Burmese in Portugal

Поділитися
Вставка
  • Опубліковано 8 тра 2024
  • ပေါ်တူဂီရှိ ပြတိုက်တွင် ခင်းကျင်းပြသထားသည့် မြန်မာနိုင်ငံပြခန်းငယ်အတွင်းမှ ရှေ့ဟောင်းမြန်မာ့ရိုးရာပစ္စည်းများ။
    -------------------------------------------------------------
    မြန်မာနိုင်ငံကို ပေါ်တူဂီဘာသာစကားနှင့် Birmânia (ယခုအခါတွင် Mianmar) ဟုခေါ်ဆိုနေကြသောလည်း ထူးဆန်းသည့် အချက်အနေဖြင့် ရှေ့ဟောင်းမြေပုံထဲတွင် Berma ဟု သုံးနှုန်းထားတာကိုလည်း ထူးဆန်းဖွယ်တွေ့ရှိရပါသည်။
    ကမ္ဘာကို ပထမဆုံးပင်လယ်ရေကြောင်းကနေ နယ်ချဲ့ခဲ့သည့် ပေါ်တူဂီလူမျိုးတို့သည် အရှေ့တောင်အာရှရှိ ကျွန်တော်တို့ မြန်မာနိုင်ငံကမ်းရိုးတန်းကိုလည်း ၁၅၁၁ ခုနှစ်တွင် စတင်ရောက်ရှိခဲ့ကြောင်း မှတ်တမ်းတင်ထားသည်ကိုလည်း တွေ့ရှိရပါသည်။
    ပေါ်တူဂီတို့သည် အေဒင်ပင်လယ်ကွေ့ (ယနေ့ ခေတ်ယီမင်နိုင်ငံ)မှ အဝတ်အထည်များနှင့် ဘိန်းများကို မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်၊ကျောက်မျက်ရတနာများဖြစ်သည့် ပတ္တမြား၊ရွှေ၊ သင်္ဘောဆောက်ရာတွင် အသုံးပြု့သည့် သစ်များ၊ (ကျွန်းသစ်ကို ဆိုလိုဟန်ရှိသည်) နှင့် အခြားသော ငါးဆီနှင့် စားသောက်ကုန်များကို လဲလှယ်ကာ ကူးသန်းရောင်းဝယ်ရေးလုပ်ခဲ့ကြကြောင်း ဖော်ပြထားပါသည်။
    ပြတိုက်အတွင်း မြန်မာနိုင်ငံမှ ထုဆစ်ပူဇော်ထားသည့် ဘုရားဆင်းတုတော်၊လက်မှုပညာ ဖြင့်ထုတ်လုပ်ထားသည့် ဆွမ်းအုပ်များ၊ယွန်းထည်များ၊ ခန်းစည်း (ကလန်ကာ) ဟု ဖော်ပြထားသည့် ပစ္စည်းများကို တွေ့ရှိရပါသည်။
    အဆိုပါ ပစ္စည်းများကို ပေါ်တူဂီလူများ အလှုရှင် တစ်ဦးမှ လှုဒါန်းထားသည့် ဟု ပြတိုက်အတွင်းလည်း ပြသထားပါသည်။
    ပေါ်တူဂီရှိမြန်မာများအကြောင်းနှင့် ပေါ်တူဂီယဥ်ကျေးမှုတို့ကို လေ့လာလိုပါက Burmese in Portugal Official Facebook page ကို like and follow လုပ်ထားနိုင်ပါသည်။
    #burmeseinportugal #myanmarinportugal #studyinPortugal #livinginportugal

КОМЕНТАРІ •