နားဆင်ခံစား နှလုံးသားသို့
နားဆင်ခံစား နှလုံးသားသို့
  • 5
  • 861
လေဆိပ်အလွန် အတွေးနာရီများ (A midnight layover)
အိမ်ပြန်ခရီးစဉ်၏ ခရီးတထောက်နားချိန် လေဆိပ်၏ စောင့်စားနားနေခန်းတွင် လေယာဉ်ကို စောင့်နေသည့်အကြောင်းပုံဖော်ရေးထားပါသည်။ အလျင်တလိုမရှိဘဲ အေးအေးဆေးဆေး ထိုင်စောင့်နေရသည့် layover အချိန်တွင် ကြုံတွေ့ရသည့် မြင်ကွင်း၊ထိုင်နေရသည့် ခန်းမအတွင်းက ခရီးသွားများ ထို့ကဲ့သို့သောတိတ်ဆိတ်ငြိမ်သက်သည့် မြင်ကွင်းများကို ဦးတည်ပုံဖော် ရေးသားထားသည့်အတွက် နားဆင်နေစဉ်အတွင်း တနေ့တာ၏ ပင်ပမ်းမှုစိတ်သောကတွေကို မေ့ပျောက်ပြီး လေဆိပ်ထဲအေးအေးဆေးဆေး ရောက်ရှိနေသကဲ့သို့ ခံစားရမှာ ဖြစ်ပါသည်။ တိတ်ဆိတ်ငြိမ်သက်တဲ့ ညသန်းခေါင်ယံအချိန်တွင် လေဆိပ်၏ စောင့်စားနားနေခန်းအတွင်း၌ ထိုင်နေရင်း နားဆင်သူအနေနဲ့ သွားခဲ့ဖူးသည့် လေယာဉ်ခရီးများကို ပြန်လည် အမှတ်တရရှိစေမှာဖြစ်ပါသည်။ အိပ်မောကျဖို့ ခက်ခဲနေသည်ဆိုပါက ညသန်းခေါင်ယံ layover အချိန်များရဲ့ တိတ်ဆိတ်အေးချမ်းမှုနဲ့အတူ နောက်ထပ်ဆိုက်ရောက်လာမယ့် လေယာဉ်ကို စောင့်စားရင်း အိပ်မောကျသွားမှာလည်း ဖြစ်ပါသည်။
Facebook: PodcastsbyCare
#ရတနာပုံချစ်ကဲ #audiobook #care #bedtimestoriesforgrownups #bedtimestories #selfwritten #layover #airport #sleep #relaxing #myanmaraudiobooks #travel #bedtime #flight
Переглядів: 520

Відео

အမှတ်တရ များစွာဖြင့် ချင်းမိုင်သို့ (A Trip to Chiang Mai)
Переглядів 7521 день тому
အမှတ်တရများစွာဖြင့် ချင်းမိုင်သို့ လို့ အမည်ရတဲ့ ဒီအိပ်ရာဝင် ဝတ္ထုတိုဟာ စိမ်းလန်းစိုပြေတဲ့ ‌တောင်တန်းတွေ၊ သမိုင်းဝင် စေတီ ပုထိုးတွေ၊ ကြွယ်ဝတဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ချင်းမိုင် မြို့ ခရီးစဉ် တခုကို သီကုံးရေးဖွဲ့ထားပါတယ် ခင်ဗျာ၊ နားဆင်သူဟာ ငြိမ့်ညောင်းသာယာတဲ့ ခရီးစဉ် ကို လိုက်ပါခရီးသွားနေရသလို ခံစားလာရမှာ ဖြစ်ပြီး တနေ့တာ ပင်ပမ်းနွမ်းနယ်မှုကို မေ့ပျောက်ပြီး စိတ်ရဲ့ အေးချမ်းမှုကို ရ...
တီးတိုးသောလှိုင်း ငြို့ငြင်သောပင်လယ်
Переглядів 3728 днів тому
ပင်လယ်ရေအောက်ရှိ စုမုဒြာမြို့သို့ မထင်မှတ်ဘဲ အလည်ရောက်ရှိသွားသည့် အကြောင်းကို စိတ်ကူးယဉ် ပုံဖော် ရေးထား ဖတ်ပြ တင်ဆက်ထားပါသည်။ နားဆင် နေသည့် အခါ ပင်လယ်လှိုင်းသံ များ ခံစားနားဆင်နိုင်မည် ဖြစ်သည့် အပြင် ပင်လယ်လှိုင်းများကြား မိမိကိုယ်တိုင်ရောက်ရှိသွားသကဲ့သို့ ခံစားလာရမည် ဖြစ်ပြီး ငြိမ့်ညောင်းသော စာဖတ်သံကြောင့် နားဆင်ရင်း အိပ်ပျော်သွားမည်လည်း ဖြစ်သည်။ #audiobook #bedtimestories #selfwritten #myanma...
ရက်လွန်နေသည့် အမှတ်တရများသို့
Переглядів 888 місяців тому
၁၉၉၀ မျိုးဆက်အတွက် အမှတ်တရများဖြစ်သည့် ကက်ဆက်တိတ်ခွေ၊ ရေးပေးပါစာအုပ်၊ တံဆိပ်ခေါင်း စုဆောင်းခြင်း၊ မြွေဂိမ်း စသည့် အမှတ်တရများကို အမှတ်တရ ပြန်လည် ခံစားနိုင်ရန် ရည်ရွယ်ရေးသား ဖတ်ပြထားပါသည်။ ၁၉၉၀ နှစ်များစီက အမှတ်တရရှိခဲ့သည့် အရာများကို တမ်းတသတိရစေမည်လည်း ဖြစ်ပါသည်။ ၁၉၉၀ နှစ်များစီသို့ ပြန်လည်ရောက်ရှိသွားသည့် ခရီးတခုကဲ့သို့ ပုံဖော်ရေးသားဖတ်ပြထားသဖြင့် အိပ်မရသည့် ညများကို နှစ်ခြိုက်စွာ အိပ်ပျော်စေန...
တောင်တန်းများနှင့် စကားပြောခြင်း
Переглядів 1448 місяців тому
နားဆင်သူကိုယ်တိုင် တောင်တက်ခရီးစဉ်တခုတွင် လိုက်ပါရသကဲ့သို့ ခံစားစေနိုင်ရန် ရေးသား တင်ဆက် ဖတ်ပြထားပါသည်။ တောင်တက်ခရီးကို အခြေပြုလျက် နားဆင်ခံစားသူ ကိုယ်တိုင် တောင်တက် ခရီးစဉ် လိုက်ပါ စီးမြောခံစားရင်း တောင်တက်ရခြင်း၏ ရသအမျိုးမျိုးကို ခံစားစေနိုင်ရန် ရည်ရွယ်တင်ဆက်ထားပါသည်။ ယနေ့ခေတ်သစ် လူနေမှု ဘဝ၏ ရုန်းကုန်လှုပ်ရှားရမှုများမှ လွန်မြောက်ကာ တောင်တက် ခရီးစဉ်တခုကို ကိုယ်တိုင် ပါဝင်တက်နေရသည့်အလား ခံစားလ...