UNION Political News
UNION Political News
  • 91
  • 1 364 178
နစက_တိုင်းပြည်ချောက်ထဲကျရန်_ဘယ်လောက်လိုသလဲ_?
#တိုင်းပြည်ချောက်ထဲကျရန်_နာရီပိုင်းအလို
မနက်ဖြန်ဆိုရင် ကျွန်ဖြစ်ခဲ့တာ (၁၃၈)နှစ်ပြည့်ပါပြီ
အသုံးမကျတဲ့ သီပေါဘုရင်ရဲ့ဦးဆောင်မှု
အမြှော်အမြင်မရှိတဲ့ အုပ်ချုပ်မှုအပါအဝင်
တိုင်းရေးပြည်ရေး နိုင်ငံရေးမှာ မိန်း မ ချယ်လှယ်သမျှခံတဲ့
သီပေါမင်းဆက်ရဲ့ နောက်ဆုံးနေ့ ဆိုလဲ ဟုတ်ပါတယ်
လက်ရှိခေတ်ကာလစကားနဲ့ပြောရရင် တရုတ် Proxy နဲ့
အမေရိကန် Proxy ခြေရှုပ်နေသလို ပုံစံနဲ့ဆင်တူပါတယ်
အဲဒီခေတ် အဲဒီအခါတော့
ပြင်သစ် နဲ့ အဂ်လိပ်ရဲ့ Proxy အားပြိုင်မှုဖြစ်ခဲ့ပါတယ် ။
အကြောင်းအရာကတော့ ဘုံဘေဘားမားကုမ္ပဏီက သစ်ကိစ္စကြောင့်
အဂ်လိပ်အစိုးရကို တိုင်ကြားခဲ့ရာကနေ စတင်ခဲ့တယ်ဆိုပေမယ့်
နောက်ကွယ်အကြောင်းအရာကတော့
ပထဝီနိုင်ငံရေး အားသာချက်အရ ဗြိတိသျှအင်ပါယာချဲ့ထွင်ရေးနဲ့
သီပေါအစိုးရ အီတလီ ပြင်သစ်နဲ့ နီးနီးကပ်ကပ်ဆက်ဆံခဲ့အတွက်
ပြိုင်ဘက်ဖြစ်တဲ့ ပြင်သစ်ရဲ့Geopolitics နဲ့ Proxy ကို
အနိုင်ယူချင်တာကြောင့် အခြေခံခဲ့တယ်လို့ ရှုမြင်မိပါတယ် ။
ပြောရရင်တော့
တရုတ်ရဲ့ BRI စီမံကိန်းအကျိူးစီးပွားအကြောင်းပြချက်နဲ့
ကျားဖြန့်ခေါင်းစဥ်တပ်ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ တရုတ်က
အမေရိကန်လက်ဦးမှုရယူပြီး ဝင်ရောက်စွက်ဖက်နေရာယူ
ချယ်လှယ်နိင်ရေး လုပ်လာတဲ့ ဖြစ်စဥ်လိုမျိုးပါ ။
ကုန်းဘောင်မင်းဆက်အကြောင်းပြန်ဆက်ရရင်
ပြင်သစ်နဲ့ အဂ်လိပ်တို့ အာရှဒေသကို အပြိုင်အဆိုင်
ကျွန်ပြုခဲ့ကြပြီး ၁၈၈၅ ခုနှစ်မှာ ပြင်သစ်က ဗီယက်နမ်သိမ်းခဲ့ပါတယ်
နောက်ဆက်တွဲအနေနဲ့ ကုန်းဘောင်နေပြည်တော်ကို
ပြင်သစ်တို့ထပ်မံသိမ်းပိုက်မှာကို စိုးရိမ်တာကြောင့် အဂ်လိပ်က
ကုန်းဘောင်မင်းဆက်ကိုဖြုတ်ချဖို့ လက်ဦးမှူယူခဲ့ကြပါတယ်
ဒါကြောင့် ၁၈၈၅ နိုဝင်ဘာ ၁၄ ရက်နေ့မှာ အဂ်လိပ်က
ရေတပ်သဘော်တွေကို ဧရာဝတီမြစ်တလျှောက်ဆန်တက်စေခဲ့ပြီး
နိုဝင်ဘာ ၂၇ ရက်နေ့မှာ နေပြည်တော်ကိုသိမ်းပိုက်ကာ
နိုဝင်ဘာ ၂၈ ရက်နေ့မှာ မင်းဆိုးမင်းညံ့ သီပေါကိုနန်းချခဲ့တယ်
ရလဒ်ကတော့ စစ်ရှုံးခြင်းကြောင့်ဖြစ်ပြီး
ဘာ့ကြောင့်စစ်ရှုံးရသလဲဆိုရင် သီပေါအစိုးရအဖွဲ့
ခေါင်းဆောင်တွေရဲ့အမြှော်အမြင်နည်းမှု တပ်တွင်းမှာ
စည်းလုံးညီညွတ်မှုမရှိခြင်းတွေက
စစ်ရှူံးရခြင်းရဲ့ အဓိကအကြောင်းအရာဖြစ်လာပါတယ် ။
၂၀၂၄ ခုနှစ်နဲ့ ချိန်ထိုးပြရရင် သီပေါအစိုးရတပ်ထဲမှာ
အဂ်လိပ်လိုလားတဲ့ခံစားချက်ထက်က
သီပေါအစိုးရရဲ့စီမံအုပ်ချုပ်မှုပုံစံတွေကြောင့် CDM လုပ်တဲ့သူတွေ
ဖရဲသီးတွေအများအပြားပေါ်လာတယ်လို့ဆိုရမှာပါ
နောက်ဆက်တွဲအနေနဲ့ နန်းတွင်းရေး မငြိမ်သက်မှုဖြစ်လာပြီး
နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု အုပ်စုကွဲများ များပြားခဲ့ပါတယ် ။
အထက်အောက်စည်းလုံးညီညွှတ်ခြင်းမရှိဖြစ်လာပြီး
အုပ်ချုပ်ရေး ယန္တယားပါ ညံ့ဖျင်းလာကာ
အမိန့်နာခံမှု မရှိ၊ စည်းကမ်းသေဝပ်ခြင်း ကင်းမဲ့လာခဲ့ကြပြီး
ကုန်းဘောင်မင်းဆက်ရဲ့စစ်တပ်ကြီးက ယိုင်နဲ့နဲ့ဖြစ်လာခဲ့တာပါ ။
ဒီနေရာမှာ နောက်ထပ်အားနည်းချက်က
အဂ်လိပ်ကို အဖက်ကဖက်ယှဥ်ပြိုင်နိုင်ခြင်းမရှိခဲ့တဲ့အပြင်
အစိုးရအဖွဲ့အကွဲအပြဲကြောင့် အရေးပေါ်ဆင့်ခေါ်ဖွဲ့စည်းခဲ့ရတဲ့
တပ်တွေက အဂ်လိပ်စစ်တပ်ကို အချိန်ကိုက်ချိတ်ဆက်ကာ
တညီတညွတ်တည်းတိုက်ခိုက်နိုင်ခြင်း မရှိခဲ့တာပါပဲ ။
