သို့...သား (ဆုဘိုးမိရေးသည်)
Вставка
- Опубліковано 10 лют 2025
- သားရေ ..
ကျောပိုးထားရတဲ့အိပ်ကလေးမှာ
စာအုပ်လေးတွေမပါတော့မှ
ပိုလေးလံလာတတ်တယ်ဆိုတာ
သား သိရပြီမဟုတ်လား
ရှေ့မှာကြိုဆီးနေတဲ့ မီးကို
လောင်စာအသွင်ပြောင်းနိုင်စွမ်းရင်
အပူဆိုတာ စွမ်းအင်ပေါ့
လူ့အဖြစ်ကိုတစ်နွယ်ငင်မိလို့
ဒုက္ခကတစ်စင်ပါလာတတ်တဲ့အခါ
အစဉ်အလာနဲ့ဂါထာတွေဆီက
သနားဂရုဏာကိုလည်းမရှာနဲ့
လူကဖြစ်တဲ့ ဓမ္မသစ်တွေကြားမှာ
တရားအစစ်ဆိုတာ
မတရားခြင်းကိုသိမှုပဲလို့ စွဲစွဲမြဲသရွေ့
ဘယ်ဘုရားမဆို
မင်းနဲ့တစ်သားထဲရှိလိမ့်မယ် ။
အရှေ့ဆီမှာရောင်ခြည်တောက်မှ
နင်းလျှောက်နိုင်မယ့်ကော်ဇောနီမို့
မျက်ခြေကိုလည်းမပြတ်စေနဲ့
သစ်ရွက်လိုလည်းမကြွေလေနဲ့
အလံကိုလည်းမလိပ်စေနဲ့
ဘုရားကိုလည်းမတနေနဲ့