ကိုရီးယား ယာဉ်မောင်းလိုင်စင် လျှောက်နည်း (မြန်မာ) 자동차 운전면허 신청방법 (미얀마)

Поділитися
Вставка
  • Опубліковано 14 сер 2021
  • ကိုရီးယား #ယာဉ်မောင်းလိုင်စင် လျှောက်ထားတဲ့အခါ
    ~ 신체검사 ဆေးစစ်ခြင်း
    ~ 교통안전교육 လမ်း/ယာဉ်စည်းကမ်း ၃ နာရီ သင်တန်း
    ~ 필기시험 ရေးဖြေ
    ~ 장내기능 연습/시험 ကွင်ပါတ်မောင်းခြင်း လေကျင့်/စာမေးပွဲ
    ~ 연습면허 발급 သင်မောင်းလိုင်စင် ထုတ်ပေးခြင်း
    ~ 도로주행 연습/시험 လမ်းပေါ်ထွက်မောင်းခြင်း လေကျင့်/စာမေးပွဲ
    ~ #자동차운전면허증 발급 ယာဉ်မောင်း လိုင်စင် ထုတ်ပေးခြင်း
    စတဲ့ အဓိကအပိုင်များပါဝင်ပါတယ်။ သင်တန်းကြေးကတော့ သင်တန်းအပေါ်မူတည်ပြီး အပြောင်းအလဲရှိပါတယ်။ ပုံမှန်ကတော့ ၅ သိန်းဝမ်းကနေ ၈ သိန်းဝမ်းအထိ ရှိတက်ပါတယ်။
    ကျနော်က လိုင်စင်ရအောင် လုပ်မပေးပါဘူး။ ရေးဖြေ စာမေးပွဲဖြေနိုင်အောင် စာသင်ပေးရုံးပါပဲ ခဗျာ။ ယာဉ်မောင်းလိုင်စင် သင်တန်းအပ်ဖို့ အဆင်မပြေတဲ့သူများ ကူညီးပေးမည်။
    အသေးစိတ် သိလိုပါက အောက်က ကျနော့်ရဲ့ Facebook CB မှာမေးထားနိုင်ပါတယ်။
    / khanthmookoko
    ကျနော့်ရဲ့ NAVER Blog ဖြစ်ပါတယ်။
    m.blog.naver.c...
    필기 ရေးဖြေ စာမေးပွဲ အတွက် မိမိရဲ့ ဖုန်းမှာ 운전면허 PLUS အဝါရောင် app ကို Download ဆွဲပြီး လေ့လာနိုင်ပါတယ်။ အောက်က Google Playက လင်ခ်ပါ။
    play.google.co...
    ကိုရီးယားနဲ့ ပါတ်သက်တဲ့ အရာတွေ အမြဲတင်ပေးမှာမို့ ကျနော့် UA-cam Channel လေးကို Subscribe လုပ်ထားပေးကြပါအုန် အားလုံးကို ကျေးဇူးပါ။
    / khanthmootv
    #ကိုရီးယား_ယာဉ်မောင်းလိုင်စင်
    #한국 에 사는 #미얀마 남자

КОМЕНТАРІ • 12

  • @moekyawaye8798
    @moekyawaye8798 Рік тому +2

    ကျေးဇူးပါ

    • @khanthmootv
      @khanthmootv  Рік тому

      အားပေးလို့ ကျေးဇူးပါဗျာ

  • @pyaephyoaung7430
    @pyaephyoaung7430 3 місяці тому +2

    မြန်မာဘက်က ယဉ်မောင်းလိုင်စဉ်ပါခဲ့ပါတယ်ဗျ လက်တွေ့ကွင်းပတ်မောင်းတွေ ဖြေရ‌ဦးမှာလားဗျ ဖြေပေးပါ အစ်ကို