နောက်တချက်ကတော့ ခေတ်စနစ်နဲ့
လိုက်လျာညီထွေတဲ့ စစ်ပညာတွေကို လျစ်လျူရှုခဲ့သလို
စစ်ရှုံးခဲ့တဲ့ ပထမ နဲ့ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲတွေက
လိုအပ်ချက်တွေကို ပြုပြင်ဖို့အတွက် မကြိုးစားခဲ့တာပါပဲ
ပထမ အဂ်လိပ်မြန်မာစစ်ပွဲနဲ့
ဒုတိယ အဂ်လိပ်မြန်မာစစ်ပွဲကနေ ဆုံးရှုံးရတဲ့နယ်မြေတွေကို
ပြန်လည်တိုက်ယူဖို့အတွက် နိုင်ငံရေးအမြှော်အမြင်နဲ့အာရုံမရှိခဲ့သလို
လက်ရှိထိန်းချုပ်ထားတဲ့
နယ်မြေတွေကိုလဲ ကာကွယ်နိုင်ဖို့အတွက် အင်အားတောင့်တင်းတဲ့
တပ်မတော်ကိုလဲပြည်လည်ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး
တတိယ အဂ်လိပ် မြန်မာစစ်ပွဲအတွက်
မြန်မာစစ်တပ်က ဧရာဝတီမြစ်ကြောင်းမှာ တပ် (၁၀)တပ်
အင်အား ၃၀၀၀ ကျော် အမြောက် ၁၀ လက် ၊
စိန်ပေါင်း (၁၀)လက်နဲ့ ခံစစ်ပြင်ဆင်ပြီးဖွဲ့စည်းခဲ့ပေမယ့်
အဂ်လိပ်စစ်တပ်က သဘော် (၂၄)စင်း ၊
တွဲသမ္ဗာန် (၂၃)စင်း ခြေလျင် (၁၀)တပ် ၊လက်ရုံးတပ် (၆)တပ် ၊
အဝေးပစ်အမြောက် (၁)တပ် ၊တောင်ပေါ်ပစ်အမြောက် (၁)တပ်
အင်အား (၉၀၀၀)ကျော် ၊အမြောက် (၇၇)လက်နဲ့
ကျစ်ကျစ်လစ်လစ်ပြင်ဆင်ပြီးမှာ စစ်ဆင်ခဲ့တာပါ ။
မန္တလေးနေပြည်တော်ကို အဂ်လိပ်က
သိမ်းပြီးတဲ့နောက် ကုန်းဘောင်မင်းဆက် သီပေါအစိုးရအဖွဲ့
ကျရှူံးခဲ့ပြီးတော့ တနိုင်ငံလုံးကျွန်ဘဝရောက်ခဲ့ကြတယ်
(၁)အချက် အစိုးရအဖွဲ့ညံ့ဖျင်းခဲ့တယ်
(၂)တပ်တွင်းစည်းလုံးညီညွတ်မှုပျက်ခဲ့တယ်
(၃)အထက်အောက်ဆက်ဆံရေးအားနည်းခဲ့တယ်
(၄)တပ်မတော်မှာ လူသူလနအင်အား ချနဲ့နေခဲ့တယ်
(၅)စစ်နည်းဗျူဟာတွေကို ပြင်ဆင်ဖို့ပျက်ကွက်ခဲ့တယ်
အရင်းစစ်တော့ အမြစ်မြေဆိုသလိုပဲ
ဘုရင်တယောက်ရဲ့အရည်အချင်းညံ့ဖျင်းမှု
အစိုးရအဖွဲ့ရဲ့ နိုင်ငံရေးရည််မှန်းချက်နားပါးမှု
ဝန်ကြီးဝန်လေးတွေရဲ့ မရှုပ်မလုပ်မပြုတ်လုပ်မှု
ဦးဆောင်တပ်မှူးတွေရဲ့စစ်ရေးအစီအမံလိုအပ်မှု
အရာရာကို ဗဟိုဦးစီးစနစ်
ကြိုးနီစနစ်နဲ့ချုပ်ကိုင်ထားမှုတွေကြောင့်ဖြစ်တယ်ဆိုလို့
မြန်မာ့နိုင်ငံရေးကျရှူံးခြင်းက အဖြေထွက်လာပါတယ် ။
ကုန်ဘောင်မင်းဆက်ကျရှူံးရခြင်းတွေမှာ
အဂ်လိပ်နဲ့လျှို့ဝှက်ပူးပေါင်းသွားတဲ့ CDM တွေရှိခဲ့သလို
စစ်ဆင်ရေးဗျူဟာတွေကို ခေတ်နဲ့အညီ
လိုအပ်တာတွေကို မပြင်ဆင်နိုင်တာတွေလဲ ပါဝင်ပါတယ်
သမိုင်းသင်ခန်းစာတွေက သမိုင်းစာအုပ်ထဲ
ထည့်ရေးပြီး စာကြည့်တိုက်ထဲမှာထည့်သိမ်းထားလို့ မရပါဘူး
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းအပြီး (၅)လအချိန်ရခဲ့ပေမယ့်
ဒုတိယပိုင်းမှာလဲ လှေကြီးထိုးရိုးရိုးနဲ့ရှေ့တန်းထွက်နေဆဲပါပဲ ။
ခံစစ်တေ ဗျုဟာတခုအနေနဲ့အချိန်ဆွဲတောင့်ခံကာ
အင်အားကုန်တဲ့အထိ တပ်ရင်းတပ်ဖွဲ့တွေကိုပြုန်းတီးစေတာကလွဲပြီး
အလုပ်ဖြစ်တဲ့ စစ်ဆင်ရေးဗျူဟာတွေလဲမတွေ့ရပါဘူး
၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ကျွန်ဖြစ်ခဲ့ပြီးပါပြီ
သမိုင်းကသင်ခန်းစာတွေကို စုတုပြုမလုပ်နိုင်ခဲ့ဘူးဆိုရင်တော့
၂၀၂၆ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဒီမိုကရေစီစနစ်ကျရှုံးရပါလိမ့်မယ်
လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၄၀)က
တိုင်းပြည်ချောက်ထဲကျရန် နာရီပိုင်းအလို အချိန်တွေကိုခံစားပြီး
နိုင်ငံတော်အနာဂတ်ကိုရှေ့ရှူလို့ နစကကို နှစ်ကူးလက်ဆောင်စကားပါးချင်ပါတယ်
#HMM #UnionPoliticsNews
31.Dec.2024
Переглядів: 3 796

