မွမွလေး မွှေးတဲ့ အမဲမွကြော် ကြော်နည်း
Вставка
- Опубліковано 5 лют 2025
- ပဲပြုပ်ထမင်းဆီဆမ်းလေးနဲ့ တွဲဖက်ပြီးစားသုံးလို့ လိုက်ဖက်တဲ့ အမဲမွကြော်လေးပါ...
ပထမဆုံး အမဲသား ၆၀၀ ဂရမ်လောက်ကို ရှာလကာရည်လေးနဲ့ နယ်ပြီး ရေနဲ့ ဆေးချပေးပါ။ ပြီးရင် အသားတွေကို ရေစစ်ထားပေးပါ။
ပြီးမှ ပြုတ်မယ့် အိုးထဲမှာ အသားတွေကိုထည့်ပြီး လက်တဆစ်လောက် ခြစ်ထား သို့မဟုတ် ထောင်းထားတဲ့ ချင်း(ဂျင်း) ရည်ကိုညှစ်ထည့်ပေးပါ။ အရသာအတွက် ဆားနဲ့ အချိုမှုန့် (မစားရင်မထည့်လို့ရပါတယ်) ထည့်ပြီး ၁ နာရီလောက်နှပ်ထားပေးပါ။
(ရေခဲသေတ္တာထဲမှာ ညလုံးပေါက်နှပ်ထားရင်ပိုကောင်းပါတယ်)
နှပ်ထားတဲ့အသားအိုးထဲကို အသားရေထည့်ပြီး ၁ နာရီလောက် ပြုတ်ပေးပါမယ်။ ရေတွေအားလုံးခမ်းအောင် ပြုတ်မှသာ အရသာတွေက ပိုပြီး ဝင်သွားမှာဖြစ်ပါတယ်။ အသားတွေနူးပြီဆိုရင် ဇွန်းနဲ့ ခပ်ဖွဖွ မွှေလိုက်တာနဲ့ အသားတွေအားလုံး ကြေသွားမှာဖြစ်ပါတယ်။
ပျဉ်းတော်သိမ်ရွက်ကို ရေဆေးပြီး ခြောက်အောင်သုတ်ပြီးချွေထားပေးပါ။ ကြက်သွန်နီ ၃..၄ လုံးလောက် ပါးပါးလှီးထားပေးပါ။ ကြက်သွန်ဖြူ လက်တဆုပ်စာလောက်ကိုလည်း ပါးပါးလေးလှီးထားပေးပါ။ ဒယ်အိုးထဲ ဆီများများထည့်ပြီး ကြက်သွန်နီကို ဆီချက်ချက်ပါမယ်။ ရွှေရောင်ဖျော့ဖျော့လေးသန်းတာနဲ့ ဆယ်ထားလိုက်ပါ။ ကြက်သွန်နီကြော်ထားတဲ့ဆီထဲမှာပဲ ပျဉ်းတော်သိမ်ရွက်တွေကို ထည့်ကြော်ပြီး ဆယ်ထားပါ။ နောက်ဆုံးမှာ ကြက်သွန်ဖြူ ဆီချက် ချက်ပြီး ရွှေရောင်ဖျော့ဖျော့ သန်းတာနဲ့ ဆယ်ထားပါ။ ကြက်သွန်ဖြူနီ ကြော်ထားတဲ့ မွှေးနေတဲ့ ဆီထဲမှာပဲ ရေခမ်းပြုတ်ပြီး မွထားတဲ့ အမဲသားတွေကို ထည့်ပြီး နီညိုရောင်ဖျော့ဖျော့ သန်းတဲ့အထိကြော်ပေးပါ။ အမဲသားတွေမှာ အရသာထည့်ပြီးပြုတ်ထားတာကြောင့် အရသာတွေထပ်မထည့်ပေမယ့် အရသာပြင်းပြင်းကြိုက်ရင်တော့ လိုအပ်သလိုထပ်ထည့်လို့ရပါတယ်။ ပြီးရင် ငရုတ်သီးခြောက်ညှပ်ထားတာတွေထည့်မယ်။ ကြက်သွန်ဖြူကြော်. ကြက်သွန်နီကြော်။ ပျဉ်းတော်သိမ်ကြော် ကို ထည့်ပြီး အားလုံးမွှေပေးရင် ရိုးရှင်းပြီး အမဲမွကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်ခင်ဗျာ..
သူငယ်ချင်းအားလုံးကျမ်းမာပျော်ရွှင်ကြပါစေ...
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
ကျေးဇူးပါ အားပေးနေပါတယ် 😍😻🤗🐈
များများကြော်ထားပါဦးမယ်
ဘေးကင်းကျန်းမာ အဆင်ပြေပါစေ
ကြော်စားကြည့်နော်အစ်မ 🤗 ကျန်းမာပျော်ရွှင်ပါစေ 🙏
ကျေးဇူးပါအကိုချက်ပြတာတွေကအချက်ပြုတ်ရိုက်ပြတာတွေသဘောကျတယ်အသံလည်းနားဝင်ချိုတယ်စူးမနေဘူး😊😊
ကျေးဇူးတင်ပါတယ်ခင်ဗျာ ❤️
အရမ်းကြိုက်😋😋😋
ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ခင်ဗျာ
yummy
Thank you
မဂ်လာပါK1+2😊😮စားခြင် တာပါဝေ့😢မနားရဘူး တော်တော် ကြာပြီ ဝေ့😢🎉🎉မြည်းကြည့်တာကောင်းလိုက်ချက်😅အားလုံး မေ့အောင်ကောင်း😅😅😅
အားတဲ့အခါ လေးချက်စားကြည့်ပါဝေ့ 🤗
.ကြိုက်တယ်နော်
အမဲသားက ဒီဗီဒီယိုမှာ ဘယ်အပိုင်းသုံးပါသလဲ
မမှတ်မိတော့ဘူးခင်ဗျ။
👍👍👍😍😍
Thank you
ဒီအတိုင်းကြော်ပြီး ဖန်ဘူးထဲထည့်ထားရင် ဘယ်နှရက်လောက်ထားခဲလဲရှင့်။
ရေခဲသေတ္တာထဲဆိုရင် ၃ ရက်လောက်ရပါတယ်။ ခဲထားရငိတော့ အချိန်ကြာကြာရပါတယ်ခင်ဗျာ။ အပြင်မှာဒိတိုင်းထားချင်ရင်တော့ ဆီများမှ အထားခံပါမယ်ခင်ဗျာ
အိမ်ကကြော်တဲ့နည်းနဲ့မတူဘူး youကြော်တဲ့နည်းစားချင်စရာလေး😊😊😊
ကြော်စားကြည့်ပါဗျ 🤗
fb page or acc လေး သိချင်ပါတယ်ရှင်...
Cookfork1 ပါပဲခင်ဗျာ.