    • @khanthmootv
      @khanthmootv  3 місяці тому +1

      လက်တွေ့ ဖြေစရာမလိုပါဘူး၊ ရေးဖြေတော့ ဖြေရမယ် အကို

    • @khanthmootv
      @khanthmootv  3 місяці тому

      မြန်မာ ယာဉ်မောင်းလိုင်စင်မှ ကိုရီးယား ယာဉ်မောင်းလိုင်စင် လဲယူနည်း!
      ၁။ပထမဦးဆုံး မြန်မာယာဉ်မောင်းလိုင်စင်ကို
      အင်္ဂလိပ်လို နိုတြိပြန်ပါ
      (ရန်ကုန်မြို့၊ မြို့ထဲ ဘားလမ်း/ ဆူးလေ / မဟာဗန္ဓုလပန်းခြံလမ်း ဘက်အခြမ်းတွေမှာ နိတြိဆိုင်တွေ အများကြီးရှိပါတယ်။)
      ၂။စီးပွါးရေးဘဏ်ခွဲ ၅ တွင် နိတြီအတွက်ငွေသွင်းရန် ၅၀၀ ကျပ်သွင်းရပါတယ်၊ ငွေသွင်းပြီးရင် စလစ်တစ်ခု ရလာပါမယ်
      (လိပ်စာ>>Q5F2+224၊ ကမ်းနားလမ်းနှင့် လသာလမ်းထောင့်၊ ရန်ကုန်)
      ၃။အထက်ပါ နိုတြိပြန်ထားတဲ့စာရွက်ရယ် ငွေသွင်းစလစ်ကိုယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့သွားပြီး တံဆိပ်တုံးထုပါ နေ့လည် ၁၂နာရီထိဖောင်လက်ခံပြီး ညနေ ၃:၃၀ မှာ ဖောင်ပြန်ပေးပါတယ်
      (လိပ်စာ>>ပြည်လမ်းမကြီးနှင့် သံတမန်လမ်း တော်ဝင်စင်တာနဲ့နီးပါတယ်)
      ၄။ရရှိလာတဲ့ နိုတြိစာရွက်ကို ကိုရီးယားမှာရှိတဲ့ မြန်မာသံရုံးသွားပြီး ထောက်ခံချက်သွားယူပါ၊ (서울 용산구 한남대로28길 12 / (우)04418 / 지번: 한남동 724-1)
      ၅။မြန်မာသံရုံးကရရှိလာတဲ့စာရွက်နှင့်နိုတြိပြန်စာရွက်တို့ကို ယူပြီး ကိုရီးယားယာမောင်လိုင်စင်စာမေးပွဲရုံး/ သင်တန်းကျောင်း (운전면허시험장) သို့သွားပါ၊ အဲဒီမှာ ရေးဖြေ ဖြေရပါမယ်၊ ရေးဖြေ အောင်မြင်ကြောင်း စာရွက်ရရှိထားရပါမယ်။
      ၆။လိုင်စင်ရုံးမသွားခင် နီးစပ်ရာ 주민센터 မှာ 출입사실증면서 ထုတ်သွားရပါမယ်၊ ကြိုထုတ်လို့မရပါ သက်တမ်း ၁ ရက်ပဲပေးပါတယ်၊ လိုင်စင်လျှောက်မည့်နေ့မှ ထုတ်သွားရပါမယ်၊ ဝမ် ၂ ထောင် ပေးရပါတယ်၊
      ၇။လိုင်စင်ရုံးရောက်တာနဲ့ တိုကင်စာရွက်ယူတဲ့စက်မှာ 위국면허교환 လို့ရေးထားတဲ့ဟာနိမ့်ပြီး တိုကင်စာရွက်ယူပါ၊ ပြီးရင် 국제-외국면허 ကောင်တာမှာ ရလာတဲ့ဖောင်တင်ပါ စစ်ဆေးပြီးရင် ဖောင်ဖြည့်ခိုင်းပါတယ် (면허증 ဓါတ်ပုံ ၃ ပုံလိုပါတယ်) ဖောင်ဖြည့်ပြီးရင် ခြေလက်နှင့်မျက်လုံး စစ်တဲ့နေရာစစ်ခိုင်းပါတယ်(신체검사실) ဝမ် ၆ ထောင် သွင်းရတယ် အဲဒါစစ်ပြီးရင် 국제-외국면허 ကောင်တာသွားပြီး ဖောင်ပြန်အပ်ပါ ငွေ ၁သောင်း သွင်းပြီးရင် ကိုးရီးယားယာဉ်မောင်လိုင်စင် ထုတ်ပေးပါတယ် နာရီဝက် စောင့်ရပါတယ်
      အခုကတော့ တစ်ခုပိုလာတာရှိပါတယ်၊ လဲယူမယ့် သင်တန်းကျောင်းတွေမှာ ရေးဖြေ ဖြေဆိုရမယ် ဆိုတာပါ။
      မြန်မာပြည်က ယာဉ်မောင်းလိုင်စင် ဘာအမျိုးအစားပဲဖြစ်ဖြစ် ကိုရီးယား ယာဉ်မောင်းလိုင်စင် လဲပေးတဲ့အခါ 제 2 종보통 면허 (အော်တိုလိုင်စင်) ပဲရမှာဖြစ်ပါတယ်။
      facebook.com/share/p/SobQxNjgrskj5tTb/?mibextid=CTbP7E