Відео

စစ်ဆင်ရေးဗျူဟာ_အမှားတွေကြောင့်_ဂွကျတဲ့_နစကစစ်ဆင်ရေးဗျူဟာ_အမှားတွေကြောင့်_ဂွကျတဲ့_နစက
စစ်ဆင်ရေးဗျူဟာ_အမှားတွေကြောင့်_ဂွကျတဲ့_နစက
Переглядів 7 тис.2 дні тому
#နစကရဲ့_စစ်ဆင်ရေး_ဘာတွေမှားနေသလဲ ရခိုင်ပြည်နယ်တောင်ဘက်အဖျားဆုံး ဂွမြို့ကို AA က ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဂွအခြေစိုက် ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တပ်ရင်း (၂)ရှိပေမယ့် ဒီဇင်ဘာ (၂၉)ရက်နေ့ မြို့ကိုထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ် တကယ်တော့ ဂွစစ်မျက်နှာကို နစကဖက်က စစ်ကူအများအပြားပို့ခဲ့ပါတယ် အဲဒီ့အထဲမှာ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတွေပါဝင်လာတာကလဲ စစ်ကြောင်းကို လိုတာထက်ပိုပြီး ဖွဲ့စည်းပုံပျက်ပြား...
AA ရဲ့လှည့်ကွက်_နဲ့_နစကရဲ့ပရိယာယ်_အားပြိုင်မှုတွေလားAA ရဲ့လှည့်ကွက်_နဲ့_နစကရဲ့ပရိယာယ်_အားပြိုင်မှုတွေလား
AA ရဲ့လှည့်ကွက်_နဲ့_နစကရဲ့ပရိယာယ်_အားပြိုင်မှုတွေလား
Переглядів 32 тис.2 дні тому
#နစက_ဘာလဲ_ဘယ်လဲ AA ရဲ့ ထုတ်ပြန်ချက် (၁၈/၂၀၂၄)က ဝိရောဓိဖြစ်စရာတွေ အများအပြားပါဝင်တာကိုတွေ့ရပါတယ် ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ နစကဖက်က ဘယ်လိုတုန့်ပြန်မလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ။ ဒီထုတ်ပြန်ချက်မှာ ရပ်တည်ချက် စစ်ရေး နိုင်ငံရေးနဲ့ စီးပွားရေးအပါအဝင် အချက် (၆)ချက်ကိုတွေ့ရပြီးတော့ တရုတ်ရဲ့ဦးဆောင်မှုဆိုတဲ့ နိုင်ငံရေးအရ အရိပ်ခိုလှုံမှုတခုကိုထည့်သွင်းဖော်ပြထားတာက ရှေ့အဖွဲ့တွေလိုပါပဲ ။ အဓိကက နိုင်ငံရေးအ...
တာလီဘန်က ပါကစ္စတန်ကို စစ်ကြေညာတာလီဘန်က ပါကစ္စတန်ကို စစ်ကြေညာ
တာလီဘန်က ပါကစ္စတန်ကို စစ်ကြေညာ
Переглядів 6103 дні тому
2024 Afghanistan-Pakistan skirmishes #afghanistan #pakistan #declaration #war #unionnewschannel #htoo_maung #myanmarnews #သတင်း
ရခိုင်မြောက်ပိုင်းအတွက်_သူတို့ဘာတွေသဘောတူခဲ့ကြသလဲရခိုင်မြောက်ပိုင်းအတွက်_သူတို့ဘာတွေသဘောတူခဲ့ကြသလဲ
ရခိုင်မြောက်ပိုင်းအတွက်_သူတို့ဘာတွေသဘောတူခဲ့ကြသလဲ
Переглядів 12 тис.4 дні тому
RSO, ARSA, ARA ရဲ့နော​က်မှာဘယ်သူရှိသလဲ? ရခိုင်မြောက်ပိုင်းကို ၁၉၂၆ ခုနှစ်က ဝင်ရောက်လာကြတဲ့ စစ်တကောင်းဒေသခံတွေက ဘယ်သူတွေလဲ ? သူတို့ဘာတွေသဘောတူခဲ့ကြသလဲ? #HMM #UnionNews 28.Dec.2024 #unionnewschannel #htoo_maung #civilwar #naypyitaw #1027 #china #myanmarnews #သတင်း #နိုင်ငံရေးသတင်းreactions #myanmararmy
ကိုရွှေမျိုးဝင်း_နဲ့_ကိုမင်းအုပ်စိုးတို့ရဲ့_နိုင်ငံရေးစကားဝိုင်းကိုရွှေမျိုးဝင်း_နဲ့_ကိုမင်းအုပ်စိုးတို့ရဲ့_နိုင်ငံရေးစကားဝိုင်း
ကိုရွှေမျိုးဝင်း_နဲ့_ကိုမင်းအုပ်စိုးတို့ရဲ့_နိုင်ငံရေးစကားဝိုင်း
Переглядів 6 тис.5 днів тому
တပ်မတော်ကာကွယ်ရေးဦးစီးချု​ပ်ဖြစ်ခဲ့မယ်ဆိုရင် ဘာတွေကို လုပ်ဖြစ်မလဲ #unionnewschannel #htoo_maung #civilwar #naypyitaw #china #1027 #myanmarnews #သတင်း #နိုင်ငံရေးသတင်းreactions #myanmararmy
နပခ (အမ်း) မှတ်တမ်းထွက်ပေါ်လာနပခ (အမ်း) မှတ်တမ်းထွက်ပေါ်လာ
နပခ (အမ်း) မှတ်တမ်းထွက်ပေါ်လာ
Переглядів 4,6 тис.5 днів тому
နစကအနာဂတ် ဘယ်လိုရှိသလဲ နပခ (အမ်း)က စက်တင်ဘာ (၂၆)ရက်နေ့မှာ မဲတောင်ဗျူဟာစခန်းကုန်းတွေကနေ စတင်တိုက်ခိုက်ခံခဲ့ရပါတယ် ။ တိုက်ပွဲကာလ (၃)လနီးပါးကြာမြင့်ခဲ့ပြီး လက်-နက်/ခဲ=ယမ်း စားနပ်ရိက္ခာပြတ်လပ်မှုတွေကြောင့် မြေပြင်တပ်တွေ လက်နက်ချခဲ့ရတယ် ။ စစ်ကူတွေအကြိမ်ကြိမ်ပို့လွတ်ခဲ့ပေမယ့် စီမံခန့်ခွဲမှုညံ့ဖျင်းလွန်းတာကြောင့် Ambush လုပ်ခံရပြီး တပ်တွေဟာ Over run ဖြစ်ကုန်ခဲ့ရပါတယ် ။ လေကြောင်းထောက်ပို့မှုတွေကလဲ မြေပ...
