်းမှုလေးတွေကိုတောင် မေးမြန်းဖို့ အချိန် မလုံလောက်ခဲ့ပါဘူး။ တကယ်တမ်း ဆရာ့ရဲ့ တစ်ဘဝစာကို အင်တာဗျူးလုပ်ရင် အချိန် တော်တော်လေး ယူမှ အဆင်ပြေနိုင်မှာပါ။
    အခုအင်တာဗျူးဗီဒီယိုလေးဟာ ကျနော်သိရှိထားတဲ့ ဆရာ့ဖြတ်သန်းမှုတွေထဲက အကြောင်းအရာတစ်ချို့ကိုသာ ခြုံငုံမေးမြန်းထားတာဖြစ်လို့ ဆရာရဲ့ တစ်ဘဝစာ ဖြတ်သန်းမှု မဟုတ်ပါဘူး။ လိုအပ်ချက်တစ်စုံတစ်ရာ တွေ့မြင်ခဲ့ရင် စီစဥ်သူ ကျနော့်ရဲ့ အားနည်းချက်သာဖြစ်ပါကြောင်း ကြိုတင်အသိပေးပါရစေခင်ဗျာ....
    မဟာစာပေရဲ့ UA-cam မှာလည်း မဟာစာပေနဲ့ စာအုပ်ထွက်ရှိဖူးတဲ့ စာရေးဆရာတွေရဲ့ အင်တာဗျူးတွေကို အချိန်ယူပြီး တင်ဆက်ပေးသွားမှာပါ။ အမှတ်တရအနေနဲ့ မှတ်တမ်းတင်ထားတဲ့ သဘောပဲ ရှိပါတယ်။ ကြော်ငြာနဲ့ တစ်ဘက်တလမ်းက ဝင်ငွေရှာတဲ့ သဘောမျိုး မဖြစ်ရလေအောင်လည်း Payment Channel တွေ ထည့်ဝင်ထားခြင်း မရှိပါဘူး။
    မှတ်ချက်။ UA-cam ကနေ ကြော်ငြာနဲ့ ဝင်ငွေရရှိအောင် စီစဥ်ဆောင်ရွက်ထားခြင်းမျိုး (လုံးဝ)လုံးဝ မရှိပါခင်ဗျာ။ အချိန်မရွေး ပြန်လည် ကြည့်ရှုနိုင်ရန်အတွက်သာ စီစဥ်ဆောင်ရွက်ထားခြင်းပဲ ဖြစ်ပါတယ်။

КОМЕНТАРІ •