လွယ်ကူလျင်မြန် သံသရာဖြတ် ဓမ္မစကြာ တရားမြတ် - အပိုင်း ( ၃ )

Поділитися
Вставка
  • Опубліковано 15 вер 2024
  • 🏵️ မဟာသဒ္ဓမ္မဇောတိကဓဇ ဦးမောင်မောင် (ပျဉ်းမနား) ၏
    လွယ်ကူလျင်မြန် သံသရာဖြတ် ဓမ္မစကြာ တရားမြတ် - အပိုင်း ( ၃ ) / ( ၆ )
    🏵️ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မဖြစ်ချင်နေ၊ ယခုဘဝ နိဗ္ဗာန်ရမယ်ဆိုရင် ယူချင်တဲ့သူတွေအတွက် မိုးကုတ်ဆရာတော်ဘုရားကြီးက (၁၄.၃.၁၉၆၀) တွင်ဟောကြားသော "နှစ်ကြောင်းသောတရားဖြင့် နိဗ္ဗာန်သို့ရောက်နိုင်ပုံ" တရားတော်မှ ကောက်နုတ် ၍ Wimoteti Tayar Channel ပရိသတ် ဓမ္မမိတ်ဆွေများအား တင်ပြလိုက်ပါသည်။
    ✅ "နှစ်ကြောင်းသောတရားဖြင့် နိဗ္ဗာန်သို့ရောက်နိုင်ပုံ"
    ပေဋကောပဒေသပါဠိတော်မှ ...
    ✅ ပရတောဃောသ သပ္ပူရိသဆရာ ကောင်းနဲ့တွေ့ဖို့ပထမ။
    ✅ ယောနိသောမနသိကာရ သဒ္ဒါတရားရှိပြီး နှလုံးသွင်းမှန်ဖို့က ဒုတိယ။
    🏵️ 🏵 🏵️ 🏵 🏵️ 🏵 🏵️ 🏵️
    🏵 ရှေးဘုရားများနည်းတူ မြတ်ဗုဒ္ဓတိုင်း အဦးထား၍ ဟောကြားလေ့ရှိသာ ဓမ္မစကြာတရားတော်ကို အခြေခံထားပြီး အာရုံ
    ဥပါဒါနက္ခန္ဓာ ကိုသိ၊ မကပ်ငြိပဲ သံသရာမှ
    လွတ်ရာလွတ်ကြောင်း နိဗ္ဗာန်မျက်မှောက်ပြုရာပြုကြောင်း သပ္ပူရိသ မြတ်ဆရာ
    မဟာသဒ္ဓမ္မဇောတိကဓဇ ဦးမောင်မောင်
    (ပျဉ်းမနား)(၉/၁/၂၀၂၀) မှ (၁၁/၁/၂၀၂၀)ရက်နေ့ထိ (၃)ရက်တိုင်တိုင် ဖျာပုံမြို့ "ရွာမကျောင်း" တွင် ဟောကြားခဲ့သော တရားတော်များကို
    နာကြားရင်းဖြင့် တရားထူးတရားမြတ်
    ရရှိနိုင်ကြပါစေ။
    🏵 မှတ်ချက်။
    ✅ တရားဟောရာတွင် ဆရာက တစ်နေ့နှစ်ကြိမ် နှင့် (၃)ရက်အတွင်း (၆)ကြိမ်ခွဲပြီးဟောကြားသွားပါသဖြင့် ယင်းတရားများကို ၃/၁၀ မှ ၈/၁၀ အတွင်း နေ့စဉ်တစ်ပုဒ်ကျစီ "လွယ်ကူလျင်မြန် သံသရာဖြတ် ဓမ္မစကြာ တရားမြတ်" များအဖြစ် လွှင့်တင်ပေးသွားမှာဖြစ်ပါသည်။
    ✅ တရားများကိုလည်း အစဉ်အတိုင်းနာကြားသွားပါက ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
    🏵 ဗုဒ္ဓသာသနံစိရံတိဋ္ဌတု။

КОМЕНТАРІ • 26