ဖမ်းဆိီးခံရတဲ့_နပခ_တိုင်းဦးစီးချုပ်ပြောတဲ့စကား (စိုးရိမ်စရာဖြစ်လာ)ဖမ်းဆိီးခံရတဲ့_နပခ_တိုင်းဦးစီးချုပ်ပြောတဲ့စကား (စိုးရိမ်စရာဖြစ်လာ)
ဖမ်းဆိီးခံရတဲ့_နပခ_တိုင်းဦးစီးချုပ်ပြောတဲ့စကား (စိုးရိမ်စရာဖြစ်လာ)
Переглядів 1,6 тис.5 днів тому
#unionnewschannel #htoo_maung #civilwar #naypyitaw #china #1027 #myanmarnews #သတင်း #နိုင်ငံရေးသတင်းreactions #myanmararmy
ကချင်_KIA_Vs_ကိုးကန့်_MNDAA _ကချင်_KIA_Vs_ကိုးကန့်_MNDAA _
ကချင်_KIA_Vs_ကိုးကန့်_MNDAA _
Переглядів 7 тис.6 днів тому
#htoo_maung #unionnewschannel #civilwar #naypyitaw #china #myanmarnews #1027 #သတင်း #myanmararmy #နိုင်ငံရေးသတင်းreactions
ဦးနေဝင်းခေတ်_၁၉၇၅ ခုနှစ်_ခရစ်စမတ်ညမှာ_ဘာတွေဖြစ်ခဲ့သလဲ_?ဦးနေဝင်းခေတ်_၁၉၇၅ ခုနှစ်_ခရစ်စမတ်ညမှာ_ဘာတွေဖြစ်ခဲ့သလဲ_?
ဦးနေဝင်းခေတ်_၁၉၇၅ ခုနှစ်_ခရစ်စမတ်ညမှာ_ဘာတွေဖြစ်ခဲ့သလဲ_?
Переглядів 7196 днів тому
ပြီးခဲ့တဲ့ ၄၉ နှစ်အကြာ (၁၉၇၅) ခုနှစ် ဒီဇင်ဘာ (၂၅) ရက်နေ့ည ည (၈) နာရီဝန်းကျင်အချိန် အင်းယားလိပ်ဟိုတယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက တခု #htoo_maung #civilwar #unionnewschannel #naypyitaw #1027 #china #myanmarnews #myanmararmy #သတင်း #နိုင်ငံရေးသတင်းreactions #unionnewschannel
ဖက်ဒရယ်ခေါင်းစဥ်အောက်က_ဗကပ_စံနှုန်းဖက်ဒရယ်ခေါင်းစဥ်အောက်က_ဗကပ_စံနှုန်း
ဖက်ဒရယ်ခေါင်းစဥ်အောက်က_ဗကပ_စံနှုန်း
Переглядів 6 тис.7 днів тому
သူတို့ပြောတဲ့_ဖက်ဒရယ်စံနှုန်းတွေဆိုတာ လက်တွေ့မှာ ပြဒါးတလမ်း သံတလမ်းဖြစ်နေကြတယ် NCA ငြိမ်းချမ်းရေးလမ်းစဥ်တွေ ၂၁ ရာစုပင်လုံညီလာခံတွေကို ကျောခိုင်းခဲ့ကြတာ ဘာကြောင့်ဖြစ်မလဲ #htoo_maung #naypyitaw #civilwar #unionnewschannel #1027 #china #myanmarnews #myanmararmy #သတင်း #နိုင်ငံရေးသတင်းreactions
ပစ်မှတ်ဖြစ်လာတဲ့_နစကရဲ့_ကပစ_စက်ရုံကြီး_၃_ခုပစ်မှတ်ဖြစ်လာတဲ့_နစကရဲ့_ကပစ_စက်ရုံကြီး_၃_ခု
ပစ်မှတ်ဖြစ်လာတဲ့_နစကရဲ့_ကပစ_စက်ရုံကြီး_၃_ခု
Переглядів 10 тис.8 днів тому
#တကယ့်အကျပ်အတည်း_နဲ့_ရင်ဆိုင်ရတော့မယ့်_နစက AA အတွက် နခခ ၅ နပခ (အမ်း)စကခ (၅) ဒေသမှာ အဓိကစစ်မျက်နှာတွေက မရှိသလောက်ဖြစ်သွားပြီဖြစ်တဲ့အတွက် နောက်ဆက်တွဲအနေနဲ့ စ-စ် မျက် နှာ သစ်တွေပေါ်လာပါလိမ့်မယ် ။ စ-စ် မျက် နှာ သစ် လို့ဆိုတဲ့ နေရာမှာ ကိုယ်တိုင်ပါဝင်တိုက်ခိုက်တဲ့ အခြေအနေတရပ်ကိုပဲ ရှေ့ရှုပြီးတော့ ကောက်နုတ် စဥ်းစားလို့မရပါဘူး ။ လက်ဝေခံအဖွဲ့တွေ ဒေသတွင်းအဖွဲ့ငယ်တွေကို စ-စ်ရေးအရ အကူအညီအများအပြားပေးနိုင်တ...
ဗမာချင်း_ခွပ်တဲ့_ပွဲနောက်က_KIAဗမာချင်း_ခွပ်တဲ့_ပွဲနောက်က_KIA
ဗမာချင်း_ခွပ်တဲ့_ပွဲနောက်က_KIA
Переглядів 3 тис.9 днів тому
#htoo_maung #civilwar #naypyitaw #china #myanmarnews #1027 #unionnewschannel #သတင်း #myanmararmy #unionnewschannel
#ဗန်းမော်တိုက်ပွဲ_နောက်ကွယ်က_လက်သည်#ဗန်းမော်တိုက်ပွဲ_နောက်ကွယ်က_လက်သည်
#ဗန်းမော်တိုက်ပွဲ_နောက်ကွယ်က_လက်သည်
Переглядів 10 тис.12 днів тому
#htoo_maung #civilwar #naypyitaw #1027 #china #myanmarnews #သတင်း #myanmararmy #နိုင်ငံရေးသတင်းreactions #unionnewschannel
လားရှိးမြို့ပေါ်က_ပျံသွားတဲ့_Y-20_လေယာဥ်ကြီးလားရှိးမြို့ပေါ်က_ပျံသွားတဲ့_Y-20_လေယာဥ်ကြီး
လားရှိးမြို့ပေါ်က_ပျံသွားတဲ့_Y-20_လေယာဥ်ကြီး
Переглядів 249 тис.12 днів тому
#htoo_maung #civilwar #naypyitaw #china #1027 #myanmarnews #သတင်း #myanmararmy #နိုင်ငံရေးသတင်းreactions #unionnewschannel