  • @minwaimg95
    @minwaimg95 2 роки тому +1

    မြန်မာပြည်က ယာဉ်မောင်းလိုင်စင် ရှိပါတယ်၊
    (မှတ်ပုံတင်မှာ မြန်မာမွေးရက်လနဲ့ ရေးပေးတာဆိုတော့ မြန်မာပြည်ယာဉ်မောင်းလိုင်စင်ရုံးက ရက်နဲ့လကို မြန်မာခုနဲ့ရေးပြီး နှစ်ကိုကျတော့ 18နှစ်ပြည်ရင်ပြီးရော ဆိုပီး အဆင်ပြေသလို ခန့်မှန်းထည့်လိုက်ပါတယ်)
    passport က မွေးသက္ကရာဇ်နဲ့ ယာဉ်မောင်းလိုင်စင်က မွေးသက္ကရာဇ် လွဲနေလို့ ပြောင်းဖို့ရာ အဆင်ပြေနိုင်ပါ့မလား?

    • @khanthmootv
      @khanthmootv  2 роки тому +2

      အကိုက မြန်မာယာဉ်မောင်း လိုင်စင်အပေါ်က သက္ကရာဇ်ကိုပြောင်းချင်တာလား ဒါဆိုရင် မြန်မာပြည်က ကညနမှာ လုပ်ရမှ အဆင်ပြေမယ်ထင်ပါတယ်။

    • @minwaimg95
      @minwaimg95 2 роки тому +1

      ကိုရီးယားယာဉ်မောင်းလိုင်စင်နဲ့ ပြောင်းချင်တာပါ။
      သက္ကရာဇ်က လွဲနေလို့ အဆင်ပြေနိုင်ပါ့မလားလို့

    • @khanthmootv
      @khanthmootv  2 роки тому +2

      @@minwaimg95 Passport စာအုပ် နဲ့ အိုင်တီကဒ် အထဲကအတိုင်ဆို ရပါတယ် အကို

    • @yehtet2456
      @yehtet2456 Рік тому +1

      သင်တန်းမအပ်ပဲဖြေလို့မရဘူးလားဗျ

    • @khanthmootv
      @khanthmootv  Рік тому

      မိမိတို့နဲ့ နီစပ်ရာ 도로교통공단 (သို့) ယာဉ်မောင်းလိုင်စင်ကျောင်းတွေမှာ မေးကြည့်ပါ အကို၊ ဝန်ဆောင်ကြေးပဲပေးပြီး စာမေးပွဲဖြေမယ် ဘယ်လိုလုပ်ရမလဲ ဆိုတာ၊ စာမေးပွဲ (ရေးဖြေ၊လက်တွေ့) ပဲဖြေပြီး လိုင်စင်ယူလို့ရပါတယ်၊ မိမိက ကားမောင်းတက်ရင် သင်တန်းမတက်လဲရပါတယ်၊ ဒါပေမယ့် လက်တွေ့ဖြေရမယ့် လမ်းကြောင်း သဘောတရားနဲ့ သင်တန်းကချမှတ်ထားတဲ့ ပုံစံတွေကတော့ ကိုယ်ဟာကိုယ် လေ့လာထားရမယ့် သဘောပါ အကို