КОМЕНТАРІ

  • @nayzawnaing-xm9ry
    @nayzawnaing-xm9ry 3 години тому

    လေတပ်က ပစ်မှတ်တည်နေရာတွေကို တိတိကြကြပစ်ဖို့နဲ့ အချိန်မီ လေယာဉ်တွေ ရောက်လာပြီးပစ်ဖို့အဆင့်သင့်ရှိနေဖို့လိုပါတယ် ရခိုင်မှာဆိုရေကြောင်းကကမ်းထိုးယာဉ်တွေနဲ့ ကျားတက်ထိုးပြီးသုံးဘက်စစ်ဆင်ရေးတွေလုပ်ရင် သူပုန်တွေဘယ်ခံနိုင်မှာလဲ

  • @ThanZawOo-rm8oi
    @ThanZawOo-rm8oi 5 годин тому

    အသားလိုလို့အရိုးတောင်ညံစင်နေတာ

  • @monmon-g7y
    @monmon-g7y 6 годин тому

    အငုံစိတ်ဆိုတာမင်းတိုးလုပ်ထားလိုဖြစ်တာကွသိလားနွာရဲ့သိလားမှတ်ပြိလား

  • @NayTunNaung-o3i
    @NayTunNaung-o3i 6 годин тому

    စစ်တပ်က ကွန်မန်ဒါတွေက နှစ်၃၀လောက်စစ်မတိုက်ခဲ့ရဘူးဆိုတော့ သူပုန်နဲ့ PDFကရော စစ်တိုက်နေရလို့လား PDFဆိုအခုမှပေါ်တာ

  • @thawdar2959
    @thawdar2959 8 годин тому

    စစ်တွေ ကျောက်ဖြူ မာန်အောင်မှာရှိနေတဲ့တပ်မတော်သားတွေကို ငဲ့ညာလို့သာ ကြော်ညာချက်ထွက်လာတာပါ။ဖြစ်လာရင် အဲဒီသုံးမြို့နယ်ကစစ်သားတွေ ပြန်လမ်းမရှိဘူးနော်။

  • @ZawSee-zt6rs
    @ZawSee-zt6rs 9 годин тому

    မညှေအမျိုးတွေဦးဆောင်မှတော့သည်လိုဘဲဖြစ်မှာပါ ဒါကိုများညီပါတယ်ဆိုပြီး သူများခေါင်ပေါင်းအငှါးတောင်းပြီး အနာကြီးကိုဖါနေတာများကွာ ဆိတ်သရေဖြင့်ဆင်ကောင်လုံးကိုဘယ်ငုံမိမှာလဲ မညှေကဘာအင်ဘန်လ ငါ့ညီလေးရဲ့

  • @komyo9827
    @komyo9827 9 годин тому

    မင်း အ ဖေ ပြော တာ လား

  • @UTinPe-o5r
    @UTinPe-o5r 9 годин тому

    မွေးရပ်မြေပြန်ရရေးရိုဟင်ဂျာတွေဘာလုပ်သင့်သလဲ

  • @moeaprilhtun
    @moeaprilhtun 9 годин тому

    ❤❤❤❤❤❤❤❤❤❤🎉🎉🎉🎉🎉🎉🎉🎉🎉🎉၀မ်သာတယ်အာရတယ်

  • @UTinPe-o5r
    @UTinPe-o5r 10 годин тому

    တရုပ်ကကချင်က်ုဘာ့ကြောင့်မထိမ်းချုပ်နိုင်တာလဲတရုပ်နဲ့kiaပေါင်း​ပြီးမြ်န်မာကိုလှဲ့စးနေတာလား

  • @zawmoe-c5e
    @zawmoe-c5e 10 годин тому

    😅

  • @ZawZaw-fl6hi
    @ZawZaw-fl6hi 12 годин тому

    ဟုတ်တာပေါ့

  • @ChitSu-uv8in
    @ChitSu-uv8in 13 годин тому

    sspp က ဝ...တပ်ကိုရှမ်းပြည်တောင်ပိုင်း ရပ်ဆောက်မြို့နယ်ထဲကအုန်းကွဲဆိုတဲ့ရွာမှာအင်အား ၁၀၀ ကျော်ခေါ်သွင်းထားပါတယ်

  • @Unknow-vo4tn
    @Unknow-vo4tn 13 годин тому

    မှန်တယ်အစ်ကို ရပ်စောက် မှာလည်း sspယူနီဖောင်းဝတ်ထညးတဲ့ uwsa အဖွဲ့တွေက တပ်စွဲထားတာ6လကျော်ပြီ စစ်တပ်ရဲ့ 508တပ်ရင်းနဲ့ဆို1မိုင်လောက်ပဲဝေးတယ်

  • @ChoWai-l4h
    @ChoWai-l4h 13 годин тому

    အေအေအကြိုက်ပြောရတာပါမပြောရင်းသတ်ပစ်မှာပေါ့ငကြောက်

  • @ThanminOo-d8n
    @ThanminOo-d8n 13 годин тому

    အင်နဲ့အားနဲ့စစ်ဆင်ဖို့က. တပ်ရင်းတိုင်မှာလူကိုမရှိတော့တာ ဟေ့ လစာသာထုပ်နေကြတာ လူကတော့မရှိတော့တာလေ😂

  • @thadarmyatnoe1261
    @thadarmyatnoe1261 14 годин тому

    ဖြစ်တတ်တဲ့သာဒကလေးတွေနဲ့နိူင်းချင်ပြတာကောင်းပါတယ်သီပေါလိုမဖြစ်ပါစေနဲလိုစုတောင်းပါတယ်

  • @Kozaw-qg7ex
    @Kozaw-qg7ex 15 годин тому

    သုန်းသက်ချက်တေအရမ်ကောင်ပါတယ်

  • @kolwanwai
    @kolwanwai 15 годин тому

    ခုဒုတိယသီပေါဖရဲသီးလိုထင်တယ်အချိန့်ရပြီလုပ်သင့်လုပ်ထိုက်တာမလုပ်ဒါကြည့်ရင်စဥ်းစားပေါ့

  • @UKyawSwe-pf6sp
    @UKyawSwe-pf6sp 16 годин тому

    အလကားပါဗျာ ဦးမင်းအောင်လှိုင်ကိုယ်တိုင်က စစ်နိုင်ချင်တဲ့ အောင်စိတ်မထက်သန်ပါဘူး၊ အရှုံးကိုအရှက်မရှိအပြုံးမပျက် ပွဲတက်မပျက် လက်ခံနေတာက သက်သေပါဘဲ၊ နိုင်ချင်စိတ်ရှိတဲ့သူဆိုလျင် ကိုယ့်ဘက်က ကြည်းရေလေ အမြောက် သံချပ်ကာအစုံ ငွေကြေး အာဏာအဆုံး ပြည့်စုံနေတာကို ထိထိရောက်ရောက်အသုံးချရမှာပေါ့ ။ *ပြည်သူ့စစ်တွေဖွဲ့ခိုင်းပြီး လက်နက်ခဲယမ်းပြည့်စုံအောင်တပ်ဆင်မပေးဘဲ လစ်လျူရှုထားလို့ဒုက္ခရောက်နေတဲ့ပြည်သူ့စစ်ရွာတွေမျက်မြင်ဘဲ၊နစကကိုထောက်ခံမိလို့ဒုက္ခရောက်နေကြရတာနော်။ *အသက်၃၅နှစ်မှ၆၅နှစ်ကြားမြို့ရွာကာကွယ်ရေး/အကြမ်းဘက်နှိမ်နင်းတိုက်ဖျက်ရေးအဖွဲ့တွေခေါ်ပြီး ဘာလက်နက်မှတပ်ဆင်မပေး အသက်မသွင်းဘဲ ထားလို့ ဘယ်မြို့ရွာမှမလုံခြုံဘဲလူသတ် ဓါးပြတိုက် လုယက်ခိုးဆိုးခံနေကြရတာကပြည်သူတွေဘဲ။ အင်္ဂလိပ်+မြန်မာစစ်ပွဲသမိုင်းအရ လက်နက်အင်အား စစ်အင်အားသာလွန်တဲ့အင်္ဂလိပ်ကစစ်နိုင်ခဲ့တာပါ၊အခုလည်း သူပုန်တွေရဲ့ ကြည်းတပ်(ရိုင်ဖယ်/လက်နက်ငယ်)အဖွဲ့တွေထက် တပ်မတော်က အင်အားသာပါတယ်၊လိုအပ်တဲ့ DRONE ,BOMB တွေကိုလည်းတကယ်ဝယ်မယ်ဆိုလျင် လပိုင်းအတွင်း တပ်ရင်းတပ်မအစုံ လုံလောက်အောင်DRONE ရာချီဝယ်ပေးနိုင်ပါတယ်၊သို့သော် တပ်ချုပ်ကြီးကိုယ်၌က ခေတ်သစ်စစ်ရေးအမြင်မရှိဘဲ နိုင်ငံရေးယောင်ယောင် ဘာယောင်ယောင် ယောင်ခြောက်ဆယ်လုပ်နေလို့ စစ်စခန်းတွေ မြို့ရွာတွေအလီလီဆုံးရှုံးနေရတာပါ၊ဒီပုံအတိုင်းဆက်သွားလျင် ၂၀၂၅နှစ်ဟာ မင်းအောင်လှိုင်ရဲ့ဘဝအဆုံးသတ်မယ့်နှစ်ဖြစ်လာနိုင်ပါတယ်၊ အချိန်မီ ပြည်သူ့စစ်တွေကို လက်နက်ခဲယမ်းရိက္ခာပြည့်စုံအောင်ဖြည့်ဆီးပေးမယ်၊ပြည်သူ့လုံခြုံရေးအဖွဲ့တွေကိုလက်နက်တပ်ဆင်ပေးမယ်၊ရခိုင်လို ကြည်းရေလေ ပူးပေါင်းစစ်ဆင်ရေးလုပ်နိုင်တဲ့နယ်မြေကို တပ်အင်အားတစ်သောင်းလောက်နဲ့ ပင်လယ်ပြင်ဘက်က ကမ်းတက်စစ်ဆင်ရေးအစပြုဝင်ရောက်တိုက်ခိုက်မယ်၊‌ေြခလျင်တပ်တွေမှာ Sniper သမားတွေအများအပြားထည့်သုံးမယ်၊တိုက်လေယာဉ်တွေအများအပြား အသုံးပြုပြီး အပြောင်ရှင်းစစ်ဆင်ရေးလုပ်မယ်ဆိုလျင် မိမိစစ်သည်တွေနဲ့ပြည်သူတွေ အားတက်စေနိုင်တဲ့ *အောင်စိတ်ကိုပြန်လည်တည်ဆောက်နိုင်မှာဖြစ်ပါတယ်၊ဟန်ချက်ညီစွာ ဘူးသီးတောင်အောင်းတောဘက်ကလည်း ARSA,RSO အဖွဲ့တွေကိုစစ် ချီတိုက်ခိုက်စေပြီး ဆုံးရှုံးသွားတဲ့ရခိုင်တောင်ပိုင်းနယ်မြေမြို့ရွာတွေကိုပြန်လည်သိမ်းယူသွားရမှာဖြစ်ပါတယ်။

  • @KhamKham-ow5fr
    @KhamKham-ow5fr 16 годин тому

    Fighting တောင်ခမ်းသူရဲကောင်းများ❤❤❤❤❤❤❤❤❤❤❤❤❤

  • @KhamKham-ow5fr
    @KhamKham-ow5fr 16 годин тому

    တောင်ခမ်းနဲ့နခခ ၅ ကမမေ့အပ်တဲ့ထာဝရသူရဲကောင်းစစ်သည်တွေပါ😅😅😅😅😅😅😅😅😅😅😅❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

  • @AYarPhyo-bu9yi
    @AYarPhyo-bu9yi 18 годин тому

    ဘုရားဒကာကြီးရေး တရားပေါက်သွားရင်လဲ ဘုန်းကြီးပဲ၀တ်ပါတော့လား စစ်ပွဲမှာ သနားညှာတာလို့ မရပါ ရန်သူတွေကိုဖင်ပါခံရလိမ့်မည် စဉ်းစားစရာဖရဲသီးတွေလား

  • @Kolin-wh7io
    @Kolin-wh7io 18 годин тому

    လောင်နေတာမအေယိုးက

  • @SwesweAung-ht3wt
    @SwesweAung-ht3wt День тому

    မင်းတကယ်မသိ့တာလား ၊သိ့လျှက်နှင့် မသိချင်ယောင်ဆောင်ပြီးပြောနေတာလား .........? ခေတ်ပျက်မှာ သူဌေး လုပ်ချင်နေတဲ့ စစ်မတိုက်ဘဲ စီးပွားရှာနေတဲ့ အတွင်းသစ်စာဖေါက် လောက်ကောင်တွေ ရှိနေလို့ဘဲ။ လက်ရှိ အကြီးအကဲတွေလည်း သူ့လူတွေကို သူမနိုင်ဘူး 24:43 လို့ပြောရမလား၊ လက်ရှိ အခြေ အနေမှာ အရေးယူဘို့ မသင့်သေးလို့ မသိကျိုးကျွန်ပြုထားသလား ပေါ့ လေ........ ကြည်၊ ရေ ၊လေ သုံးဖွဲ့မှာ တစ်ဖွဲ့ ကတော့ တော်တော် ဟန်ချက်ပျက်တယ် စိတ်မကောင်းစရာ ပါဘဲ။

  • @SwesweAung-ht3wt
    @SwesweAung-ht3wt День тому

    ❤❤❤❤❤❤❤

  • @moonmin-d4h
    @moonmin-d4h День тому

    အမှန်ပါပဲသုံးသပ်ပြတာတွေ❤❤

  • @peaceofmind5915
    @peaceofmind5915 День тому

    အဓိကက ခေါင်းဆောင်က ဗမာ မဟုတ်လို့ ငယ်သားဗမာတွေကို ထိုးေကျွေးနေတာ ခုဖြစ်နေတာ က ဗမာ နဲ့ တိုင်းရင်းသားတွေ တိုက်တဲ့ စစ်ပွဲပဲ ရှင်းရှင်းလေးပဲ

  • @EiNyein-d7o
    @EiNyein-d7o День тому

    2025မှာနိုးထကြမြန်မာတွေ နိုးထကြပါဒို့မြန်မာလို့ပဲရွေးကေါက့်ပွဲကိုကြိုဆိုကြပါစိုဗျား

  • @peaceofmind5915
    @peaceofmind5915 День тому

    ပါတော် မူခေါတ် ကတည်းက စရင် ခု ခေါင်းဆောင် လက်ထက်က အ ဆိုးဝါးဆုံးပဲနော် တစ်မင် တစ်ကာ ဗမာသွေး မပါတဲ့ခေါင်းဆောင်ကြောင့် လက်အောက်ငယ်သား ဗမာတွေ သေကြေ ပြီး ပြည်နယ်တွေကို ရည်ရွယ်ချက်ရှိရှိ ခွဲပေးနေတာ လို့ပဲ ထင်တယ် ရန်ကုန် အစိုးရ ခေါတ်လာမပြော နဲ့ အဲ့ခေါတ် ကတပ်က လဲ ဘာ အသ်အားမှ မရှိဘူး ခုလို ကိုယ့် လက်နက်တွေကို မသုံးပဲ ပေးပြစ် နေတာ မ ဟုတ်ဘူး

  • @EiNyein-d7o
    @EiNyein-d7o День тому

    ရွေးကေါက့်မလုပ်စေချင်တဲ့သူတေဟာ ငါထင်ရာငါလုပ်ချင်ကြတဲ့သူတေက ငါမိုကရေစီဆိုတဲ့ ကိုယ်ထင်ရာကိုယ်လုပ်ပြီးတရားဥပဒေကိုမြက်ကွယ်ပြုလူအတွေကိုစုပြီးငါမိုကရေစီသမားများခင်ဗျာတို့လုပ်ချင်သလိုလုပ်လို့ရမဲ့အထဲလူအလူနတွေပဲဖြစ်မယ်လိုပဲပြော်းချင်ပါတယ်

  • @oppoa-dq1op
    @oppoa-dq1op День тому

    နစက ရဲ့လိုအပ်ချက်တွေ ကိုပြောပြတာ တွေက ပွဲမပြီးသေးတာမို့ ဆက်စောင့်ကြည့် တာပေါ့...နစက ရှုံးလို့ ရှိရင် သူပုန်သိမ်းထားတဲ့နယ်မြေကပြည်သူတွေဘာဖြစ်နိုင်တယ်ဆိုတာလဲပြည်သူတွေသိအောင်သုံးသပ်သင့်ပါတယ်..တပ်မတော်အပေါ်ထောက်ခံအားပေးတဲ့ပြည်သူတွေအပြင် တခြားသူတွေပါသိအောင်သုံးသပ်ပြမှ ပိုကောင်းပါမယ်..

  • @EiNyein-d7o
    @EiNyein-d7o День тому

    မြန်မာပြည်လောက့်ဒီမိုကရေစီ ရတာဗျားလုပ်ချင်တာမှန်သမျှအကုန်လုပ်လိုရနေတာဒီမိုကရေစီ မဟုပ်ဘူးလားဗျာ ရွေးကေါက့်ပွဲသည့်ဒီမိုကရေစီရဲ့အသက်ဆိုတာသိကြရဲ့လား သိပါလျှက့်နဲ့ဘာလို့မဖြစ့်စေချင်တာလည်ဗျာ။

    • @AungKyaw-o1c
      @AungKyaw-o1c 17 годин тому

      သေနတ်ကိုင်တဲ့အရသာ ဆရာမသိဘဲကို ဘယ်လက်နက်ကိုင်မှ သူလူမျိုးအတွက်ဒီမိုနဲ့ လူ့အခွင့်အတွက်တိုက်နေခြင်းမဟုတ်ပါ သူတို့အခွင့်အရေးအတွက်ဆိုတာ သိဖို့လိုတာပေါ့ခေါင်းဆောင်မပြောနဲ့စည်းမဲ့ကမ်းမဲ့ကိုင်တဲ့လက်နက်က. လိုတာရတယ် လိုတရ ပေါ့ အနိမ့်ဆုံးအဆင့်ထိ အဖွဲ့စည်း မရှိတာတောင်ဓမြ တိုက် လုယက် မဒိမ်းလောက်ကအဆင်ပြေပါတယ် အဲ့တာကြောင့် လူ့အခွင့်ရေးထက် သူ့အခွင့်အရေးတွက်တိုက်နေငြိမ်းချမ်းမှာဥပဒေစိုးမိုးမှာရွေးကောက်ပွဲဖြစ်မှာ😊😊😊😊ကြောက်နေတာပေါ့ဗျာ 😊😊😊

  • @EiNyein-d7o
    @EiNyein-d7o День тому

    မြန်မာနှင့်မြန်မာအချင်းချင်းတိုက့်နေမှတော့ မြန်မာ့တပ်မတော်မှမဟုပ်ဘူးဘယ်သူပဲခေါင်ဆောင်ဆောင်စစ့်ပွဲကတော့ကြာမှာပါပဲဗျာ အားလုံးအမြင်မှန်ရမဲ့နေ့သည်ဒို့နိုင်ငံသုများလက့်အောက်ရောက်ခါမှဝမ်းမနည်းကြပါနဲ့မြန်မာတွေသွေးကွဲရင်ခွေးဆွဲမှာပါပဲလို့ပြော်းချင်ပါတယ်ဗျာ။

  • @EiNyein-d7o
    @EiNyein-d7o День тому

    ဒီနေ့ဟာမြန်မာတွေဝမ်းနည်းကြေကွဲရတဲ့နေ့မှာ ပြော်မြူးနေကြတဲ့သူတေအစားချက့်ဖွယ်ကေါင်းလှပါတယ်ဗျာ

  • @htunaungkyaw737
    @htunaungkyaw737 День тому

    အကောင်းမှတ်လို့နားထောင်နေပါတယ် ဒါကအဆင့်မရှိတဲ့ ဘောမကြီးဘဲ

  • @UWin-w4r
    @UWin-w4r День тому

    တိုတိုုပဲပြောမယ်စောက်စံရဘို့ပဲလုပ်နေလို့မညိမ်းချမ်တာပါကွာ

  • @AungKhinSoe-p5r
    @AungKhinSoe-p5r День тому

    ဘယ်တော့မှ ဒီမိုက‌ေရစီစနစ် မထွန်းကားဘူး ့ ကိုယ်တိုင်က ကိုယ်ခံအား ဒီမိုကရေစီစနစ်မရှိလို့ပါ

  • @paingminoo8483
    @paingminoo8483 День тому

    ❤❤မှိုင်းမိနေရင် ဘာကိုမှမသိတော့ဘူး။ သူတို့ စစ်အာဏာရှင်ခေါင်းဆောင်တွေရဲ့ အာဏာမြဲဖို့ အမျိုးဘာသာခုတုံး‌လုပ် သွေးထိုးဝါဒဖြန့်ခံရပြီး မှိုင်းမိနေတာကို သူများတွေမိနေတာလို့ ပြောင်းပြန်အတွေးဝင်နေကြတာ။ သူတို့ခမျာ ကချင်နဲ့လည်းမတည့် ကယားနဲ့လည်းမတည့် ကရင်နဲ့လည်းမတည့် ချင်းနဲ့လည်းမတည့် ရခိုင်နဲ့လည်းမတည့် ရှမ်းနဲ့လည်းမတည့် နောက်ဆုံး ဗမာချင်းတောင် စစ်တပ်မထောက်ခံသူက ပိုများနေတာ ဘာကြောင့်လဲ ဆိုတာ သေခြာ အစွဲကင်းကင်းနဲ့ အဖြေရှာကြည့်ရင် မြင်နိူင်မှာပါ သူတို့ရဲ့စစ်အာဏာရှင်ငပိန်းတွေကို လက်နက်ရောင်းစားနေတဲ့ ရုရှားကလွဲရင် ဘယ်နိူင်ငံကမှလည်း သူတို့စစ်တပ်အဖွဲ့ကို လက်မခံဘူး နောက်ဆုံး သန်းရွှေခေတ်တည်းက နှစ်ပေါင်း30ကျော် အကျိုးစီးပွားအတွက် စစ်တပ်နဲ့ပေါင်းစားနေတဲ့ တရုတ်လိုနိူင်ငံကတောင် သူတို့ဘက် အပြည့်ဝမရှိတော့ဘူး အဲ့ဒါကို တစ်ကမ္ဘာလုံးက အမြင်မှားပီး သူတို့ကပဲ အမှန်ဘက်ကလို့ ပြောင်းပြန်အတွေးဝင်နေတာ။ ကမ္ဘာကျော်အကြမ်းဖက် ဘင်လာဒင်တောင်မှ သူသေတဲ့အထိ သူ့ကိုယ်သူ လူဆိုးလို့မထင်ဘူး။ သူတို့လူမျိုးအတွက် စွန့်လွှတ်ပေးဆပ်နေတယ်လို့ပဲ သေတဲ့ထိ ခံယူသွားတာ

  • @aungaung6354
    @aungaung6354 День тому

    ခုလိုရုပ်သံနားထောင်ရလို့ ကျေးဇူးတင်ပါတယ်

  • @JxCk-j7l
    @JxCk-j7l День тому

    အခူလိုသတင်းတွေတင်ပေးလို့ကျေဇူးတင်ပါတယ

  • @SawMya-l7f
    @SawMya-l7f День тому

    ကောင်းလိုက်တဲ့ဝေဖန်သုံးသပ်ချက်ပါ

  • @AyeMu-t3c
    @AyeMu-t3c День тому

    စစ်တပ်အာပေရသာရှပ်တောင်ရှပ်တယ်

  • @kyawtheintun7050
    @kyawtheintun7050 День тому

    ခွေးမင်အောင်လှိုင်အုပ်ချုပ်နေတာနိုင်ငံပျက်ပြီးသူကျကောင်းစာနေတယ်ခွေးမင်အောင်လှိုင်က

  • @AungAung-l9x5f
    @AungAung-l9x5f День тому

    ညီလေးပြောတာအမှန်ဘဲ..အခုတက်နေတက်အရာရှိတွေကမယာကြောင့်တွေ

  • @maywa5140
    @maywa5140 День тому

    ဆေးမမှီ တော့ ဘူး လို့ပြောခြင်ပါတယ်..

  • @SawThaKhin-p4g
    @SawThaKhin-p4g День тому

    စစ်ပွဲကလုပ်ပွဲဖြစ်ပုံရတယ်ဖြစ်ရပ်တွေကတိုက်ဆိုင်တာမရှိဖူးတပ်မတော်မှာသူလျိုရှိနေပြီအနီးကပ်ပဲရှင်းရှင်းလင်းလင်းသိအောင်လုပ်ကြပါ

  • @MaungAung-f5t
    @MaungAung-f5t День тому

    မင်းအောင်နိုင်မလုပ်နေတာမင်းအောင်နိုင်ကကြူကြူလှစကားနားထောင်နေတာလားမင်းအောင်နိုင်ညံဖျင့်လိုဖြစ်နေတာ

  • @choodreg
    @choodreg День тому

    မဂ်လာပါကောင်းလိုက်တဲ့သတင်းရခီးတွေမျိုးမစစ်တွေကိုအပြတ်သာရှင်း

  • @MaungAung-f5t
    @MaungAung-f5t День тому

    ဒီနေပေါ့12လပိုင်31ရက်နေပေါ့မမေ့ပါဘူးမြန်မာမှန်ရင်ရင်ထဲ့မှာရှိရမှာ